အကောင်းဆုံး ဂိုးသမားဆုကို ကျဒယ်အသင်းမှ ချင်းတွင်းဇော်၊ နောက်တန်း အကောင်းဆုံး ကစားသမားဆုကို မြို့သစ်အသင်းမှ လပြည့်၊ အလယ်တန်း အကောင်းဆုံး ကစားသမားဆုကို မြို့သစ်အသင်းမှ ဇော်မင်းသူ၊ ရှေ့တန်းအကောင်းဆုံး ကစားသမားဆုကို ကျဒယ်အသင်းမှ ကျော်ထက်အောင်နှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို မြို့သစ်အသင်းမှ အိုက်ပီးတို့က ရရှိသွားပြီး၊ ဒုတိယဆုရ ကျဒယ် အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုနှင့် ငွေကျပ်သုံးသိန်း၊ ပထမဆုရ မြို့သစ် အသင်းအား တစ်ဦးချင်းရွှေတံဆိပ်ဆု၊ ငွေကျပ်ငါးသိန်းနှင့် ဆုဖလားတို့ကို မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် နှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျင်းပပြီးစီးခဲ့သည့် ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်းနှင့် ဘောလုံးပြိုင်ပွဲများ အတွက် ထောက်ပံ့ငွေကျပ် ၁၄ သိန်းနှင့် အားကစားပစ္စည်းများကို အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝင်း က ပေးအပ်ရာ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးမြင့်တင်က လက်ခံရယူပြီး ဒိုင်လူကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး