အဆိုပါ အခမ်းအနားအား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Myanmar Trillion Group Co.Ltd တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာများမှ စုစုပေါင်းလူဦးရေ (၂၅၀) ကျော် တက်ရောက်ကြသည်။
အဆိုပါ သရုပ်ပြပွဲတွင် မတော်တဆဖြစ်စဉ်များ၊ အထပ်မြင့်အဆောက်အဦများ မီးလောင်မှုတွင် အရေးပေါ် ရှာဖွေကယ်ဆယ်နည်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် အခြေအနေများ တွင် ကြိုတင် ကာကွယ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေး၊ မီးငြှိမ်း သတ်နည်းများကို အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင် နိုင်ရေးများကို သရုပ်ပြဆွေးနွေးကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို