သတင်း/ဓာတ်ပုံ - ဇွဲမြတ်
“စော်ဘွားဈေးနေ့ သတ်မှတ်ဖို့က တပေါင်းလဆုတ်ရက် အတွင်းဖြစ်ရမယ်။ “စုံ” ရက် မယူဘဲ"မ"ရက် ရွေးရမယ်။ ကျိုင်းတုံမြို့နယ်ထဲက ကတ်တောင်ဈေးနေ့နဲ့ တူရမယ်။ အဲဒီအချက်တွေနဲ့ ကိုက်ညီတဲ့ရက်ကို ဈေးနေ့အဖြစ် သတ်မှတ်ကြတယ်”ဟု ကျိုင်းတုံဒေသခံ ဦးကောင်းမြတ်က ပြောသည်။
ယနေ့တွင် ကျိုင်းတုံမြို့မဈေးကြီးကို ပိတ်ထားပြီး ဈေးကြီးမှ ဈေးသည်များမှာ စော်ဘွားဈေးတွင် လာရောက် ရောင်းချသည့်အပြင် ကျိုင်းတုံလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ ဈေးသို့ တိုင်းရင်းသား ရိုးရာဝတ်စုံများဖြင့် လာရောက်သူများအား ကံစမ်းမဲဖောက်ပေးခြင်း၊ ဖားစည်ကွင်းတွင် တိုင်းရင်းသား အဆိုအကများဖြင့် ဖျော်ဖြခြေင်း၊ ရှမ်းတိုင်းရင်းသား ကလေးငယ်များ၏ ရိုးရာအကများနှင့် ပါလျှံမြို့ တံခါးအနီးတွင် ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော မော်ဒယ်များနှင့် တွဲ၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ထားပေးခြင်းများကို လုပ်ဆောင်ပေးထားသည်ကို တွေ့ရသည်။
တစ်နှစ်တွင် တစ်ရက်သာ ကျရောက်သည့် စော်ဘွားဈေးနေ့တွင် စော်ဘွား သင်္ချိုင်းသို့လာရောက်ပြီး ပူဇော်ဂါရဝပြုသူများကိုလည်း တွေ့ရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်