မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္ အထက္စက္ေတာ္ရာအတက္လမ္း သုံးထပ္ေဆာင္ ဗိမၼာန္အနီးတြင္ မတ္လ (၁၂)ရက္ နံနက္ (၁၀)နာရီအခ်ိန္ခန္႔က ဘုရားဖူးယာဥ္ တိမ္းေမွာက္ကာ တစ္ဦးေသဆုံးၿပီး (၆)ဦး ဒဏ္ရာရရွိသြားေၾကာင္း သိရသည္။
“တေပါင္းလျပည့္ေန႔ဆိုေတာ့ ဘုရားဖူး ေတာ္ေတာ္မ်ားတယ္။ ကားေတြကလည္း ျပည့္ၾကပ္ေနေအာင္ တင္ႀကတယ္။ အခုျဖစ္တာက အထက္စက္ေတာ္ရာကို အတက္မွာ ျဖစ္သြားတာ။ အတက္မွာ မတက္ႏိုင္ဘဲ တုံးလုံးလဲသြားတာ” ဟု မင္းဘူး/စကုၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ရင္း ဒုတိယတပ္ရင္းမွဴးတင္ညႊန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ဘုရားဖူးယာဥ္မွာ ေတာင္တြင္းႀကီးမွ ထြက္လာသည့္ လုိက္ထရပ္ ဘုရားဖူးယာဥ္ျဖစ္ၿပီး ဘုရားဖူး ခရီးသည္(၃၀)ခန္႔ တင္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ယာဥ္တိမ္းေမွာက္မႈေၾကာင္႔ ေတာင္တြင္းႀကီးၿမိဳ႕မွ ကိုၾကည္ႏိုင္ဆိုသူမွာ ေနရာတြင္ ေသဆံုးသြားၿပီး က်ား(၃)ဦး၊ မ(၃)ဦး ဒဏ္ရာ ရသြားေၾကာင္း မင္းဘူး/ စကုၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ရင္း ဒုတိယတပ္ရင္းမွဴးတင္ညႊန္႔ထံမွ သိရသည္။
ဒဏ္ရာရသူမ်ားအား ေဆးကုသမွဳခံယူရန္ မင္းဘူးေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မန်းရွှေစက်တော်ဘုရားပွဲတော် အထက်စက်တော်ရာအတက်လမ်း သုံးထပ်ဆောင် ဗိမ္မာန်အနီးတွင် မတ်လ (၁၂)ရက် နံနက် (၁၀)နာရီအချိန်ခန့်က ဘုရားဖူးယာဉ် တိမ်းမှောက်ကာ တစ်ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
“တပေါင်းလပြည့်နေ့ဆိုတော့ ဘုရားဖူး တော်တော်များတယ်။ ကားတွေကလည်း ပြည့်ကြပ်နေအောင် တင်ကြတယ်။ အခုဖြစ်တာက အထက်စက်တော်ရာကို အတက်မှာ ဖြစ်သွားတာ။ အတက်မှာ မတက်နိုင်ဘဲ တုံးလုံးလဲသွားတာ” ဟု မင်းဘူး/စကုမြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်း ဒုတိယတပ်ရင်းမှူးတင်ညွှန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဘုရားဖူးယာဉ်မှာ တောင်တွင်းကြီးမှ ထွက်လာသည့် လိုက်ထရပ် ဘုရားဖူးယာဉ်ဖြစ်ပြီး ဘုရားဖူး ခရီးသည်(၃၀)ခန့် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် တောင်တွင်းကြီးမြို့မှ ကိုကြည်နိုင်ဆိုသူမှာ နေရာတွင် သေဆုံးသွားပြီး ကျား(၃)ဦး၊ မ(၃)ဦး ဒဏ်ရာ ရသွားကြောင်း မင်းဘူး/ စကုမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်း ဒုတိယတပ်ရင်းမှူးတင်ညွှန့်ထံမှ သိရသည်။
ဒဏ်ရာရသူများအား ဆေးကုသမှုခံယူရန် မင်းဘူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
သတင်း - ဖီးနစ်