ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္ လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား လိုင္စင္ ျပဳလုပ္ေပးသည့္ ပထမဦးဆံုး ေန႔တြင္ ဆိုင္ကယ္(၁၀)စီးသာ လိုင္စင္ျပဳလုပ္သျဖင့္ ၿမိဳ႕နယ္ အေနအထားအရ နည္းပါးေနေသးေၾကာင္း ေက်ာက္မဲခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနထံမွ သိရသည္။
ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ ဆိုင္ကယ္မ်ားအား မတ္လ(၁)ရက္ေန႔ ဗုဒၶဟူးေန႔မွစ၍ အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း ကုန္းလမ္းပို႔ေဆာင္ေရး ညြန္ၾကားမႈ ဦးစီးဌာနရံုးမ်ားတြင္ သတ္မွတ္ ဒဏ္ေၾကး ေပးေဆာင္ေစ၍ လိုင္စင္ ထုတ္ေပးေနျခင္းျဖစ္ၿပီး ေက်ာက္မဲၿမိဳ႕တြင္ မတ္လ (၈)ေန႔က စတင္ႏုိင္ျခင္း ျဖစ္ေၾကာင္း သိရသည္။
“အေကာက္ခြန္ဦးစီးဌာနကို စာေရာက္တာ ေနာက္က်တဲ့ အတြက္ မတ္လ(၁)ရက္ေန႔မွာ အဖြဲ႔မစံုခဲ့လို႔ မတ္လ(၈) ရက္ေန႔က်မွ စတင္ၿပီးေတာ့ လုပ္ေဆာင္ေပးခဲ့ရျခင္းျဖစ္ပါတယ္။ ပထမဦးဆံုး စလုပ္ေပးတဲ့ေန႔မွာ ဆိုင္ကယ္ (၁၀)စီးပဲ လာလုပ္တယ္။ ၿမိဳ႕နယ္တစ္ခုလံုး အေနအထားနဲ႔ဆိုရင္ လိုင္စင္လာလုပ္ၾကတာ ေတာ္ေတာ္ကိုနည္းတယ္“ဟု ေက်ာက္မဲခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးဝင္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ ဆုိင္ကယ္မ်ားအား လိုင္စင္ထုတ္ေပးျခင္းကို တစ္ေနရာတည္း အၿပီး လုပ္ေဆာင္ေပးေနျခင္းျဖစ္ၿပီး ေမာ္ေတာ္ဆိုင္ကယ္အား ထုတ္လုပ္သည့္ခုႏွစ္ေပၚမူတည္၍ ဒဏ္ေၾကး သတ္မွတ္ထားေၾကာင္း သိရသည္။
“ ဆိုင္ကယ္တန္ဖိုးရဲ့ ကာလေပါက္ေစ်း တစ္ဝက္ေလာက္ကို လိုင္စင္ေၾကး ကုန္က်မယ္လို႔ ျပည္သူ ေတာ္ေတာ္ မ်ားမ်ားက ထင္ေနၾကတယ္။ ဒါေၾကာင့္ လိုင္စင္လာလုပ္ဖို႔ စိတ္ဝင္စား မႈနည္းေနတာ။
တစ္ကယ္တမ္းက ဆိုင္ကယ္တစ္စီးကို ဝယ္ထားတဲ့ ေစ်းႏႈန္းရဲ့ ေလးပံုတစ္ပံုေလာက္ပဲ ကုန္က်တာပါ”ဟု
ခရိုင္ဦးစီးမွဴး ဦးဝင္းႏိုင္က ဆိုသည္။
၂၀၁၇ ခုႏွစ္ မတ္လ(၁)ရက္ေန႔မွ စတင္ကာ ရွမ္းျပည္နယ္တစ္ခုလံုးရွိ လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား လိုင္စင္မ်ား ျပဳလုပ္ေပးေနလ်ွက္ရွိရာ မတ္လ(၁)ရက္ေန႔ ကတည္းက ဆိုင္ကယ္လုိင္စင္ ထုတ္ေပးေနသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ စုစုေပါင္း (၃၅၁)စီး လိုင္စင္ျပဳလုပ္ထားၿပီး လက္ရိွဒဏ္ေၾကးသတ္မွတ္ထားမႈတြင္ မပါဝင္သည့္ ၂၀၁၇ ခုႏွစ္ထုတ္ဆုိင္ကယ္မ်ား လုိင္စင္ျပဳလုပ္ရန္အတြက္ ျပည္နယ္ရံုးသို႔ တင္ျပထားေၾကာင္း သိရသည္။
တစ္ႏုိင္ငံလံုး အတုိင္းအတာျဖင့္ လိုင္စင္မဲ့ ဆုိင္ကယ္မ်ားအား လုိင္စင္ထုတ္ေပးျခင္းကို ၂၀၁၄ ခုႏွစ္က ေနာက္ဆံုး ေဆာင္ရြက္ ေပးခဲ့ၿပီးေနာက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား အလိုက္ သက္ဆိုိင္ရာ အစိုးရရံုးမ်ား၏ စီမံခန္႔ခြဲမႈျဖင့္ လိုင္စင္ျပဳလုပ္ေပးျခင္းအား ၂၀၁၇ ခုႏွစ္ မတ္လ (၁) ရက္ေန႔မွစ၍ ရွမ္းျပည္နယ္ႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ လုပ္ေဆာင္ေပးေနျခင္းျဖစ္သည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား လိုင်စင် ပြုလုပ်ပေးသည့် ပထမဦးဆုံး နေ့တွင် ဆိုင်ကယ်(၁၀)စီးသာ လိုင်စင်ပြုလုပ်သဖြင့် မြို့နယ် အနေအထားအရ နည်းပါးနေသေးကြောင်း ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များအား မတ်လ(၁)ရက်နေ့ ဗုဒ္ဓဟူးနေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနရုံးများတွင် သတ်မှတ် ဒဏ်ကြေး ပေးဆောင်စေ၍ လိုင်စင် ထုတ်ပေးနခြေင်းဖြစ်ပြီး ကျောက်မဲမြို့တွင် မတ်လ (၈)နေ့က စတင်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
“အကောက်ခွန်ဦးစီးဌာနကို စာရောက်တာ နောက်ကျတဲ့ အတွက် မတ်လ(၁)ရက်နေ့မှာ အဖွဲ့မစုံခဲ့လို့ မတ်လ(၈) ရက်နေ့ကျမှ စတင်ပြီးတော့ လုပ်ဆောင်ပေးခဲ့ရခြင်းဖြစ်ပါတယ်။ ပထမဦးဆုံး စလုပ်ပေးတဲ့နေ့မှာ ဆိုင်ကယ် (၁၀)စီးပဲ လာလုပ်တယ်။ မြို့နယ်တစ်ခုလုံး အနေအထားနဲ့ဆိုရင် လိုင်စင်လာလုပ်ကြတာ တော်တော်ကိုနည်းတယ်“ဟု ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များအား လိုင်စင်ထုတ်ပေးခြင်းကို တစ်နေရာတည်း အပြီး လုပ်ဆောင်ပေးနခြေင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်အား ထုတ်လုပ်သည့်ခုနှစ်ပေါ်မူတည်၍ ဒဏ်ကြေး သတ်မှတ်ထားကြောင်း သိရသည်။
“ ဆိုင်ကယ်တန်ဖိုးရဲ့ ကာလပေါက်ဈေး တစ်ဝက်လောက်ကို လိုင်စင်ကြေး ကုန်ကျမယ်လို့ ပြည်သူ တော်တော် များများက ထင်နကြေတယ်။ ဒါကြောင့် လိုင်စင်လာလုပ်ဖို့ စိတ်ဝင်စား မှုနည်းနေတာ။
တစ်ကယ်တမ်းက ဆိုင်ကယ်တစ်စီးကို ဝယ်ထားတဲ့ ဈေးနှုန်းရဲ့ လေးပုံတစ်ပုံလောက်ပဲ ကုန်ကျတာပါ”ဟု
ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က ဆိုသည်။
၂၀၁၇ ခုနှစ် မတ်လ(၁)ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ်တစ်ခုလုံးရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား လိုင်စင်များ ပြုလုပ်ပေးနေလျှက်ရှိရာ မတ်လ(၁)ရက်နေ့ ကတည်းက ဆိုင်ကယ်လိုင်စင် ထုတ်ပေးနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စုစုပေါင်း (၃၅၁)စီး လိုင်စင်ပြုလုပ်ထားပြီး လက်ရှိဒဏ်ကြေးသတ်မှတ်ထားမှုတွင် မပါဝင်သည့် ၂၀၁၇ ခုနှစ်ထုတ်ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ရန်အတွက် ပြည်နယ်ရုံးသို့ တင်ပြထားကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များအား လိုင်စင်ထုတ်ပေးခြင်းကို ၂၀၁၄ ခုနှစ်က နောက်ဆုံး ဆောင်ရွက် ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် သက်ဆိုင်ရာ အစိုးရရုံးများ၏ စီမံခန့်ခွဲမှုဖြင့် လိုင်စင်ပြုလုပ်ပေးခြင်းအား ၂၀၁၇ ခုနှစ် မတ်လ (၁) ရက်နေ့မှစ၍ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လုပ်ဆောင်ပေးနခြေင်းဖြစ်သည်။
သတင်း - နဖြေိုးမြင့်