မိုင်းဖြတ်မြို့တွင် MPT ဆင်းကတ်မှတ်ပုံတင်ရန်နှင့် အရောင်းမြှင့်တင်ရေး လုပ်ဆောင်

မိုင်းဖြတ်မြို့တွင် MPT ဆင်းကတ်မှတ်ပုံတင်ရန်နှင့် အရောင်းမြှင့်တင်ရေး လုပ်ဆောင်
မတျ 11, 2017
By Tachileik News Agency
သတင်း/ဓာတ်ပုံ - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဟိုနား (စောမွန်)ကျေးရွာတွင် မတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းက စ၍ MPT ဆင်းကတ် မှတ်ပုံတင်ရန်နှင့် အရောင်းမြှင့်တင်ရေး လုပ်ဆောင် နေကြောင်း သိရသည်။

" MPT ဆင်းကတ် သုံးစွဲသူများ အနေနဲ့ မိမိတို့ အသုံးပြုနေတဲ့ ကတ်တွေကို မှတ်ပုံတင်ထားကြပါ။ မတ်လကုန်မှာ မှတ်ပုံမတင်ရသေးတဲ့ ကတ်များကို ဖျက်သိမ်းပါ့မယ်”ဟု စိန်ပန်းဖူးငုံ ကုမ္ပဏီမှ ဒေါ်သန့်သူဇာဝင်းက ပြောသည်။

အဆိုပါ အရောင်းမြှင့်တင်ရေးပွဲတွင် MPT ဖုန်းလိုင်း အသုံးပြုခြင်းနှင့် အင်တာနက် အသုံးပြုမှုဆိုင်ရာ များအား စိန်ပန်းဖူးငုံကုမ္ပဏီက ရှင်းလင်းပြောကြားကြောင်း သိရသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသည့် မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ အကြီး အကဲများလည်း တက်ရောက်ကြကြောင်း သိရသည်။

မိုင်းဖြတ်မြို့တွင် ဆက်သွယ်ရေး အော်ပရေတာသုံးခုဖြစ်သည့် MPT၊ အော်ရီဒူးနှင့် တယ်လီနောတို့အနက် လတ်တလောတွင် MTPနှင့် အော်ရီဒူးမှာ အသုံးများသည့် ဆက်သွယ်ရေးအော်ပရေတာများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~