တာခ်ီလိတ္တြင္ စည္းကမ္းႏွင့္မညီသည့္ ေရသန္႔လုပ္ငန္း ထက္ဝက္ခန္႔ ရိွေန၍ သတိေပးထား

တာခ်ီလိတ္တြင္ စည္းကမ္းႏွင့္မညီသည့္ ေရသန္႔လုပ္ငန္း ထက္ဝက္ခန္႔ ရိွေန၍ သတိေပးထား
မတ် 5, 2017
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕မွ ေရသန္႔ လုပ္ငန္းမ်ား၏ ထက္ဝက္ခန္႔မွာ စည္းမ်ဥ္း စည္းကမ္းႏွင့္ မညီညြတ္သည့္ အတြက္ တာခ်ီလိတ္ၿမိိဳ႕ ေရသန္႔လုပ္ငန္းရွင္မ်ား အသင္းက သတိေပးထားေၾကာင္း သိရသည္။
“ေရသန္႔ လုပ္ငန္းေတြမွာ မွတ္ပံုတင္ မရိွေသးတာေတြ၊ ေလွ်ာက္ထားဆဲ၊ သက္တမ္းတိုး မက်ေသးတာေတြ ကလည္း ဒီအတုိင္းပဲ ဆက္ထုတ္ေနၾကတယ္။ ေနာက္တစ္ခုက ကိုယ့္အမွတ္ တံဆိပ္ မဟုတ္တဲ့ ေရဘူးခြံေတြကို အသံုးျပဳၿပီး ကိုယ့္စက္ရံုမွာ ျဖည့္တယ္။ ၿပီးေတာ့ အဖံုးပါ ခ်ိတ္ပိတ္ လိုက္တယ္။ ဒီလို လုပ္ျခင္းအားျဖင့္ ေရမသန္႔လို႔ တစ္ခုခုျဖစ္ရင္ အဲဒီပံုးက အမွတ္တံဆိပ္ကိုပဲ လူေတြက သိၾကမယ္ေလ”ဟု တာခ်ီလိတ္ၿမိဳ႕ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးၾကည္ျမင့္က ေျပာသည္။
ေရသန္႔ျဖန္႔သူအခ်ိဳ႕ထံမွ ေရသန္႔လုပ္ငန္းမ်ိဳးစံု အမွတ္တံဆိပ္ပါ ေရဘူးမ်ားအား ေရသန္႔ စက္ရံု အခ်ိဳ႕က ေရျဖည့္ၿပီး ခ်ိတ္ပိတ္ေပး လိုက္သျဖင့္ ေရသန္႔ အရည္ အေသြး အာမခံခ်က္ မရိွျခင္း ကိုလည္း ႀကံဳေနရေၾကာင္း ေရသန္႔ လုပ္ငန္းရွင္မ်ား အသင္းမွ သိရသည္။
“ေရပို႔သူေတြက ကိုယ့္အမွတ္တံဆိပ္ မဟုတ္ေပမယ့္ ေရလည္း လွယ္ မေပးခ်င္ေတာ့ ပံုးလဲၿပီး ယူလာ လုိက္တယ္။ ေရသန္႔ စက္ရံု အေနနဲ႔ကလည္း ကိုယ့္ အမွတ္တံဆိပ္ မဟုတ္ရင္ ခ်ိတ္ပိတ္ဖို႔ မလိုဘူး။ ခ်ိတ္သြားပိတ္တယ္ ဆိုရင္ေတာ့ ဒါက လုပ္ထံုးလုပ္နည္း လြဲသြားတာေပါ့”ဟု ဦးၾကည္ျမင့္က ေျပာသည္။
အဆိုပါ ကိစၥမ်ားႏွင့္ ပတ္သက္၍ ေဖေဖာ္ဝါရီလ အတြင္းက ေရသန္႔လုပ္ငန္းရွင္ အားလံုးကို ေခၚယူ အစည္းအေဝး ျပဳလုပ္ၿပီး သတိေပးထားေသာ္လည္း လုိက္နာမႈ မရိွေသးသျဖင့္ လုပ္ထံုးလုပ္နည္းမ်ား အတုိင္း ဆက္လက္ လုပ္ေဆာင္သြားရန္ စီစဥ္ေနေၾကာင္း သိရသည္။
"ေရသန္႔ လုပ္ငန္းရွင္မ်ားကို ေခၚယူ ေတြ႔ဆံုၿပီးေတာ့ အျပင္မွာ အသံေတြ ထြက္ေနတာေတြနဲ႔ ပတ္သက္ၿပီး ေျပာဆို ေဆြးေႏြးဖို႔ အစီ အစဥ္ေတာ့ ရွိတယ္ ။ ဒါေပမယ့္ ေလာေလာ ဆယ္ေတာ့ ကြ်န္ေတာ္တို႔ ရက္ေတာ့ မသတ္မွတ္ ရေသးဘူး။"ဟု တာခ်ီလိတ္ၿမိဳ႕ ေရသန္႔လုပ္ငန္းရွင္မ်ား အသင္း ဥကၠဌ ဦးၾကည္ျမင့္က ေျပာသည္။
ေရသန္႔ဘူးႀကီးမ်ားအား ျဖစ္သလို အသံုးျပဳကာ ပံုမွားရိုက္သည့္သဖြယ္ ျပဳမႈေနမႈမ်ားႏွင့္ ပတ္သက္၍ လံုး၀ မျဖစ္သင့္ေၾကာင္း လုပ္ငန္းလိုင္စင္ ရရွိထားသည့္ ေရသန္႔ လုပ္ငန္းရွင္ တစ္ဦးက ဆိုသည္။
"ေရသန္႔ေရာင္း သူတိုင္း မဟုတ္ေပမဲ့ တခ်ဳိ႕ေတြ ေရေရာင္းေနၾကတဲ့ အခါ ေတြ႕ေနရတာက ကားတစ္စီးတည္းမွာ ေရသန္႔ အမွတ္တံဆိပ္ မ်ဳိးစံုတင္ထားတာေတြ႕တယ္။ အဖုံးကို ခ်ိတ္ပိတ္ ထားသလိုမ်ဳိးက်ေတာ့ အားလံုး တစ္ပံုစံတည္း ေတာ္ရံု ေရသန္႔ ၀ယ္သံုးသူေတြက ေရဘူးက အမွတ္တံဆိပ္ကိုပဲ ၾကည့္တယ္။ ဒါကေတာ့ ဘယ္က ဆိုတာေပါ့။ အခု တခ်ဳိ႕ေနရာေတြမွာ ျဖစ္ေနတာက  ကြ်န္ေတာ္တို႔ ေရသန္႔ဘူးကို ယူသံုးထားၿပီး သူတို႔ေရသံုးထားတာေတြရွိသလို အဖံုးကိုလည္း ခ်ိတ္ပိတ္ၿပီး ေရာင္းေနတာေတြ ေတြ႕ရတယ္။ ကြ်န္ေတာ္တို႔လည္း ေတြ႕ေတာ့ ေျပာတယ္။ လက္မခံဘူး။ ဒီလို ကိစၥေတြကို သက္ဆိုင္ရာက အျမန္ဆံုး စီမံေဆာင္ရြက္ေပးေစခ်င္ပါတယ္"ဟု လုပ္ငန္းလိုင္စင္ရရွိထားၿပီး အမည္မေဖာ္လိုသည့္ ေရသန္႔ လုပ္ငန္းရွင္ တစ္ဦးက ဆိုသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ေရသန္႔ လုပ္ငန္းေပါင္း (၄၀)ေက်ာ္ရိွသည့္ အနက္ လုပ္ငန္းမွတ္ပံုတင္ ရရွိထားသည္မွာ (၂၀)၀န္းက်င္သာ ရွိေသးၿပီး က်န္ရွိသည္မ်ားမွာ ေလွ်ာက္ထားဆဲႏွင့္ သက္တမ္းတိုးထားၿပီး ခြင့္ျပဳခ်က္ ေစာင့္ေနဆဲအျပင္ သက္တမ္း ထပ္မတိုးသည့္ ေရသန္႔ လုပ္ငန္းမ်ားလည္း ရွိေနသည့္အတြက္ စည္းမ်ဥ္း စည္းကမ္း ႏွင့္ အညီ မေဆာင္ရြက္သည့္ ေရသန္႔ လုပ္ငန္းမ်ားကို အေရးယူသြားရန္လည္း အစီအစဥ္ရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕ ေရသန္႔လုပ္ငန္းရွင္မ်ား အသင္းမွ သိရသည္။
သတင္း - ကိုေဇာင္း
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့မှ ရေသန့် လုပ်ငန်းများ၏ ထက်ဝက်ခန့်မှာ စည်းမျဉ်း စည်းကမ်းနှင့် မညီညွတ်သည့် အတွက် တာချီလိတ်မြို့ ရေသန့်လုပ်ငန်းရှင်များ အသင်းက သတိပေးထားကြောင်း သိရသည်။
“ရေသန့် လုပ်ငန်းတွေမှာ မှတ်ပုံတင် မရှိသေးတာတွေ၊ လျှောက်ထားဆဲ၊ သက်တမ်းတိုး မကျသေးတာတွေ ကလည်း ဒီအတိုင်းပဲ ဆက်ထုတ်နကြေတယ်။ နောက်တစ်ခုက ကိုယ့်အမှတ် တံဆိပ် မဟုတ်တဲ့ ရေဘူးခွံတွေကို အသုံးပြုပြီး ကိုယ့်စက်ရုံမှာ ဖြည့်တယ်။ ပြီးတော့ အဖုံးပါ ချိတ်ပိတ် လိုက်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် ရေမသန့်လို့ တစ်ခုခုဖြစ်ရင် အဲဒီပုံးက အမှတ်တံဆိပ်ကိုပဲ လူတွေက သိကြမယ်လေ”ဟု တာချီလိတ်မြို့ ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်က ပြောသည်။
ရေသန့်ဖြန့်သူအချို့ထံမှ ရေသန့်လုပ်ငန်းမျိုးစုံ အမှတ်တံဆိပ်ပါ ရေဘူးများအား ရေသန့် စက်ရုံ အချို့က ရဖြေည့်ပြီး ချိတ်ပိတ်ပေး လိုက်သဖြင့် ရေသန့် အရည် အသွေး အာမခံချက် မရှိခြင်း ကိုလည်း ကြုံနေရကြောင်း ရေသန့် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
“ရေပို့သူတွေက ကိုယ့်အမှတ်တံဆိပ် မဟုတ်ပေမယ့် ရေလည်း လှယ် မပေးချင်တော့ ပုံးလဲပြီး ယူလာ လိုက်တယ်။ ရေသန့် စက်ရုံ အနေနဲ့ကလည်း ကိုယ့် အမှတ်တံဆိပ် မဟုတ်ရင် ချိတ်ပိတ်ဖို့ မလိုဘူး။ ချိတ်သွားပိတ်တယ် ဆိုရင်တော့ ဒါက လုပ်ထုံးလုပ်နည်း လွဲသွားတာပေါ့”ဟု ဦးကြည်မြင့်က ပြောသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ အတွင်းက ရေသန့်လုပ်ငန်းရှင် အားလုံးကို ခေါ်ယူ အစည်းအဝေး ပြုလုပ်ပြီး သတိပေးထားသော်လည်း လိုက်နာမှု မရှိသေးသဖြင့် လုပ်ထုံးလုပ်နည်းများ အတိုင်း ဆက်လက် လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။
"ရေသန့် လုပ်ငန်းရှင်များကို ခေါ်ယူ တွေ့ဆုံပြီးတော့ အပြင်မှာ အသံတွေ ထွက်နေတာတွေနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးဖို့ အစီ အစဉ်တော့ ရှိတယ်။ ဒါပေမယ့် လောလော ဆယ်တော့ ကျွန်တော်တို့ ရက်တော့ မသတ်မှတ် ရသေးဘူး။"ဟု တာချီလိတ်မြို့ ရေသန့်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကြည်မြင့်က ပြောသည်။
ရေသန့်ဘူးကြီးများအား ဖြစ်သလို အသုံးပြုကာ ပုံမှားရိုက်သည့်သဖွယ် ပြုမှုနေမှုများနှင့် ပတ်သက်၍ လုံးဝ မဖြစ်သင့်ကြောင်း လုပ်ငန်းလိုင်စင် ရရှိထားသည့် ရေသန့် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
"ရေသန့်ရောင်း သူတိုင်း မဟုတ်ပေမဲ့ တချို့တွေ ရေရောင်းနကြေတဲ့ အခါ တွေ့နေရတာက ကားတစ်စီးတည်းမှာ ရေသန့် အမှတ်တံဆိပ် မျိုးစုံတင်ထားတာတွေ့တယ်။ အဖုံးကို ချိတ်ပိတ် ထားသလိုမျိုးကျတော့ အားလုံး တစ်ပုံစံတည်း တော်ရုံ ရေသန့် ဝယ်သုံးသူတွေက ရေဘူးက အမှတ်တံဆိပ်ကိုပဲ ကြည့်တယ်။ ဒါကတော့ ဘယ်က ဆိုတာပေါ့။ အခု တချို့နေရာတွေမှာ ဖြစ်နေတာက ကျွန်တော်တို့ ရေသန့်ဘူးကို ယူသုံးထားပြီး သူတို့ရေသုံးထားတာတွေရှိသလို အဖုံးကိုလည်း ချိတ်ပိတ်ပြီး ရောင်းနေတာတွေ တွေ့ရတယ်။ ကျွန်တော်တို့လည်း တွေ့တော့ ပြောတယ်။ လက်မခံဘူး။ ဒီလို ကိစ္စတွေကို သက်ဆိုင်ရာက အမြန်ဆုံး စီမံဆောင်ရွက်ပေးစေချင်ပါတယ်"ဟု လုပ်ငန်းလိုင်စင်ရရှိထားပြီး အမည်မဖော်လိုသည့် ရေသန့် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
တာချီလိတ်မြို့တွင် ရေသန့် လုပ်ငန်းပေါင်း (၄၀)ကျော်ရှိသည့် အနက် လုပ်ငန်းမှတ်ပုံတင် ရရှိထားသည်မှာ (၂၀)ဝန်းကျင်သာ ရှိသေးပြီး ကျန်ရှိသည်များမှာ လျှောက်ထားဆဲနှင့် သက်တမ်းတိုးထားပြီး ခွင့်ပြုချက် စောင့်နေဆဲအပြင် သက်တမ်း ထပ်မတိုးသည့် ရေသန့် လုပ်ငန်းများလည်း ရှိနေသည့်အတွက် စည်းမျဉ်း စည်းကမ်း နှင့် အညီ မဆောင်ရွက်သည့် ရေသန့် လုပ်ငန်းများကို အရေးယူသွားရန်လည်း အစီအစဉ်ရှိကြောင်း တာချီလိတ်မြို့ ရေသန့်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
သတင်း - ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~