တာချီလိတ်မြို့ လွယ်စီတုံကျေးရွာအတွင်း တာချီလိတ် - ဘူးရှီးလမ်း ပေါ်တွင် ယာဉ်သွားယာဉ်လာများ နှင့် ရွာသူရွာသားများ ဖုန်ထူဖုန်ထမှု လျော့နည်းစေရန်အတွက် ပေ(၂၀၀၀)ကျော်ရှိ အဆိုပါလမ်းပေါ်တွင် မတ်လ(၁၉)ရက်နေ့က ရေပက်ဖြန်းခြင်း နှင့် ကျေးရွာအနီးနေ ရွာများတွင် လိုအပ်သည့်ရေများကို ဖြည့်ဆည်း လှူဒါန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးအောင်ဇော်လင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လွယ်စီတုံ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်း၍ အဆိုပါ လမ်းတစ်လျှောက်တွင် ရေဖြန်းပေးခြင်းနှင့် အတူ ရေလှူဒါန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးအောင်ဇော်လင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လွယ်စီတုံ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်း၍ အဆိုပါ လမ်းတစ်လျှောက်တွင် ရဖြေန်းပေးခြင်းနှင့် အတူ ရေလှူဒါန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
လွယ်စတုံသွားလမ်းတစ်လျှောက်သည် ခြောက်သွေ့ရာသီအချိန်များတွင် ဖုန်ထူဖုန်ထမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။