ေတာင္ႀကီးၿမိဳ႕ႏွင့္အနီးဝန္းက်င္မွ ေမြးျမဴေရး လုပ္ငန္းမ်ား ရွမ္းရိုးမေမြးျမဴေရးဇုန္သို႔ ေရႊ႕ေျပာင္းရမည္

ေတာင္ႀကီးၿမိဳ႕ႏွင့္အနီးဝန္းက်င္မွ ေမြးျမဴေရး လုပ္ငန္းမ်ား ရွမ္းရိုးမေမြးျမဴေရးဇုန္သို႔ ေရႊ႕ေျပာင္းရမည္
မတ် 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္တလံုးႀကီးၿမိဳ႕၊ အသံုးေတာ္ေက်းရြာအုပ္စု၊ နမ့္ကြတ္ေက်းရြာအနီး ရွမ္းရိုးမေမြးျမဴေရးဇုန္သို႔ ေတာင္ႀကီးၿမိဳ႕ႏွင့္ အနီးဝန္းက်င္ရိွ ေမြးျမဴေရး လုပ္ငန္းအားလံုး ၂၀၁၇ ခုႏွစ္အတြင္း အၿပီးေရႊ႕ေျပာငး္ရမည္ ျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕မွ (၁၈) မိုင္အကြာရိွသည့္ အဆိုပါေမြးျမဴေရးဇုန္အား ဧက (၅၀၀) ေက်ာ္ခန္႕က်ယ္၀န္းသည့္ ေျမေနရာေပးထားေၾကာင္း ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ဒုတိယလက္ေထာက္ႀကီးၾကပ္ေရးမွဴး ေဒၚစန္းသီတာ ထံမွ သိရသည္။
“ေမြးျမဴေရးဇုန္ကို ေျပာင္းဖို႔ ပိုင္ရွင္ေတြအားလံုးေတာ့ ေျပာထားၿပီးပါၿပီ။ အခုေလာေလာဆယ္ ဇုန္မွာေတာ့ အခုမွ စေမြးျမဴၾကမယ့္ ပိုင္ရွင္ (၆) ဦးရွိပါၿပီ။ ၀က္ေမြးၿခံ တစ္ၿခံပဲ ရွိပါေသးတယ္။ ဆိတ္၊ နို႕စားႏြားေတြက်ေတာ့ အရင္က ေမြးမယ္လို႔ေတာ့ ေျပာထားတာရွိတယ္။ စာရင္းလာေပးထားတာ မရွိဘူး။ ေနာက္ပိုင္း ဆိုရင္ေတာ့ ေမြးတာေတာ့ ေမြးမွာပါ။ ၾကက္ဥေစ်းကြက္ကိုေတာ့ ေမြးျမဴေရးဇုန္ အေနနဲ႔ ေျပာလို႔ မရေသးဘူး။ ေအးသာယာမွာ ဆိုရင္လည္း သူတို႔ ေမြးၾကတာရွိတယ္။ သူတို႔က ေျမေနရာလည္း ယူထားၿပီးၿပီ။ ၂၀၁၇ ဒီဇင္ဘာလအကုန္ထိ ဇုန္မွာ အကုန္ေရႊ႕ရမွာပါ။ တျခားၿမိဳ႕ကေနလာ ေမြးၾကတာေတာ့ မရွိဘူး။ ဒီေနရာက ေတာင္ႀကီးကို ဦးစားေပး လုပ္ထားတာပါ။ ေမြးျမဴေရးနဲ႔ ပတ္သက္တဲ့ စည္းကမ္းခ်က္ေတြလည္း ထုတ္ထားပါတယ္” ဟု ေဒၚစန္းသီတာက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ရွမ္းရိုးမေမြးျမဴေရးဇုန္ ကို ၂၀၁၅ ခုႏွစ္ ဧၿပီလ (၄) ရက္ေန႔တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ သေဘာ ထားခြင့္ျပဳခ်က္ျဖင့္ စတင္ေဆာင္ရြက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ေညာင္ေရႊြမွာလည္း ေမြးျမဴေရးဇုန္ အပိုင္ရွိတယ္။ ေတာင္ႀကီးမွာေတာ့ အခုမွ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတုန္းပါ။ အခုေလာေလာဆယ္ေတာ့ အရင္တုန္းက ၾကက္မေမြးဖူးေသးတဲ့ လူေတြက အဲဒီမွာ လာေမြးၾကတယ္။ ေျမဧကကိုလည္း ယူခ်င္သေလာက္ ေပးပါတယ္။ ေငြကိုေတာ့ သံုးရစ္ခြဲသြင္းရမွာပါ။ ၾကက္ေမြးျမဴေရးမွာက ဥစားၾကက္အဓိက ထားပါတယ္”ဟု ေဒၚစန္းသီတာက ေျပာသည္။

ရွမ္းရိုးမေမြးျမဴေရးဇုန္တြင္ လက္ရိွလုပ္ငန္းလုပ္ကိုင္ေနသည့္ ၾကက္ေမြးျမဴသူ (၆) ဦး ႏွင့္ ၀က္ေမြးျမဴသူ (၁)ဦး သာရွိၿပီး ႏွစ္ကုန္တြင္ လုပ္ငန္းေဖာ္ေဆာင္ရန္ စာရင္းေပးသြင္းထားသူ (၆၈) ဦးရွိေၾကာင္း သိရသည္။

သတင္း - #ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ အသုံးတော်ကျေးရွာအုပ်စု၊ နမ့်ကွတ်ကျေးရွာအနီး ရှမ်းရိုးမမွေးမြူရေးဇုန်သို့ တောင်ကြီးမြို့နှင့် အနီးဝန်းကျင်ရှိ မွေးမြူရေး လုပ်ငန်းအားလုံး ၂၀၁၇ ခုနှစ်အတွင်း အပြီးရွှေ့ပြောငး်ရမည် ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့မှ (၁၈) မိုင်အကွာရှိသည့် အဆိုပါမွေးမြူရေးဇုန်အား ဧက (၅၀၀) ကျော်ခန့်ကျယ်ဝန်းသည့် မြေနေရာပေးထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်စန်းသီတာ ထံမှ သိရသည်။
“မွေးမြူရေးဇုန်ကို ပြောင်းဖို့ ပိုင်ရှင်တွေအားလုံးတော့ ပြောထားပြီးပါပြီ။ အခုလောလောဆယ် ဇုန်မှာတော့ အခုမှ စမွေးမြူကြမယ့် ပိုင်ရှင် (၆) ဦးရှိပါပြီ။ ဝက်မွေးခြံ တစ်ခြံပဲ ရှိပါသေးတယ်။ ဆိတ်၊ နို့စားနွားတွေကျတော့ အရင်က မွေးမယ်လို့တော့ ပြောထားတာရှိတယ်။ စာရင်းလာပေးထားတာ မရှိဘူး။ နောက်ပိုင်း ဆိုရင်တော့ မွေးတာတော့ မွေးမှာပါ။ ကြက်ဥဈေးကွက်ကိုတော့ မွေးမြူရေးဇုန် အနေနဲ့ ပြောလို့ မရသေးဘူး။ အေးသာယာမှာ ဆိုရင်လည်း သူတို့ မွေးကြတာရှိတယ်။ သူတို့က မြေနေရာလည်း ယူထားပြီးပြီ။ ၂၀၁၇ ဒီဇင်ဘာလအကုန်ထိ ဇုန်မှာ အကုန်ရွှေ့ရမှာပါ။ တခြားမြို့ကနေလာ မွေးကြတာတော့ မရှိဘူး။ ဒီနေရာက တောင်ကြီးကို ဦးစားပေး လုပ်ထားတာပါ။ မွေးမြူရေးနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေလည်း ထုတ်ထားပါတယ်” ဟု ဒေါ်စန်းသီတာက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ရှမ်းရိုးမမွေးမြူရေးဇုန် ကို ၂၀၁၅ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ သဘော ထားခွင့်ပြုချက်ဖြင့် စတင်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ညောင်ရွှေမှာလည်း မွေးမြူရေးဇုန် အပိုင်ရှိတယ်။ တောင်ကြီးမှာတော့ အခုမှ အကောင်အထည်ဖော် ဆောင်ရွက်နေတုန်းပါ။ အခုလောလောဆယ်တော့ အရင်တုန်းက ကြက်မမွေးဖူးသေးတဲ့ လူတွေက အဲဒီမှာ လာမွေးကြတယ်။ မြေဧကကိုလည်း ယူချင်သလောက် ပေးပါတယ်။ ငွေကိုတော့ သုံးရစ်ခွဲသွင်းရမှာပါ။ ကြက်မွေးမြူရေးမှာက ဥစားကြက်အဓိက ထားပါတယ်”ဟု ဒေါ်စန်းသီတာက ပြောသည်။

ရှမ်းရိုးမမွေးမြူရေးဇုန်တွင် လက်ရှိလုပ်ငန်းလုပ်ကိုင်နေသည့် ကြက်မွေးမြူသူ (၆) ဦး နှင့် ဝက်မွေးမြူသူ (၁)ဦး သာရှိပြီး နှစ်ကုန်တွင် လုပ်ငန်းဖော်ဆောင်ရန် စာရင်းပေးသွင်းထားသူ (၆၈) ဦးရှိကြောင်း သိရသည်။

သတင်း - #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~