ေက်ာင္းမ်ားတြင္ ေဆးလိပ္ကင္းစင္ အသိပညာေပးစတင္ရန္ က်ဳိင္းတံု တာခ်ီလိတ္ခရီးစဥ္တြင္ ရွမ္းျပည္နယ္ လူမႈေရးဝန္ႀကီး တိုက္တြန္း

ေက်ာင္းမ်ားတြင္ ေဆးလိပ္ကင္းစင္ အသိပညာေပးစတင္ရန္ က်ဳိင္းတံု တာခ်ီလိတ္ခရီးစဥ္တြင္ ရွမ္းျပည္နယ္ လူမႈေရးဝန္ႀကီး တိုက္တြန္း
မတ် 3, 2017
By Tachileik News Agency
ေဆးလိပ္ကင္းစင္ နယ္ေျမမ်ားႏွင့္ ပတ္သက္၍ အသိပညာေပး လုပ္ငန္းမ်ားကို လာမည့္ ပညာသင္ႏွစ္တြင္ ရွမ္းျပည္နယ္အတြင္း အေျခခံပညာေက်ာင္းမ်ား၌ စတင္လုပ္ေဆာင္သြားရန္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔၀င္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက က်ိဳင္းတံုၿမိဳ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕ ခရီးစဥ္မ်ား အတြင္း တိုက္တြန္း လုိက္သည္။
ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕မ်ားသို႔ ေရာက္ရိွေနသည့္ လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းသည္  မတ္လ (၃) ရက္ေန႔ ေန႔လယ္က တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာ အုပ္စုရွိ အေျခခံပညာအထက္တန္းေက်ာင္း (မိုင္းကုိး)ႏွင့္ ေဟာင္လိတ္အထက္တန္း ေက်ာင္းမ်ားတြင္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ျဖစ္သည့္ ဦးညီနပ္၊ ဦအားမဲ အပါအ၀င္  ျပည္နယ္ပညာေရးအဖဲြ႔၊ ပညာေရး၀န္ထမ္းမ်ား၊ ရပ္မိရပ္ဖမ်ားျဖင့္ ေတြ႔ဆံုေဆြးေႏြးျခင္းျဖစ္သည္။
ပညာေရးဌာန အေနျဖင့္ ေဒသတြင္း တကၠသိုလ္၀င္တန္း ေအာင္ခ်က္ျမင့္မားေရး၊ လူငယ္မ်ား မူးယစ္ေဆးဝါး ျပႆနာ ကင္းရွင္းေရးအတြက္ လုပ္ေဆာင္ၾကရန္ ဝန္ႀကီးက တိုက္တြန္းလုိက္သည္။
ရွမ္းျပည္နယ္အတြင္း ေဆးလိပ္ကင္းစင္နယ္ေျမမ်ား သတ္မွတ္၍ ဇြန္၊ ဇူလိုင္ႏွင့္ ၾသဂုတ္လမ်ားကို ပညာေပး ကာလအျဖစ္ သတ္မွတ္ၿပီး စက္တင္ဘာလ (၁)ရက္ေန႔မွ စ၍ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
၂၀၀၆ ခုႏွစ္တြင္ ျပဌာန္းခဲ့ေသာ ဥပေဒအရ ေဆးလိပ္ကင္းစင္ တားျမစ္ဧရိယာ အတြင္း ေဆးလိပ္ေသာက္သံုး သူမ်ားအား ဒဏ္ေငြ က်ပ္ငါးေသာင္း၊ တားျမစ္ဧရိယာအတြင္း ေရာင္းခ်သူမ်ားအား ဒဏ္ေငြ က်ပ္ႏွစ္သိန္း အသီးသီး ခ်မွတ္ႏိုင္ေၾကာင္း သိရသည္။
ဓာတ္ပံု - ထက္ပိုင္စိုး


~~~~~~~~⊰❂ unicode ~~~~~~~~

ဆေးလိပ်ကင်းစင် နယ်မြေများနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို လာမည့် ပညာသင်နှစ်တွင် ရှမ်းပြည်နယ်အတွင်း အခြေခံပညာကျောင်းများ၌ စတင်လုပ်ဆောင်သွားရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ ခရီးစဉ်များ အတွင်း တိုက်တွန်း လိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များသို့ ရောက်ရှိနေသည့် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းသည် မတ်လ (၃) ရက်နေ့ နေ့လယ်က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (မိုင်းကိုး)နှင့် ဟောင်လိတ်အထက်တန်း ကျောင်းများတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးညီနပ်၊ ဦအားမဲ အပါအဝင် ပြည်နယ်ပညာရေးအဖွဲ့၊ ပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများဖြင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

ပညာရေးဌာန အနဖြေင့် ဒေသတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး၊ လူငယ်များ မူးယစ်ဆေးဝါး ပြဿနာ ကင်းရှင်းရေးအတွက် လုပ်ဆောင်ကြရန် ဝန်ကြီးက တိုက်တွန်းလိုက်သည်။

ရှမ်းပြည်နယ်အတွင်း ဆေးလိပ်ကင်းစင်နယ်မြေများ သတ်မှတ်၍ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများကို ပညာပေး ကာလအဖြစ် သတ်မှတ်ပြီး စက်တင်ဘာလ (၁)ရက်နေ့မှ စ၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၆ ခုနှစ်တွင် ပြဌာန်းခဲ့သော ဥပဒေအရ ဆေးလိပ်ကင်းစင် တားမြစ်ဧရိယာ အတွင်း ဆေးလိပ်သောက်သုံး သူများအား ဒဏ်ငွေ ကျပ်ငါးသောင်း၊ တားမြစ်ဧရိယာအတွင်း ရောင်းချသူများအား ဒဏ်ငွေ ကျပ်နှစ်သိန်း အသီးသီး ချမှတ်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ထက်ပိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~