ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းမွ စစ္ေဆးမႈမ်ားအား မတ္လဆန္းမွစ၍ တိုးျမႇင့္လုပ္ေဆာင္ေန

ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းမွ စစ္ေဆးမႈမ်ားအား မတ္လဆန္းမွစ၍ တိုးျမႇင့္လုပ္ေဆာင္ေန
မတ် 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕ႏွင့္ (၅) မိုင္ခန္႔အကြာ မူဆယ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ျပည္ေထာင္စု လမ္းမႀကီးေပၚရိွ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းမွ စစ္ေဆးမႈမ်ားအား မတ္လ(၁) ရက္ေန႔မွစ၍ တိုးျမႇင့္ လုပ္ေဆာင္ေနရာ မတ္လ(၃) ရက္ေန႔တြင္ ေက်ာက္စိမ္းမ်ား ထပ္မံ ဖမ္းဆီးရမိေၾကာင္း သိရသည္။

“ မတ္လ (၁) ရက္ေန႔ကေန စၿပီးေတာ့မွ တရားဝင္စစ္ေဆးမႈေတြ လုပ္တာပါ။ စဖြင့္တဲ့ အခ်ိန္ကေန ေဖေဖာ္ဝါရီလထိ သတင္းရတာေလးေတြကိုပဲ နည္းနည္း ဆြဲၾကည့္တာ။ ဂိတ္ဖြင့္ခဲ့တဲ့ အခ်ိန္တိုအတြင္းမွာ ဖမ္းဆီးရမိတာေတာင္ ဒီေလာက္ရွိတယ္ ဆိုေတာ့ ဂိတ္မဖြင့္ခင္တုန္းက အေျခအေနကိုေတာ့ စဥ္းစားၾကည့္ရင္ သိႏိုင္ပါတယ္။ ဒီေန႔ မတ္လ (၃) ရက္ေန႔မွာပဲ ကားတစ္စီး မိထားပါေသးတယ္။ ဆီတိုင္ကီရဲ႕ သံုးပံုႏွစ္ပံုကိုကန္႔ၿပီးေတာ့ ေက်ာက္စိမ္းေတြ တင္လာတယ္။ ဘန္ပါမွာ ေဖာက္ၿပီးေတာ့လည္း ေက်ာက္စိမ္းေတြ သယ္လာတာကို ေတြ႔ရပါတယ္။ အခုစိစစ္ေန တုန္းပါပဲ”ဟု ေရပူစစ္ေဆးေရးစခန္းမွ တာဝန္က် အဖြဲ႔ေခါင္းေဆာင္ အေကာက္ခြန္ ဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

တရားမဝင္ကုန္သြယ္္မႈမ်ားအား ရွာေဖြစစ္ေဆးျခင္းႏွင့္ ပတ္သက္၍ အစီအစဥ္သစ္မ်ားလည္း ရွိထားၿပီး ႏိုင္ငံေတာ္မွ ဘတ္ဂ်က္ကို ေစာင့္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အဖြဲ႔စံုကို ေန႔ခင္းမွာပဲ ဖမ္းခိုင္းၿပီးေတာ့ လံုၿခံဳေရး အေၾကာင္းျပၿပီး ညပိုင္းမွာ ရဲတစ္မ်ိဳးထဲကိုပဲ ထားတာက်ေတာ့ တရားမဝင္ကုန္သြယ္မႈ အတြက္ လာဘ္ေပးလာဘ္ယူ မေပ်ာက္ေသးဘူးလို႔ ထင္တယ္။ သတင္း အတိအက် ရတဲ့ဟာေတြကိုပဲ ဖမ္းမိႏိုင္ေသးတယ္လို႔ ထင္တယ္”ဟု ေရပူစစ္ေဆးေရးဂိတ္ႏွင့္ ပတ္သက္၍ လားရိႈးၿမိဳ႕မွ ကုန္သည္တစ္ဦးက ေျပာသည္။

ေရပူအၿမဲတမ္း စစ္ေဆးေရးဂိတ္ကို စတင္ဖြင့္လွစ္သည့္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ (၁၈) ရက္ေန႔မွ ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႔အထိ ဖမ္းဆီးရမိခဲ့သည့္ တရားမဝင္တင္သြင္းလာသည့္ သစ္၊ ေက်ာက္စိမ္း၊ အဝတ္အထည္၊ အစားအစာ၊ ေအးခဲအသားမ်ား၏ စုစုေပါင္းတန္ဖိုးမွာ က်ပ္သိန္းေပါင္း (၁၂၅၅၇ )ေက်ာ္ရွိေၾကာင္း သိရသည္။

“ေသခ်ာတာကေတာ့ အရင္တုန္းက ( ၁၆ ) ခုေလာက္ရွိတဲ့ ကြင္းလမ္း၊ ပတ္လမ္းေတြက သစ္ပင္ေတြေတာင္ ခင္ဗ်ားတို႔ ကြ်န္ေတာ္တို႔ ေခါင္းေလာက္ ရွိေနၿပီဗ်။ ပတ္လမ္းေတြ မရွိေတာ့ဘူး၊ မသံုးေတာ့ဘူး ဆိုေတာ့ ဂိတ္မဖြင့္ခင္တုန္းက ဒီလမ္းေပၚမွာ သြားခ်င္သလို သြားေနၾကတာေပ့ါဗ်ာ။ ဂိတ္ဖြင့္လိုက္တာနဲ႔ ပတ္သက္လို႔ အဆင္ မေျပတာေတြ ဘာေတြ ေျပာေနၾကတယ္ဆိုရင္လည္း လူအမ်ိဳးမ်ိဳး အေျခအေန အမ်ိဳးမ်ိဳးေပါ့ခင္ဗ်။ ကြ်န္ေတာ္တို႔က တရားမဝင္သယ္လာတဲ့ ကုန္စည္ကိုပဲ ၾကည့္တာပါ။ က်န္တဲ့သူေတြကို လွည့္ေတာင္မၾကည့္ပါဘူး။ သတင္းေပးမယ့္ သူေတြကိုလည္း သတင္းေတြေပးၾကပါလို႔ ေျပာခ်င္ပါတယ္”ဟု ေရပူစစ္ေဆးေရးစခန္းမွတာဝန္က် အဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က ေျပာသည္။

တရားမဝင္ကုန္စည္မ်ားႏွင့္ ပတ္သက္၍ ေရပူအၿမဲတမ္း စစ္ေဆးေရးဂိတ္ Facebook Messenger မွ လည္းေကာင္း၊ ေၾကညာေပးထားသည့္ ဖုန္းနံပါတ္မ်ားသို႔ ဖုန္းဆက္၍ လည္းေကာင္း၊ Viber မွ လည္းေကာင္း တိုင္ၾကားၾကရန္ တိုက္တြန္းထားသည္။

သတင္း - ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နှင့် (၅) မိုင်ခန့်အကွာ မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ စစ်ဆေးမှုများအား မတ်လ(၁) ရက်နေ့မှစ၍ တိုးမြှင့် လုပ်ဆောင်နေရာ မတ်လ(၃) ရက်နေ့တွင် ကျောက်စိမ်းများ ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

“ မတ်လ (၁) ရက်နေ့ကနေ စပြီးတော့မှ တရားဝင်စစ်ဆေးမှုတွေ လုပ်တာပါ။ စဖွင့်တဲ့ အချိန်ကနေ ဖေဖော်ဝါရီလထိ သတင်းရတာလေးတွေကိုပဲ နည်းနည်း ဆွဲကြည့်တာ။ ဂိတ်ဖွင့်ခဲ့တဲ့ အချိန်တိုအတွင်းမှာ ဖမ်းဆီးရမိတာတောင် ဒီလောက်ရှိတယ် ဆိုတော့ ဂိတ်မဖွင့်ခင်တုန်းက အခြေအနေကိုတော့ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဒီနေ့ မတ်လ (၃) ရက်နေ့မှာပဲ ကားတစ်စီး မိထားပါသေးတယ်။ ဆီတိုင်ကီရဲ့ သုံးပုံနှစ်ပုံကိုကန့်ပြီးတော့ ကျောက်စိမ်းတွေ တင်လာတယ်။ ဘန်ပါမှာ ဖောက်ပြီးတော့လည်း ကျောက်စိမ်းတွေ သယ်လာတာကို တွေ့ရပါတယ်။ အခုစိစစ်နေ တုန်းပါပဲ”ဟု ရေပူစစ်ဆေးရေးစခန်းမှ တာဝန်ကျ အဖွဲ့ခေါင်းဆောင် အကောက်ခွန် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

တရားမဝင်ကုန်သွယ်မှုများအား ရှာဖွေစစ်ဆေးခြင်းနှင့် ပတ်သက်၍ အစီအစဉ်သစ်များလည်း ရှိထားပြီး နိုင်ငံတော်မှ ဘတ်ဂျက်ကို စောင့်နခြေင်းဖြစ်ကြောင်း သိရသည်။

“အဖွဲ့စုံကို နေ့ခင်းမှာပဲ ဖမ်းခိုင်းပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ညပိုင်းမှာ ရဲတစ်မျိုးထဲကိုပဲ ထားတာကျတော့ တရားမဝင်ကုန်သွယ်မှု အတွက် လာဘ်ပေးလာဘ်ယူ မပျောက်သေးဘူးလို့ ထင်တယ်။ သတင်း အတိအကျ ရတဲ့ဟာတွေကိုပဲ ဖမ်းမိနိုင်သေးတယ်လို့ ထင်တယ်”ဟု ရေပူစစ်ဆေးရေးဂိတ်နှင့် ပတ်သက်၍ လားရှိုးမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်ကို စတင်ဖွင့်လှစ်သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ ဖမ်းဆီးရမိခဲ့သည့် တရားမဝင်တင်သွင်းလာသည့် သစ်၊ ကျောက်စိမ်း၊ အဝတ်အထည်၊ အစားအစာ၊ အေးခဲအသားများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၁၂၅၅၇ )ကျော်ရှိကြောင်း သိရသည်။

“သေချာတာကတော့ အရင်တုန်းက ( ၁၆ ) ခုလောက်ရှိတဲ့ ကွင်းလမ်း၊ ပတ်လမ်းတွေက သစ်ပင်တွေတောင် ခင်ဗျားတို့ ကျွန်တော်တို့ ခေါင်းလောက် ရှိနပြေီဗျ။ ပတ်လမ်းတွေ မရှိတော့ဘူး၊ မသုံးတော့ဘူး ဆိုတော့ ဂိတ်မဖွင့်ခင်တုန်းက ဒီလမ်းပေါ်မှာ သွားချင်သလို သွားနကြေတာပေါ့ဗျာ။ ဂိတ်ဖွင့်လိုက်တာနဲ့ ပတ်သက်လို့ အဆင် မပြေတာတွေ ဘာတွေ ပြောနကြေတယ်ဆိုရင်လည်း လူအမျိုးမျိုး အခြေအနေ အမျိုးမျိုးပေါ့ခင်ဗျ။ ကျွန်တော်တို့က တရားမဝင်သယ်လာတဲ့ ကုန်စည်ကိုပဲ ကြည့်တာပါ။ ကျန်တဲ့သူတွေကို လှည့်တောင်မကြည့်ပါဘူး။ သတင်းပေးမယ့် သူတွေကိုလည်း သတင်းတွေပေးကြပါလို့ ပြောချင်ပါတယ်”ဟု ရေပူစစ်ဆေးရေးစခန်းမှတာဝန်ကျ အဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က ပြောသည်။

တရားမဝင်ကုန်စည်များနှင့် ပတ်သက်၍ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ် Facebook Messenger မှ လည်းကောင်း၊ ကြေညာပေးထားသည့် ဖုန်းနံပါတ်များသို့ ဖုန်းဆက်၍ လည်းကောင်း၊ Viber မှ လည်းကောင်း တိုင်ကြားကြရန် တိုက်တွန်းထားသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~