ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕မွ ေရွးေဟာင္းေဘာ္ႀကိဳဘုရားပြဲေတာ္တြင္ ယခုႏွစ္ လံုၿခံဳေရး တာဝန္ယူထားသည့္ ပြဲတာဝန္ရိွသူမ်ား အတြက္ ရိုးရာဝတ္စံု အေရာင္တူမ်ား သတ္မွတ္ထားေၾကာင္း သိရသည္။
ႏွစ္စဥ္က်င္းပေလ့ရိွသည့္ ဘုရားပြဲေတာ္အား မတ္လ (၆)ရက္ေန႔မွ (၁၂)ရက္ေန႔အထိ (တေပါင္းလဆန္း ၉ ရက္ေန႔မွ တေပါင္းလျပည့္ေန႔အထိ) က်င္းပေနျခင္းျဖစ္သည္။
ဘုရားပြဲေတာ္ကာလအတြင္း လံုၿခံဳေရးအတြက္ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္ ေက်းရြာအုပ္စုအတြင္းမွ တစ္ရြာလွ်င္ လူငယ္တစ္ဦးႏႈန္းျဖင့္ စုစုေပါင္းအင္အား (၄၀)ခန္႔ျဖင့္ တာဝန္ယူ ေဆာင္ရြက္ေလ့ရိွေၾကာင္း သိရသည္။
ယခင္ႏွစ္မ်ားက လံုၿခံဳေရးတာဝန္ယူသည့္ လူငယ္မ်ားအတြက္ ဝတ္စံုသတ္မွတ္ျခင္း မရိွေသာ္လည္း ယခုႏွစ္တြင္ ေဂါပကအဖြဲ႕ႏွင့္ လံုၿခံဳေရးတာဝန္ယူထားသူအားလံုး ရိုးရာဝတ္စံုအေရာင္တူျဖင့္ သတ္မွတ္ဝတ္ဆင္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေနၿဖိဳးျမင့္
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့မှ ရှေးဟောင်းဘော်ကြိုဘုရားပွဲတော်တွင် ယခုနှစ် လုံခြုံရေး တာဝန်ယူထားသည့် ပွဲတာဝန်ရှိသူများ အတွက် ရိုးရာဝတ်စုံ အရောင်တူများ သတ်မှတ်ထားကြောင်း သိရသည်။
နှစ်စဉ်ကျင်းပလေ့ရှိသည့် ဘုရားပွဲတော်အား မတ်လ (၆)ရက်နေ့မှ (၁၂)ရက်နေ့အထိ (တပေါင်းလဆန်း ၉ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ) ကျင်းပနခြေင်းဖြစ်သည်။
ဘုရားပွဲတော်ကာလအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကျေးရွာအုပ်စုအတွင်းမှ တစ်ရွာလျှင် လူငယ်တစ်ဦးနှုန်းဖြင့် စုစုပေါင်းအင်အား (၄၀)ခန့်ဖြင့် တာဝန်ယူ ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။
ယခင်နှစ်များက လုံခြုံရေးတာဝန်ယူသည့် လူငယ်များအတွက် ဝတ်စုံသတ်မှတ်ခြင်း မရှိသော်လည်း ယခုနှစ်တွင် ဂေါပကအဖွဲ့နှင့် လုံခြုံရေးတာဝန်ယူထားသူအားလုံး ရိုးရာဝတ်စုံအရောင်တူဖြင့် သတ်မှတ်ဝတ်ဆင်ကြခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်