စာသားမဲ့နေသည့် တာချီလိတ်မြို့အ၀င် ဆိုင်းဘုတ်အား (၃)ဘာသာဖြင့် ဖော်ပြရန် အစီအစဉ်ရှိသော်လည်း ညွှန်ကြားထားခြင်း မရှိသေး
စာသားမဲ့နေသည့် တာချီလိတ်မြို့အ၀င် ဆိုင်းဘုတ်အား (၃)ဘာသာဖြင့် ဖော်ပြရန် အစီအစဉ်ရှိသော်လည်း ညွှန်ကြားထားခြင်း မရှိသေး
မတျ 1, 2017
By Tachileik News Agency
မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ ဖြစ်သည့် တာချီလိတ်မြို့၏ မြို့အ၀င် ဆိုင်းဘုတ်အား ဘာသာစကား (၃)မျိုးဖြင့် ဖော်ပြနိုင်ရန် အတွက် ၂၀၁၆ခုနှစ် ဇူလိုင်လအတွင်းက ဆွေးနွေးမှုများ ပြုလုပ်ပြီး သော်လည်း ၂၀၁၇ခုနှစ် မတ်လ အထိ စာသားမဲ့ မြို့ဝင်ဆိုင်းဘုတ်အနေဖြင့်သာ ရှိနေပြီး စာသားရေးသားရန်အတွက် ထပ်မံညွှန်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်အား ဘာသာစကား (၃)မျိုးဖြင့် ရေးသားဖော်ပြရန်အတွက် မြို့နယ်အဆင့်အနေဖြင့် ဆွေးနွေး သဘောတူထားရှိခဲ့ဖူးကြောင်း သိရသည်။
တာချီလိတ်မြို့အ၀င် ဆိုင်းဘုတ်အား ရှမ်းပြည်နယ်၌ ပထမဆုံးအဖြစ် အစိုးရသစ်လက်ထက်တွင် ရှမ်းဘာသာဖြင့် ရေးသားဖော်ပြပြီးနောက် ဒေသခံ တိုင်းရင်းသားများ၏ ဝေဖန်မှုများ ထွက်ပေါ် လာခဲ့ပြီးနောက်တွင် ပြန်လည်၍ ဖယ်ရှားပြီး အဆိုပါ ဆိုင်းဘုတ်အား ပလပ်စတစ်မိုးကာဖြင့် ဖုံးအုပ်ထားရာမှ မီးရှို့ခံရမှုလည်း ဖြစ်ပွားခဲ့သည့်အတွက် ယနေ့အချိန်ထိ စာသား ဖော်ပြခြင်း မရှိသော်လည်း အနီးရှိ မြို့အ၀င်မုဒ်ဦးတွင် ရှမ်းပြည်နယ် တာချီလိတ်မြို့မှ နှုတ်ခွန်းဆက်သပါသည် ဆိုသည့် စာသားအား ဖော်ပြထားရှိသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများမှ ၂၀၁၆ခုနှစ် ဇွန်လ(၂၈)ရက်နေ့က ပြုလုပ်ခဲ့သည့် ပုံမှန် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မြို့အ၀င်ဆိုင်းဘုတ်များအား ရုံးသုံး ဘာသာဖြစ်သည့် မြန်မာဘာသာ အပါအ၀င် တိုင်းရင်းသားဘာသာစာသားများဖြင့် သုံးစွဲခွင့်ကို ကန့်သတ်ထားခြင်း၊ ပိတ်ပင်ထားခြင်း မရှိကြောင်း သိရှိရသည်။
သတင်း - ကိုဇောင်း
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ ဖြစ်သည့် တာချီလိတ်မြို့၏ မြို့အဝင် ဆိုင်းဘုတ်အား ဘာသာစကား (၃)မျိုးဖြင့် ဖော်ပြနိုင်ရန် အတွက် ၂၀၁၆ခုနှစ် ဇူလိုင်လအတွင်းက ဆွေးနွေးမှုများ ပြုလုပ်ပြီး သော်လည်း ၂၀၁၇ခုနှစ် မတ်လ အထိ စာသားမဲ့ မြို့ဝင်ဆိုင်းဘုတ်အနဖြေင့်သာ ရှိနပြေီး စာသားရေးသားရန်အတွက် ထပ်မံညွှန်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ ဘာမှ ထပ်ပြီးတော့ ညွှန်ကြားထားတာ မရှိသေးပါဘူး"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းက ပြောသည်။
အဆိုပါ ဆိုင်းဘုတ်အား ဘာသာစကား (၃)မျိုးဖြင့် ရေးသားဖော်ပြရန်အတွက် မြို့နယ်အဆင့်အနဖြေင့် ဆွေးနွေး သဘောတူထားရှိခဲ့ဖူးကြောင်း သိရသည်။
"အရင်တစ်ခေါက်ကတော့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီး သဘောတူ ဆုံးဖြတ်ထားတာတော့ ရှိတယ် အင်္ဂလိပ်၊ မြန်မာ၊ ရှမ်း (၃)ဘာသာနဲ့ပေါ့၊ မြို့နယ်ကနေတော့ တဆင့် ပြန်လည် တင်ပြသွားပေးမယ်ပြောပါတယ်၊"ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အား ရှမ်းပြည်နယ်၌ ပထမဆုံးအဖြစ် အစိုးရသစ်လက်ထက်တွင် ရှမ်းဘာသာဖြင့် ရေးသားဖော်ပြပြီးနောက် ဒေသခံ တိုင်းရင်းသားများ၏ေဝဖန်မှုများ ထွက်ပေါ် လာခဲ့ပြီးနောက်တွင် ပြန်လည်၍ ဖယ်ရှားပြီး အဆိုပါ ဆိုင်းဘုတ်အား ပလပ်စတစ်မိုးကာဖြင့် ဖုံးအုပ်ထားရာမှ မီးရှို့ခံရမှုလည်း ဖြစ်ပွားခဲ့သည့်အတွက် ယနေ့အချိန်ထိ စာသား ဖော်ပြခြင်း မရှိသော်လည်း အနီးရှိ မြို့အဝင်မုဒ်ဦးတွင် ရှမ်းပြည်နယ် တာချီလိတ်မြို့မှ နှုတ်ခွန်းဆက်သပါသည် ဆိုသည့် စာသားအား ဖော်ပြထားရှိသည်။
"တာချီလိတ်မှာက တိုင်းရင်းသား အစုံအလင် ရှိကြပါတယ်၊ လူဦးရေ အများဆုံးအနေနဲ့ ရှမ်း၊ အာခါ၊ လားဟူ၊ မြန်မာ နဲ့ အခြားတိုင်းရင်းသားတွေလည်း ရှိကြတဲ့အတွက် ကျွန်တော့် အနေနဲ့ဆိုရင်တော့ ဘယ်တိုင်းရင်းသားဖြစ်ဖြစ် သူတို့ရဲ့ ဘာသာစာနဲ့ ဖော်ပြပေးမှာကို လိုလားကြမှာပဲ၊ မဖြစ်သင့်တာတွေ မဖြစ်အောင်ဆိုရင်တော့ မြန်မာ နဲ့ အင်္ဂလိပ်ဆို ရပြီလို့ ထင်ပါတယ်"ဟု ဒေသခံ ဦးစိုင်းရွက်လုံ က ပြောသည်။
စည်ပင်သာယာ၏ ရက်(၁၀၀)စီမံချက်ဖြင့် ရှမ်းပြည်နယ် အတွင်း မြို့နယ်/မြို့များတွင် မြို့သာယာလှပရေး၊ စိမ်းလန်း စိုပြေရေး နှင့် ရေစီးရေလာ ကောင်းမွန်ရေး အတွက် ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ရာတွင် မြို့ဝင် ဆိုင်းဘုတ်များအား ဘာသာစကား (၂)မျိုးဖြင့် သော် လည်းကောင်း၊ ဘာသာစကား (၃)မျိုးဖြင့် သော် လည်းကောင်း ပြုပြင်ပြောင်းလဲ ရေးသားမှုလည်း ရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများမှ ၂၀၁၆ခုနှစ် ဇွန်လ(၂၈)ရက်နေ့က ပြုလုပ်ခဲ့သည့် ပုံမှန် အစည်းအေဝး၏ ဆုံးဖြတ်ချက်အရ မြို့အဝင်ဆိုင်းဘုတ်များအား ရုံးသုံး ဘာသာဖြစ်သည့် မြန်မာဘာသာ အပါအဝင် တိုင်းရင်းသားဘာသာစာသားများဖြင့် သုံးစွဲခွင့်ကို ကန့်သတ်ထားခြင်း၊ ပိတ်ပင်ထားခြင်း မရှိကြောင်း သိရှိရသည်။
သတင်း - ကိုဇောင်း
( ဖော်ပြပါ ပုံများသည် ၂၀၁၇ခုနှစ် မတ်လ(၁)ရက်နေ့ ညနေက ပုံများဖြစ်ပါသည်။ )
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~