ရွမ္းျပည္နယ္ စည္ပင္သာယာေရး ဥပေဒသံုးသပ္ရာတြင္ ျပည္သူ႔အသံနားေထာင္ရန္ လႊတ္ေတာ္ေဆြးေႏြး

ရွမ္းျပည္နယ္ စည္ပင္သာယာေရး ဥပေဒသံုးသပ္ရာတြင္ ျပည္သူ႔အသံနားေထာင္ရန္ လႊတ္ေတာ္ေဆြးေႏြး
မတ် 23, 2017
By Tachileik News Agency
ရွမ္းျပည္နယ္ စည္ပင္သာယာေရး ဥပေဒအား ျပန္လည္ သံုးသပ္ျခင္းႏွင့္ နည္းဥပေဒမ်ား ေရးဆြဲရာတြင္ ျပည္သူ႔အသံမ်ားအား နားေထာင္ၿပီး ေရးဆြဲမည္ ဆိုပါက ပိုမိုေကာင္းမြန္သည့္ နည္းဥပေဒ ထြက္ရွိလာမည္ျဖစ္ေၾကာင္း သီေပါၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းစမ္းစမ္းေအး မွ အဆိုတင္သြင္းလိုက္သည္။
“စည္ပင္သာယာေရးဥပေဒဟာ ဥပေဒေတာ့ ရွိထားတယ္။ ဒါေပမယ့္ အေသးစိတ္ လုပ္ထံုးလုပ္နည္း စည္းမ်ဥ္း စည္းကမ္းေတြ မပါတဲ့အတြက္ အခက္အခဲ ျဖစ္ေစပါတယ္။ အတည္ျပဳျပီးတဲ့ ေနာက္ပိုင္းမွာ သက္ဆိုင္ရာ ၀န္ႀကီးဌာနကေန ေရးဆြဲျပီး လႊတ္ေတာ္မွာ ျပန္တင္မွာပါ။ လႊတ္ေတာ္မွာ အတည္ျပဳၿပီးမွ နည္းဥပေဒကိုျပန္လည္ အသံုးျပဳမွာ ျဖစ္ပါတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြလည္း အမ်ားၾကီး ေထာက္ျပသြားတယ္။ နည္းဥေဒ ေတြ ေရးဆြဲေတာ့မယ္ဆိုရင္ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ေထာက္ျပသြားတဲ့ အခ်က္ေတြကို အေလးအနက္ ထည့္သြင္း စဥ္းစားဖို႔လည္း ကၽြန္မ ေတာင္းဆို ခ်င္ပါတယ္” ဟု သီေပါျမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနန္းစမ္းစမ္းေအး ကေျပာသည္။ 
မတ္လ ၂၁ ရက္ေန႔က က်င္းပသည့္ ဒုတိယအႀကိမ္ရွမ္းျပည္နယ္လႊတ္ေတာ္ ပဥၥမပံုမွန္အစည္းအေဝး ( ဒုတိယရက္) တြင္ ၎အဆိုအား တင္သြင္းခဲ့ျခင္းျဖစ္သည္။ 
ရွမ္းျပည္နယ္ စည္ပင္သာယာေရးဥပေဒ (၂၀၁၃ ခုႏွစ္ ၊ရွမ္းျပည္နယ္လြတ္ေတာ္ ဥပေဒအမွတ္ ၊ ၁၀ ) အား ျပန္လည္သံုးသပ္ျခင္းႏွင့္ နည္းဥပေဒမ်ား ေရးဆြဲျပဌာန္းနိုင္ရန္ တိုက္တြန္းျခင္း အဆိုကို သီေပါျမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁)ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနန္းစမ္းစမ္းေအးမွ အဆိုတင္သြင္းျခင္းႏွင့္ ပတ္သက္၍ ကေလာျမိဳ႕နယ္မဲဆႏၵနယ္ အမွတ္ (၂) မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္ ႏွင့္ ရပ္ေစာက္ၿမိဳ႕ မဲဆႏၵနယ္ (၁) မွ ျပည္နယ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္ တို႔က ၎အဆိုအား ေထာက္ခံေဆြးေႏြးခဲ့ေၾကာင္းသိရသည္။ 
“ကၽြန္ေတာ္တို႔ ဒီမွာေဆြးေႏြးတာက ၂၀၁၃ ခုႏွစ္မွာ ဥပေဒက ရွိၿပီးသား။ ၂၀၁၇ မွာဆိုရင္ ၄ ႏွစ္ ရွိျပီ။ အဲဒီအတြက္ နည္းဥပေဒလိုေနတယ္။ လႊတ္ေတာ္တစ္ခုမွာ ဥပေဒ ကိုေရးဆဲြနိုင္တဲ႕ အခြင့္အာဏာ ရွိၿပီးေတာ့ နည္းဥပေဒကိုေတာ့ သက္ဆိုင္ရာ ၀န္ၾကီးဌာနေတြကပဲ ေရးဆြဲေပးရမွာျဖစ္ပါတယ္။ နည္းဥပေဒ မရွိတဲ့အတြက္ေၾကာင့္ လက္ရွိ ရွမ္းျပည္မွာ ၾကံဳေတြ႕ေနရတဲ့ အားနည္းခ်က္ေတြ နည္းဥပေဒမရွိတဲ့ အတြက္ နံပါတ္ ၁ က ၅ ႏွစ္ တစ္ႀကိမ္ စည္ပင္သာယာေရးေကာ္မတီေတြ ဖြဲ႕စည္းတဲ့ အခါမွာ မလိုလားအပ္တဲ့ အျငင္းပြားမႈေတြ ျဖစ္ေပၚေစတယ္။ ညြန္ၾကားခ်က္ေတြကလည္းေရွ႕နဲ႕ေနာက္ ေရာေထြးၿပီးေတာ့ ကၽြန္ေတာ္တို႔ ျပည္သူေတြက နားလည္မႈ ခက္ခဲေနတယ္”ဟု ရပ္ေစာက္ျမိဳ႕မဲဆႏၵနယ္အမွတ္(၁) မွ ျပည္နယ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္ ကေျပာသည္။
ထို႔ျပင္ အဆိုပါ အခက္အခဲမ်ားမွာ ႏွစ္စဥ္ႀကံဳေတြ႔ေနရသည့္ အခက္အခဲမ်ားျဖစ္ၿပီး နည္းဥပေဒအသစ္အား ရွင္းရွင္း လင္းလင္း ျပန္လည္ေရးဆဲြေပးမည္ဆိုပါက စည္ပင္သာယာေရးေကာ္မတီအား ေရြးခ်ယ္မႈျပဳလုပ္ရာတြင္ ျပည္သူမ်ားအေနျဖင့္ ပိုမိုလြယ္ကူစြာ ေရြးခ်ယ္ႏိုင္မည္ျဖစ္ၿပီး အခ်ိဳ႕အပိုင္းမ်ားတြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွလည္း အႀကံျပဳေပးသြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“အဓိက ဦးေဆာင္ရမွာက သက္ဆိုင္ရာ ၀န္ႀကီးေတြက ဌာနအတြင္း အေတြ႕အၾကံဳ ရယ္၊ ဥပေဒပညာရွင္ အၾကံျပဳခ်က္၊ အထူးသျဖင့္ ျပည္သူ႕အသံေတြ နားေထာင္ၿပီးေရးဆြဲမယ္ဆိုရင္ တကယ္ေကာင္းမြန္တဲ႕ နည္းဥပေဒ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ နည္းဥပေဒ မထြက္ရွိတဲ့ အတြက္ေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြမွာေရာ ၿမိဳ႕နယ္ေတြမွာရွိတဲ့ လုပ္ငန္း ေဖာ္ေဆာင္ေနတဲ႕ စည္ပင္သာယာေရး ေကာ္မတီ အဖြဲ႕၀င္ေတြမွာေရာ လုပ္ ပိုင္ခြင့္ေတြ ေပ်ာက္ဆံုးေနပါတယ္။ ဒါေၾကာင့္ အခုျဖစ္ေနတာက ရုပ္ျပတာရွိျပီးေတာ့ အလုပ္လုပ္ လို႔ မရဘူးျဖစ္ေနပါတယ္ “ဟု ရပ္ေစာက္ျမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) မွ ျပည္နယ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္ ကေျပာသည္။
ရွမ္းျပည္နယ္လႊတ္ေတာ္ မွ ရွမ္းျပည္နယ္အစိုးရ ႏွင့္ နည္းဥပေဒေရးဆြဲမည္ဟု လႊတ္ေတာ္တြင္ ကတိကဝတ္ ေပးသြားၿပီးျဖစ္၍ ၊ လႊတ္ေတာ္ ဥကၠဌ မွ ေနာက္တစ္ၾကိမ္ လႊတ္ေတာ္တြင္ က်င္းပမည့္ လႊတ္ေတာ္အစည္းအေ၀းတြင္ အနီးစပ္ဆံုး လႊတ္ေတာ္အား ျပန္လည္ၿပီးတင္ျပရမည္ ဟု ၀န္ႀကီးဌာနသို႔ သတိေပး ေျပာၾကားသြားၿပီးျဖစ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် စည်ပင်သာယာရေး ဥပဒေအား ပြန်လည် သုံးသပ်ခြင်းနှင့် နည်းဥပဒေများ ရေးဆွဲရာတွင် ပြည်သူ့အသံများအား နားထောင်ပြီး ရေးဆွဲမည် ဆိုပါက ပိုမိုကောင်းမွန်သည့် နည်းဥပဒေ ထွက်ရှိလာမည်ဖြစ်ကြောင်း သီပေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး မှ အဆိုတင်သွင်းလိုက်သည်။

“စည်ပင်သာယာရေးဥပဒေဟာ ဥပဒေတော့ ရှိထားတယ်။ ဒါပေမယ့် အသေးစိတ် လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းတွေ မပါတဲ့အတွက် အခက်အခဲ ဖြစ်စေပါတယ်။ အတည်ပြုပြီးတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေ ရေးဆွဲပြီး လွှတ်တော်မှာ ပြန်တင်မှာပါ။ လွှတ်တော်မှာ အတည်ပြုပြီးမှ နည်းဥပဒေကိုပြန်လည် အသုံးပြုမှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း အများကြီး ထောက်ပြသွားတယ်။ နည်းဥဒေ တွေ ရေးဆွဲတော့မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေ ထောက်ပြသွားတဲ့ အချက်တွေကို အလေးအနက် ထည့်သွင်း စဉ်းစားဖို့လည်း ကျွန်မ တောင်းဆို ချင်ပါတယ်” ဟု သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး ကပြောသည်။

မတ်လ ၂၁ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ( ဒုတိယရက်) တွင်၎င်းအဆိုအား တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ (၂၀၁၃ ခုနှစ်၊ရှမ်းပြည်နယ်လွတ်တော် ဥပဒေအမှတ်၊ ၁၀ ) အား ပြန်လည်သုံးသပ်ခြင်းနှင့် နည်းဥပဒေများ ရေးဆွဲပြဌာန်းနိုင်ရန် တိုက်တွန်းခြင်း အဆိုကို သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးမှ အဆိုတင်သွင်းခြင်းနှင့် ပတ်သက်၍ ကလောမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် နှင့် ရပ်စောက်မြို့ မဲဆန္ဒနယ် (၁) မှ ပြည်နယ်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် တို့က၎င်းအဆိုအား ထောက်ခံဆွေးနွေးခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ ဒီမှာဆွေးနွေးတာက ၂၀၁၃ ခုနှစ်မှာ ဥပဒေက ရှိပြီးသား။ ၂၀၁၇ မှာဆိုရင် ၄ နှစ် ရှိပြီ။ အဲဒီအတွက် နည်းဥပဒေလိုနေတယ်။ လွှတ်တော်တစ်ခုမှာ ဥပဒေ ကိုရေးဆွဲနိုင်တဲ့ အခွင့်အာဏာ ရှိပြီးတော့ နည်းဥပဒေကိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကပဲ ရေးဆွဲပေးရမှာဖြစ်ပါတယ်။ နည်းဥပဒေ မရှိတဲ့အတွက်ကြောင့် လက်ရှိ ရှမ်းပြည်မှာ ကြုံတွေ့နေရတဲ့ အားနည်းချက်တွေ နည်းဥပဒေမရှိတဲ့ အတွက် နံပါတ် ၁ က ၅ နှစ် တစ်ကြိမ် စည်ပင်သာယာရေးကော်မတီတွေ ဖွဲ့စည်းတဲ့ အခါမှာ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေတယ်။ ညွန်ကြားချက်တွေကလည်းရှေ့နဲ့နောက် ရောထွေးပြီးတော့ ကျွန်တော်တို့ ပြည်သူတွေက နားလည်မှု ခက်ခဲနေတယ်”ဟု ရပ်စောက်မြို့မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် ကပြောသည်။

ထို့ပြင် အဆိုပါ အခက်အခဲများမှာ နှစ်စဉ်ကြုံတွေ့နေရသည့် အခက်အခဲများဖြစ်ပြီး နည်းဥပဒေအသစ်အား ရှင်းရှင်း လင်းလင်း ပြန်လည်ရေးဆွဲပေးမည်ဆိုပါက စည်ပင်သာယာရေးကော်မတီအား ရွေးချယ်မှုပြုလုပ်ရာတွင် ပြည်သူများအနဖြေင့် ပိုမိုလွယ်ကူစွာ ရွေးချယ်နိုင်မည်ဖြစ်ပြီး အချို့အပိုင်းများတွင် လွှတ်တော်ကိုယ်စားလှယ်များမှလည်း အကြံပြုပေးသွားမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

“အဓိက ဦးဆောင်ရမှာက သက်ဆိုင်ရာ ဝန်ကြီးတွေက ဌာနအတွင်း အတွေ့အကြုံ ရယ်၊ ဥပဒေပညာရှင် အကြံပြုချက်၊ အထူးသဖြင့် ပြည်သူ့အသံတွေ နားထောင်ပြီးရေးဆွဲမယ်ဆိုရင် တကယ်ကောင်းမွန်တဲ့ နည်းဥပဒေ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ နည်းဥပဒေ မထွက်ရှိတဲ့ အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ် တွေမှာရော မြို့နယ်တွေမှာရှိတဲ့ လုပ်ငန်း ဖော်ဆောင်နေတဲ့ စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်တွေမှာရော လုပ် ပိုင်ခွင့်တွေ ပျောက်ဆုံးနေပါတယ်။ ဒါကြောင့် အခုဖြစ်နေတာက ရုပ်ပြတာရှိပြီးတော့ အလုပ်လုပ် လို့ မရဘူးဖြစ်နေပါတယ် “ဟု ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် ကပြောသည်။

ရှမ်းပြည်နယ်လွှတ်တော် မှ ရှမ်းပြည်နယ်အစိုးရ နှင့် နည်းဥပဒေရေးဆွဲမည်ဟု လွှတ်တော်တွင် ကတိကဝတ် ပေးသွားပြီးဖြစ်၍၊ လွှတ်တော် ဥက္ကဌ မှ နောက်တစ်ကြိမ် လွှတ်တော်တွင် ကျင်းပမည့် လွှတ်တော်အစည်းအေဝးတွင် အနီးစပ်ဆုံး လွှတ်တော်အား ပြန်လည်ပြီးတင်ပြရမည် ဟု ဝန်ကြီးဌာနသို့ သတိပေး ပြောကြားသွားပြီးဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~