လိြဳင္ေကာ္ႏွင့္ မယ္ေဟာင္ေဆာင္ ႏွစ္ႏိုင္ငံညီအစ္မ ၿမိဳ႕ေတာ္အျဖစ္ လက္မွတ္ေရးထိုးမည္

လိြဳင္ေကာ္ႏွင့္ မယ္ေဟာင္ေဆာင္ ႏွစ္ႏိုင္ငံညီအစ္မ ၿမိဳ႕ေတာ္အျဖစ္ လက္မွတ္ေရးထိုးမည္
မတ် 7, 2017
By Tachileik News Agency
ျမန္မာႏိုင္ငံ ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ ခရိုင္၊ မယ္ေဟာင္ေဆာင္ ၿမိဳ႕တို႔ အၾကား ႏွစ္ႏိုင္ငံ ညီအစ္မၿမိဳ႕ေတာ္ (Sister Cities ) အျဖစ္ မတ္လ (၉) ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕၌ လက္မွတ္ ေရးထိုး သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ညီအစ္မၿမိဳ႕ေတာ္ အျဖစ္ သတ္မွတ္ၿပီးပါက ႏွစ္ႏိုင္ငံ ခရီးသြားမ်ား အျပန္အလွန္ ဝင္ေရာက္ လည္ပတ္ႏိုင္ေရးႏွင့္ ကုန္သြယ္မႈမ်ား အျမန္ဆုံး လုပ္ေဆာင္ႏိုင္ေရး လုပ္ႏိုင္ေရး ကိစၥမ်ား ေဆြးေႏြး သြားမည္ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ႏႇစ္ႏိုင္ငံ ညီအစ္မၿမိဳ႕ေတာ္ အျဖစ္ လက္မွတ္ေရးထိုးပြဲကို လိြဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမ၌ မတ္လ (၉) ရက္ေန႔တြင္ က်င္းပမည္ ျဖစ္ၿပီး ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခရိုင္ အစိုးရ ကိုယ္စားလွယ္မ်ားႏွင့္ ကယားျပည္နယ္ အစိုးရအဖြဲ႕တို႔ ေတြ႔ဆုံ လက္မွတ္ေရးထိုးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
ကယားျပည္နယ္ ကုန္သည္ႀကီးမ်ား အသင္း ၊ နယ္စပ္ကုန္သြယ္ေရး အသင္း ႏွင့္ မယ္ေဟာင္ေဆာင္ခ႐ိုင္ ကုန္သည္ႀကီးမ်ား အသင္းတို႔ ထိုင္ႏိုင္ငံ မယ္ေဟာင္ေဆာင္တြင္ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး ကိစၥရပ္မ်ားကိုလည္း ေတြ႔ဆံုေဆြးေႏြးခဲ့သည္။
ကယားျပည္နယ္တြင္ ထိုင္းနုိင္ငံႏွင့္နယ္စပ္ မယ္စဲ့နယ္စပ္ကုန္သြယ္ေရးစခန္းအား ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၁၇) ရက္က ဖြင့္လွစ္လုိက္ၿပီးေနာက္ အဆိုပါ နယ္စပ္ကုန္သြယ္ေရး စခန္းႏွင့္ ဆက္စပ္ေနသည့္ ထုိင္းႏုိင္ငံ မယ္ေဟာင္ေဆာင္ခရိုင္က ကုန္သြယ္ေရးလမ္း ေဖါက္လုပ္ျခင္း အပါအဝင္ ကယားျပည္နယ္ႏွင့္ ကုန္သြယ္ေရးအတြက္ လုပ္ေဆာင္လာျခင္းျဖစ္သည္။
သတင္း - ဆန္းျဖိဳးထြန္း
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်၊ မယ်ဟောင်ဆောင် မြို့တို့ အကြား နှစ်နိုင်ငံ ညီအစ်မမြို့တော် (Sister Cities ) အဖြစ် မတ်လ (၉) ရက်နေ့တွင် လွိုင်ကော်မြို့၌ လက်မှတ် ရေးထိုး သွားမည် ဖြစ်ကြောင်း သိရသည်။
ညီအစ်မမြို့တော် အဖြစ် သတ်မှတ်ပြီးပါက နှစ်နိုင်ငံ ခရီးသွားများ အပြန်အလှန် ဝင်ရောက် လည်ပတ်နိုင်ရေးနှင့် ကုန်သွယ်မှုများ အမြန်ဆုံး လုပ်ဆောင်နိုင်ရေး လုပ်နိုင်ရေး ကိစ္စများ ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ နှစ်နိုင်ငံ ညီအစ်မမြို့တော် အဖြစ် လက်မှတ်ရေးထိုးပွဲကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ မတ်လ (၉) ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အစိုးရ ကိုယ်စားလှယ်များနှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံ လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ် ကုန်သည်ကြီးများ အသင်း၊ နယ်စပ်ကုန်သွယ်ရေး အသင်း နှင့် မယ်ဟောင်ဆောင်ခရိုင် ကုန်သည်ကြီးများ အသင်းတို့ ထိုင်နိုင်ငံ မယ်ဟောင်ဆောင်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စရပ်များကိုလည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ကယားပြည်နယ်တွင် ထိုင်းနိုင်ငံနှင့်နယ်စပ် မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းအား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၇) ရက်က ဖွင့်လှစ်လိုက်ပြီးနောက် အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် ဆက်စပ်နေသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က ကုန်သွယ်ရေးလမ်း ဖောက်လုပ်ခြင်း အပါအဝင် ကယားပြည်နယ်နှင့် ကုန်သွယ်ရေးအတွက် လုပ်ဆောင်လာခြင်းဖြစ်သည်။
သတင်း - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~