“တစ္ခ်ိဳ႕ေသာ ကုန္ပစၥည္းေတြဆိုရင္ေတာ့ တကယ္ကို စားသံုးဖို႔မသင့္ဘူး။ အခုဆိုရင္ ပိုဆိုးလာတာက FDA ရဲ့ ေထာက္ခံခ်က္မပါရင္ တကယ္ကိုေရာင္းလို႔မရဘူူး။ မိရိုးဖလာ လက္လီလုပ္တဲ့သူေတြအတြက္ကေတာ့ ေရာင္းခ်သူကိုယ္တိုင္ကလည္း နားမလည္ဘူး။ သူမ်ားေတြေရာင္းတဲ့အခ်ိန္မွာ ဒီပစၥည္းဟာ ေရာင္းရတယ္ဆိုရင္ ကိုယ့္ဆိုင္မွာ တင္ေရာင္းလိုက္တယ္။ ေရာင္းသူဘက္ကလည္းသိလာဖို႔ စားသံုးသူေတြဘက္ကလည္း အဓိကဝန္ေဆာင္မႈ ေကာင္းေကာင္းေပးႏိုင္ဖို႔ ဒါေတြကို ျပင္ဆင္ဖို႔အတြက္ အဓိကေဆာင္ရြက္ရတာပါ” ဟု ျမန္မာႏိုင္ငံ လက္လီေရာင္းခ်သူမ်ားအသင္း ဒုတိယ ဥကၠဌ ဦးမ်ဳိးမင္းေအာင္က ေျပာသည္။
အဆိုပါအသင္းသည္ လက္လီလုပ္ငန္းရွင္မ်ားအေနျဖင့္ ဥပေဒမ်ားႏွင့္အညီ လုပ္ငန္းလုပ္ကိုင္ႏိုင္ရန္အတြက္ အေထာက္အကူျဖစ္ေစရန္ ဖြဲ႕စည္းထားျခင္းျဖစ္ၿပီး ရန္ကုန္၊ မႏၱေလးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးမ်ားတြင္ အသင္းမ်ားဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္း သိရသည္။
စည္ပင္သာယာေရးဌာန၊ စားသံုးသူေရးရာဦးစီးဌာန၊ FDA ၊ လက္လီလုပ္ငန္းလုပ္ကိုင္သူမ်ားပါဝင္သည့္ လက္လီေရာင္းခ်သူမ်ားအသင္းကို ၂၀၁၂ ခုႏွစ္ စက္တင္ဘာလတြင္ ရန္ကုန္ၿမိဳ႕တြင္ စတင္ဖြဲ႔စည္းခဲ့ၿပီး တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ ဖြဲ႕စည္းႏုိင္ေရးေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း၊ ဓါတ္ပံု #ႏိုႏို
************
လက်လီရောင်းချသူများအနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ အကာအကွယ်ရရှိရေးနှင့် စားသုံးသူများ အကာအကွယ်ရရှိရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း လက်လီရောင်းချသူများအသင်းကို (၂၇)ရက်နေ့က တောင်ကြီးမြို့တွင် ဖွဲ့စည်းလို်က်ကြောင်း သိရသည်။
“တစ်ချို့သော ကုန်ပစ္စည်းတွေဆိုရင်တော့ တကယ်ကို စားသုံးဖို့မသင့်ဘူး။ အခုဆိုရင် ပိုဆိုးလာတာက FDA ရဲ့ ထောက်ခံချက်မပါရင် တကယ်ကိုရောင်းလို့မရဘူူး။ မိရိုးဖလာ လက်လီလုပ်တဲ့သူတွေအတွက် ကတော့ ရောင်းချသူကိုယ်တိုင်ကလည်း နားမလည်ဘူး။ သူများတွေရောင်းတဲ့အချိန်မှာ ဒီပစ္စည်းဟာ ရောင်းရတယ်ဆိုရင် ကိုယ့်ဆိုင်မှာ တင်ရောင်းလိုက်တယ်။ ရောင်းသူဘက်ကလည်းသိလာဖို့ စားသုံးသူတွေ ဘက်ကလည်း အဓိကဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့ ဒါတွေကို ပြင်ဆင်ဖို့အတွက် အဓိကဆောင်ရွက်ရတာပါ” ဟု မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ဒုတိယ ဥက္ကဌ ဦးမျိုးမင်းအောင်က ပြောသည်။
အဆိုပါအသင်းသည် လက်လီလုပ်ငန်းရှင်များအနေဖြင့် ဥပဒေများနှင့်အညီ လုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် အထောက်အကူဖြစ်စေရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် အသင်းများဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ FDA ၊ လက်လီလုပ်ငန်းလုပ်ကိုင်သူများပါဝင်သည့် လက်လီရောင်းချသူများအသင်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း၊ ဓါတ်ပုံ #နိုနို