မန်ဆူရှမ်းကျောင်းဆရာတော် ဦးပုည၏ ဦးဆောင်မှုဖြင့် ရွှေကြေးစည်လူမှုကူညီရေးအသင်းက မတ်လ (၇) ရက်နေ့ ညနေပိုင်းတွင် တောင်တွင်းကြီး၊ အောင်လံနှင့် ဆင်ပေါင်ဝဲဒေသများမှ ကြံခုတ်လုပ်သား (၂၀၀)ကျော်အား ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည် ပို့ဆောင်နေပြီး မန်ဆူရှမ်းကျောင်းတွင်လည်း စစ်ဘေးရှောင်များ ထပ်မံ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
နေရပ်ဒေသသို့ ပြန်လည် ပို့ဆောင်နေသည့် စစ်ဘေးရှောင်များနှင့် မန်ဆူရှမ်းကျောင်းသို့ ထပ်မံ ရောက်လာသည့် စစ်ဘေးရှောင်များအား နေရပ်ပြန် ပို့နိုင်ရေးအတွက် လားရှိုးမှ မန္တလေးသို့ ကားအကူအညီ အပါအဝင် လိုအပ်သည်များ ကူညီပံ့ပိုးလိုသူများ အနေဖြင့် မန်ဆူရှမ်းကျောင်းသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ဆက်သွယ်ရန်
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ခမ်းဦး
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တိုက်ပွဲကြောင့် လားရှိုးမြို့သို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် လုပ်သား (၅၀၀)ကျော်အား နေရပ်ပြန်ပို့ရန် ကားနှင့် အစားအသောက် ကူညီပံ့ပိုးမှုများ လိုအပ်နေကြောင်း သိရသည်။
ကြံခုတ် လုပ်သား (၂၀၀)ကျော်အား နေရပ်ဒေသများသို့ မတ်လ(၇)ရက် နေ့တွင် ပို့ဆောင်ရန် ပြင်ဆင် နေချိန်တွင် စစ်ရှောင်များ ထပ်တိုး ရောက်လာကြောင်း သိရသည်။
လောက်ကိုင်မြို့တွင် မတ်လ (၆) ရက်နေ့ နံနက် (၂)နာရီခန့်မှစ၍ MNDAA လက်နက်ကိုင်အဖွဲ့က ဝင်ရောက် တိုက်ခိုက်သဖြင့် အဆိုပါ ဒေသတွင် ကြံခုတ်ရန် ရောက်နေသည့် လုပ်သားများမှာ မတ်လ(၇) ရက်နေ့ နံနက် (၁)နာရီခန့်မှစ၍ လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ စတင် ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“အခုပဲ ကားသုံးစီးနဲ့ ထပ်ရောက်လာတယ်။ (၁၂) ဘီး သုံးစီးပေါ့။ လူ (၂၀၀) လောက်တော့ ရှိတယ်ဗျ။ ညပိုင်း ထပ်ရောက်လာမယ့် အခြေအနေမှာရှိတယ်။ အလုပ်သွားလုပ်တဲ့ သူတွဖြေစ်မယ်”ဟု မန်ဆူရှမ်းကျောင်းတွင် စစ်ဘေးရှောင်များအား ကူညီပေးနေသည့် လားရှိုးမြို့ ရွှေကြေးစည်လူမှုကူညီရေး အသင်း ဥက္ကဌ ဦးစိုင်းညီညီဟန်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
မန်ဆူရှမ်းကျောင်းဆရာတော် ဦးပုည၏ ဦးဆောင်မှုဖြင့် ရွှေကြေးစည်လူမှုကူညီရေးအသင်းက မတ်လ (၇) ရက်နေ့ ညနေပိုင်းတွင် တောင်တွင်းကြီး၊ အောင်လံနှင့် ဆင်ပေါင်ဝဲဒေသများမှ ကြံခုတ်လုပ်သား (၂၀၀)ကျော်အား၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည် ပို့ဆောင်နပြေီး မန်ဆူရှမ်းကျောင်းတွင်လည်း စစ်ဘေးရှောင်များ ထပ်မံ ရောက်ရှိနခြေင်းဖြစ်ကြောင်း သိရသည်။
နေရပ်ဒေသသို့ ပြန်လည် ပို့ဆောင်နေသည့် စစ်ဘေးရှောင်များနှင့် မန်ဆူရှမ်းကျောင်းသို့ ထပ်မံ ရောက်လာသည့် စစ်ဘေးရှောင်များအား နေရပ်ပြန် ပို့နိုင်ရေးအတွက် လားရှိုးမှ မန္တလေးသို့ ကားအကူအညီ အပါအဝင် လိုအပ်သည်များ ကူညီပံ့ပိုးလိုသူများ အနဖြေင့် မန်ဆူရှမ်းကျောင်းသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ဆက်သွယ်ရန်
ကိုမောင်မောင်သန်း 095261931
ကိုသန့်ဇင်လှိုင် 09 960780777
ကိုနေမျိုး 09445107887
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ခမ်းဦး