သဘာဝေဘးအႏၱရာယ္ေၾကာင့္ သီးႏွံမ်ားပ်က္စီး ဆံုးရံႈးခဲ့ရသည့္ မေကြးတိုင္းေဒသႀကီး မင္းဘူးႏွင့္ စကုၿမိဳ႕နယ္မ်ားမွ ေတာင္သူမ်ားအား နိင္ငံေတာ္သမၼတ ရန္ပုံေငြမွ ေထာက္ပ့ံေၾကးေငြ က်ပ္ (၁၅၂,၀၂၀,၀၀၀) အား မတ္လ(၂၃) ရက္ မြန္းလြဲပိုင္းက ေတာင္သူမ်ားကို ေပးအပ္ခဲ့ေၾကာင္း ၿမိဳ႕နယ္ စိုက္ပ်ဳိးေရး ဦးစီးဌာနမွ သိရသည္။
မင္းဘူးႏွင့္ စကုၿမိဳ႕နယ္မ်ားအတြင္း ၂၀၁၆ ခုႏွစ္က သဘာဝေဘး အႏၱရာယ္ ျဖစ္ေပၚခဲ႔ျခင္းေၾကာင့္ ေတာင္သူ (၅,၀၈၃)ဦး၏ ေႏြႏွမ္း(၆,၉၀၂)ဧက၊ မိုးစပါးပ်ဳိး ခင္း(၄၁၇)ဧက၊ မိုးစပါး စိုက္ခင္း (၄၃၀)ဧက၊ မိုးႏွမ္း(၂၃၅)ဧကႏွင့္ မိုးပဲတီစိမ္း(၂၆၃)ဧက ထိခိုက္ ပ်က္စီး ခ့ဲျခင္းျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးဦးစီးဌာန စာရင္းအရ သိရသည္။
“ေႏြႏွမ္း တစ္ဧကကုိ (၁၅,၀၀၀)က်ပ္ႏႈန္း၊ မိုးစပါးပ်ဳိးခင္း ၁ ဧကကုိ က်ပ္ တစ္သိန္းႏႈန္း၊ မိုးစပါး စိုက္ခင္း တစ္ဧက ကို က်ပ္ တစ္ေသာင္းႏႈန္း၊ မိုးႏွမ္းစိုက္ခင္း တစ္ဧကကုိ က်ပ္ (၅,၀၀၀)ႏႈန္းနဲ႔ မိုးပဲတီစိမ္း တစ္ဧကကုိ က်ပ္ (၅,၀၀၀)ႏႈန္း ေထာက္ပံ့ေၾကးေငြ ေပးအပ္သြားမွာပါ” ဟု ၿမိဳ႕နယ္စိုက္ပ်ဳိးေရး ဦးစီးမွဴး ဦးသိန္းႏိုင္ဝင္းက တာခ်ီလိတ္သတငး္ေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ေထာက္ပ့ံေၾကးေငြမ်ားအား ၿမိဳ႕နယ္အဆင့္ ေထာက္ပံ့ေၾကးေငြေပးအပ္ေရး ေကာ္မတီမွ ေက်းရြာအုပ္စု အဆင့္ ေထာက္ပံ့ေၾကးေငြ ေပးအပ္ေရးေကာ္မတီသုိ႔ ေပးအပ္ျခင္းျဖစ္သည္။
“ႏိုင္ငံေတာ္က အခုလုိ ေထာက္ပ့ံေၾကးေငြေပးေတာ႔ ေတာင္သူေတြအတြက္ အဆင္ေျပတာေပါ့ဗ်ာ။ သီးႏွံပ်က္စီး ဆံုးရံွဳးမႈေတြနဲ႔ ၾကံဳေတြ႔ရတဲ႔အခါတိုင္း အခုလိုပဲ ေထာက္ပံ့ေၾကးေငြ ေပးမယ္ဆိုရင္ ကၽြန္ေတာ္တို႔ ေတာင္သူေတြအတြက္ အသက္ရွဴေခ်ာင္တာေပါ႔”ဟု ကိုင္းေတာႀကီးေက်းရြာအုပ္စု ေတာင္သူ ဦးညႊန္႔ဝင္းကေျပာသည္။
ေထာက္ပံ့ေၾကးေငြမ်ားကို ေက်းရြာအုပ္စု(၃၀)ရွိ ေတာင္သူမ်ားထံ သက္ဆိုင္ရာ ေက်းရြာအုပ္စု အဆင့္ ေထာက္ပ့ံေၾကးေငြ ေပးအပ္ေရး ေကာ္မတီအဖြဲ႕မ်ားမ ွတစ္ဆင့္ စနစ္တက် ေပးအပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီး ဆုံးရှုံးခဲ့ရသည့် မကွေးတိုင်းဒေသကြီး မင်းဘူးနှင့် စကုမြို့နယ်များမှ တောင်သူများအား နိင်ငံတော်သမ္မတ ရန်ပုံငွေမှ ထောက်ပံ့ကြေးငွေ ကျပ် (၁၅၂,ဝ၂၀,ဝဝဝ) အား မတ်လ(၂၃) ရက် မွန်းလွဲပိုင်းက တောင်သူများကို ပေးအပ်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မင်းဘူးနှင့် စကုမြို့နယ်များအတွင်း ၂၀၁၆ ခုနှစ်က သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်သူ (၅,ဝ၈၃)ဦး၏ နွေနှမ်း(၆,၉၀၂)ဧက၊ မိုးစပါးပျိုး ခင်း(၄၁၇)ဧက၊ မိုးစပါး စိုက်ခင်း (၄၃၀)ဧက၊ မိုးနှမ်း(၂၃၅)ဧကနှင့် မိုးပဲတီစိမ်း(၂၆၃)ဧက ထိခိုက် ပျက်စီး ခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရ သိရသည်။
“နွေနှမ်း တစ်ဧကကို (၁၅,ဝဝဝ)ကျပ်နှုန်း၊ မိုးစပါးပျိုးခင်း ၁ ဧကကို ကျပ် တစ်သိန်းနှုန်း၊ မိုးစပါး စိုက်ခင်း တစ်ဧက ကို ကျပ် တစ်သောင်းနှုန်း၊ မိုးနှမ်းစိုက်ခင်း တစ်ဧကကို ကျပ် (၅,ဝဝဝ)နှုန်းနဲ့ မိုးပဲတီစိမ်း တစ်ဧကကို ကျပ် (၅,ဝဝဝ)နှုန်း ထောက်ပံ့ကြေးငွေ ပေးအပ်သွားမှာပါ” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက တာချီလိတ်သတငး်အေဂျင်စီသို့ ပြောသည်။
အဆိုပါ ထောက်ပံ့ကြေးငွေများအား မြို့နယ်အဆင့် ထောက်ပံ့ကြေးငွေပေးအပ်ရေး ကော်မတီမှ ကျေးရွာအုပ်စု အဆင့် ထောက်ပံ့ကြေးငွေ ပေးအပ်ရေးကော်မတီသို့ ပေးအပ်ခြင်းဖြစ်သည်။
“နိုင်ငံတော်က အခုလို ထောက်ပံ့ကြေးငွေပေးတော့ တောင်သူတွေအတွက် အဆင်ပြေတာပေါ့ဗျာ။ သီးနှံပျက်စီး ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း အခုလိုပဲ ထောက်ပံ့ကြေးငွေ ပေးမယ်ဆိုရင် ကျွန်တော်တို့ တောင်သူတွေအတွက် အသက်ရှူချောင်တာပေါ့”ဟု ကိုင်းတောကြီးကျေးရွာအုပ်စု တောင်သူ ဦးညွှန့်ဝင်းကပြောသည်။
ထောက်ပံ့ကြေးငွေများကို ကျေးရွာအုပ်စု(၃၀)ရှိ တောင်သူများထံ သက်ဆိုင်ရာ ကျေးရွာအုပ်စု အဆင့် ထောက်ပံ့ကြေးငွေ ပေးအပ်ရေး ကော်မတီအဖွဲ့များမှတစ်ဆင့် စနစ်တကျ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်