ရွမ္းျပည္နယ္ေျမာက္ပိုင္း တန္႔ယန္းၿမိဳ႕ႏွင့္ "၀" ေဒသ ပန္ဆန္းၿမိဳ႕ၾကား ေနာင္ေခတ္ေက်းရြာရွိ ကိုယ္ထူ ကိုယ္ထ ေက်ာင္းအတြက္ “ဝ”ႏွင့္ ျမန္မာ ႏွစ္ဘာသာသင္ေပးႏုိင္သည့္ ေက်ာင္းဆရာ(၈)ဦး ေခၚယူထားၿပီး အဆိုပါ ဝန္ထမ္းမ်ားအတြက္ လံုၿခံဳေရးတာဝန္ယူထားေၾကာင္း သိရသည္။
“ဒီေဒသက နယ္ေျမေအးခ်မ္းပါတယ္။ လံုၿခံဳေရးအတြက္ ဘာမွစိတ္ပူစရာမရိွတဲ့ ေဒသပါ။ သူတို႔လံုၿခံဳေရး အတြက္လည္း ေဒသက တာဝန္ယူပါတယ္။ လိုအပ္တာကေတာ့ “ဝ”နဲ႔ ျမန္မာစာ ႏွစ္ဘာသာ သင္ႏုိင္တဲ့ ဆရာေတြ လိုအပ္တာပါ။ လတ္တေလာထိ လာေလွ်ာက္တဲ့ဆရာေတြက အျခားဘာသာေတြကို သင္ႏုိင္တာေတြပဲ ေတြ႕ရေသးတယ္”ဟု မက္မန္းမဲဆႏၵနယ္မွ ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီနပ္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ေနာင္ေခတ္ေက်းရြာမွ ကိုယ္ထူ ကိုယ္ထဖြင့္လွစ္ထားသည့္ေက်ာင္းအတြက္ ႏွစ္ဘာသာသင္ၾကားႏုိင္မည့္ ေက်ာင္းဆရာ (၈) ဦးကို အေျခခံလစာ တရုတ္ယြမ္ေငြ (၁၅၀၀) ( ျမန္မာေငြ က်ပ္ ၃သိန္းနီးပါး)ျဖင့္ အလုပ္ေခၚယူထားျခင္းျဖစ္ေၾကာင္း သိရသည္။
“အမ်ိဳးသားဆရာေတြပဲ ေခၚထားတာပါ။ ဆရာမေတြေခၚခ်င္ေပမဲ့ ေနေရးထုိင္ေရး အခက္အခဲ ျဖစ္မွာစိုးလို႔ ဆရာေတြပဲ ေခၚထားတာပါ။ ေက်ာင္းမွာက ေက်ာင္းသားက ရာေက်ာ္ရိွပါတယ္။ မူလတန္း အဆင့္ပါပဲ။ ျမန္မာစာကေတာ့ အစိုးရျပဌာန္း စာအုပ္အတိုင္း သင္ရမွာပါ။ “ဝ”စာေပကေတာ့ ဒီက ထုတ္ထားတဲ့အတုိင္း သင္ရမွာပါ။ ေနေရး ထုိင္ေရး စီစဥ္ေပးမွာပါ”ဟု ဦးညီနပ္က ေျပာသည္။
အလုပ္ေလွ်ာက္ထားလိုသူမ်ားႏွင့္ အေသးစိတ္သိရိွလိုသူမ်ားအေနျဖင့္ ၀၉ ၂၆၀၉၆၁၈၁၁ သို႔ ဆက္သြယ္ ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နှင့် "ဝ" ဒေသ ပန်ဆန်းမြို့ကြား နောင်ခေတ်ကျေးရွာရှိ ကိုယ်ထူ ကိုယ်ထ ကျောင်းအတွက် “ဝ”နှင့် မြန်မာ နှစ်ဘာသာသင်ပေးနိုင်သည့် ကျောင်းဆရာ(၈)ဦး ခေါ်ယူထားပြီး အဆိုပါ ဝန်ထမ်းများအတွက် လုံခြုံရေးတာဝန်ယူထားကြောင်း သိရသည်။
“ဒီဒေသက နယ်မြေအေးချမ်းပါတယ်။ လုံခြုံရေးအတွက် ဘာမှစိတ်ပူစရာမရှိတဲ့ ဒေသပါ။ သူတို့လုံခြုံရေး အတွက်လည်း ဒေသက တာဝန်ယူပါတယ်။ လိုအပ်တာကတော့ “ဝ”နဲ့ မြန်မာစာ နှစ်ဘာသာ သင်နိုင်တဲ့ ဆရာတွေ လိုအပ်တာပါ။ လတ်တလောထိ လာလျှောက်တဲ့ဆရာတွေက အခြားဘာသာတွေကို သင်နိုင်တာတွေပဲ တွေ့ရသေးတယ်”ဟု မက်မန်းမဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
နောင်ခေတ်ကျေးရွာမှ ကိုယ်ထူ ကိုယ်ထဖွင့်လှစ်ထားသည့်ကျောင်းအတွက် နှစ်ဘာသာသင်ကြားနိုင်မည့် ကျောင်းဆရာ (၈) ဦးကို အခြေခံလစာ တရုတ်ယွမ်ငွေ (၁၅၀၀) ( မြန်မာငွေ ကျပ် ၃သိန်းနီးပါး)ဖြင့် အလုပ်ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
“အမျိုးသားဆရာတွေပဲ ခေါ်ထားတာပါ။ ဆရာမတွေခေါ်ချင်ပေမဲ့ နေရေးထိုင်ရေး အခက်အခဲ ဖြစ်မှာစိုးလို့ ဆရာတွေပဲ ခေါ်ထားတာပါ။ ကျောင်းမှာက ကျောင်းသားက ရာကျော်ရှိပါတယ်။ မူလတန်း အဆင့်ပါပဲ။ မြန်မာစာကတော့ အစိုးရပြဌာန်း စာအုပ်အတိုင်း သင်ရမှာပါ။ “ဝ”စာပေကတော့ ဒီက ထုတ်ထားတဲ့အတိုင်း သင်ရမှာပါ။ နေရေး ထိုင်ရေး စီစဉ်ပေးမှာပါ”ဟု ဦးညီနပ်က ပြောသည်။
အလုပ်လျှောက်ထားလိုသူများနှင့် အသေးစိတ်သိရှိလိုသူများအနဖြေင့် ဝ၉ ၂၆၀၉၆၁၈၁၁ သို့ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်