ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ား မွတ္ပံုတင္ေပးျခင္းကို မတ္လ(၁) ရက္ေန႔က စတင္ လုပ္ေဆာင္ေပးေနျခင္း ျဖစ္ေသာ္လည္း ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ အေကာက္ခြန္ ဦးစီးဌာနသို႔ အေၾကာင္းၾကားမႈ ေနာက္က်သျဖင့္ မတ္လ (၈)ရက္ေန႔မွ စတင္ႏုိင္မည္ ျဖစ္ေၾကာင္း သိရသည္။
အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း လုပ္ေဆာင္ေပးမည့္ အဆိုပါ စီမံခ်က္ စတင္သည့္ မတ္လ (၁) ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕ အေကာက္ခြန္ဦးစီးဌာနသို႔ အေၾကာင္းၾကားစာ ေရာက္ရိွျခင္း မရိွသျဖင့္ မစတင္ႏုိင္ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ေနာက္တစ္ပတ္က အေစာဆံုးျဖစ္မွာပါ။ အေကာက္ခြန္က သူတို႔ရံုးခ်ဳပ္မွာ စာမေရာက္ဘူးေျပာေနလို႔ မသိလို႔ မေရာက္လာေသးတဲ့အတြက္ ဒီတစ္ပတ္ကို စတင္မလုပ္ႏိုင္တာပါ။ သူတို႔ေရာက္လာရင္ေတာ့ လာမယ့္တစ္ပတ္ ဗုဒၶဟူးကေန လုပ္ေပးသြားမွာပါ” ဟု ေက်ာက္မဲခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးဝင္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ရွမ္းျပည္နယ္ အတြင္း လိုင္စင္မဲ့ ဆုိင္ကယ္မ်ားအား လိုင္စင္ျပဳလုပ္ေပးမည့္ ေနာက္ဆံုးကာလ သတ္မွတ္ထားျခင္း မရွိေသးဘဲ ေက်ာက္မဲခရိုင္ကုန္းလမ္းပို႔ေဆာင္ေရး ညြန္ၾကားမႈဦးစီးဌာန အေနျဖင့္ မတ္၊ ဧၿပီ လ အတြင္းတြင္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း အဓိကထား ျပဳလုပ္ေပးသြားမည္ျဖစ္ကာ ေမလမွစ၍ မိုးမိတ္ခရိုင္ အတြင္း အဓိကထား လုပ္ေဆာင္သြားရန္ စီစဥ္ထားေၾကာင္း သိရသည္။
“လိုင္စင္မဲ့ ဆိုင္ကယ္ေတြကိုခုလို ရွမ္းျပည္နယ္တစ္ခုလံုးအတြက္ စီမံခ်က္နဲ႔လုပ္ေပးတာက ေကာင္းပါတယ္။ အေျခခံ လူတန္းစားေတြအတြက္ ဆိုင္ကယ္ကိုပဲ ေန႔အားကိုးေနရတဲ့ အတြက္ လိုင္စင္ လုပ္ထားေတာ့ ဖမ္းမွာဆီးမွာ မေၾကာက္ရေတာ့ဘူး။ လိုင္စင္မဲ့ ယာဥ္ေတြ အားလံုးကို ခုလို စနစ္တက် ကိုင္တြယ္ေပးတာ ေကာင္းပါတယ္”ဟု ေက်ာက္မဲေဒသခံတစ္ဦးျဖစ္သည့္ မနန္းမိုးမိုးက ေျပာသည္။
ေက်ာက္မဲၿမိဳ႕ရိွ ကုန္းလမ္းပို႔ေဆာင္ေရးႏွင့္ညႊန္ၾကားမႈဦးစီးဌာန ရံုးတြင္ ဆုိင္ကယ္ အမ်ိဳးအစားအလိုက္ သတ္မွတ္ ဒဏ္ေၾကးမ်ားအား ေၾကညာေပးထားေၾကာငး္ သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်းကို မတ်လ(၁) ရက်နေ့က စတင် လုပ်ဆောင်ပေးနခြေင်း ဖြစ်သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့တွင် အကောက်ခွန် ဦးစီးဌာနသို့ အကြောင်းကြားမှု နောက်ကျသဖြင့် မတ်လ (၈)ရက်နေ့မှ စတင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လုပ်ဆောင်ပေးမည့် အဆိုပါ စီမံချက် စတင်သည့် မတ်လ (၁) ရက်နေ့တွင် ကျောက်မဲမြို့ အကောက်ခွန်ဦးစီးဌာနသို့ အကြောင်းကြားစာ ရောက်ရှိခြင်း မရှိသဖြင့် မစတင်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
“နောက်တစ်ပတ်က အစောဆုံးဖြစ်မှာပါ။ အကောက်ခွန်က သူတို့ရုံးချုပ်မှာ စာမရောက်ဘူးပြောနေလို့ မသိလို့ မရောက်လာသေးတဲ့အတွက် ဒီတစ်ပတ်ကို စတင်မလုပ်နိုင်တာပါ။ သူတို့ရောက်လာရင်တော့ လာမယ့်တစ်ပတ် ဗုဒ္ဓဟူးကနေ လုပ်ပေးသွားမှာပါ” ဟု ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ရှမ်းပြည်နယ် အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးမည့် နောက်ဆုံးကာလ သတ်မှတ်ထားခြင်း မရှိသေးဘဲ ကျောက်မဲခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန အနဖြေင့် မတ်၊ ဧပြီ လ အတွင်းတွင် ကျောက်မဲမြို့နယ်အတွင်း အဓိကထား ပြုလုပ်ပေးသွားမည်ဖြစ်ကာ မေလမှစ၍ မိုးမိတ်ခရိုင် အတွင်း အဓိကထား လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
“လိုင်စင်မဲ့ ဆိုင်ကယ်တွေကိုခုလို ရှမ်းပြည်နယ်တစ်ခုလုံးအတွက် စီမံချက်နဲ့လုပ်ပေးတာက ကောင်းပါတယ်။ အခြေခံ လူတန်းစားတွေအတွက် ဆိုင်ကယ်ကိုပဲ နေ့အားကိုးနေရတဲ့ အတွက် လိုင်စင် လုပ်ထားတော့ ဖမ်းမှာဆီးမှာ မကြောက်ရတော့ဘူး။ လိုင်စင်မဲ့ ယာဉ်တွေ အားလုံးကို ခုလို စနစ်တကျ ကိုင်တွယ်ပေးတာ ကောင်းပါတယ်”ဟု ကျောက်မဲဒေသခံတစ်ဦးဖြစ်သည့် မနန်းမိုးမိုးက ပြောသည်။
ကျောက်မဲမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန ရုံးတွင် ဆိုင်ကယ် အမျိုးအစားအလိုက် သတ်မှတ် ဒဏ်ကြေးများအား ကြေညာပေးထားကြောငး် သိရသည်။
သတင်း - နဖြေိုးမြင့်