ႏြားမ်ား တရားမဝင္သယ္ေဆာင္လာသည့္ ကား(၅)စီးကို ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ ထီးေပၚဆိုေက်းရြာအနီးတြင္ မတ္လ (၂၅) ရက္ေန႔ ညေနသုံးနာရီခြဲခန္႔က ဖမ္းဆီးရမိသျဖင့္ သယ္ေဆာင္လာသူမ်ားအား အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
သတင္းအရ လိြဳင္ေကာ္ခ႐ုိင္ရဲတပ္ဖြဲ႔ ႏွင့္ ျပည္နယ္မႈခင္းနိမ္ႏွင္းေရးအဖြဲ႔တို႔ ပူးေပါင္း၍ ဖရူဆိုၿမိဳ႕နယ္၊ ထီးေပၚဆိုေက်း႐ြာ လမ္းမႀကီးေဘးတြင္ ေစာင့္ဆိုင္းေနစဥ္ ဒီေမာ့ဆိုုၿမိဳ႕ဘက္မွ ေဘာလခဲၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္(၅)စီးအား စစ္ေဆးခဲ့ရာ အဆိုပါ ကားမ်ားေပၚမွ ႏြား(၇၅)ေကာင္အား တရားမဝင္ သယ္ေဆာင္လာသည္ကို စစ္ေဆးေတြ႕ရိွခဲ့ရသည္ဟု သိရသည္။
အဆိုပါ ႏြားမ်ားအား ဒီးေမာ့ဆိုၿမိဳ႕နယ္၊ လြယ္နန္းဖေက်းရြာမွ ေဘာလခဲၿမိဳ႕နယ္ နန္းဖဲေက်းရြာသို႔ ခြင့္ျပဳခ်က္မရိွဘဲ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ႏြားမ်ားသယ္ေဆာင္လာသူမ်ားအား ဖ႐ူဆိုၿမိဳ႕မရဲစခန္းတြင္ (ပ)၇/၂၀၁၇၊ အေရးႀကီးကုန္ပစၥည္း အက္ဥပေဒပုဒ္မ-၅ အရ အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း # ဆန္းၿဖိဳးထြန္း
နွားများ တရားမဝင်သယ်ဆောင်လာသည့် ကား(၅)စီးကို ကယားပြည်နယ် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာအနီးတွင် မတ်လ (၂၅) ရက်နေ့ ညနေသုံးနာရီခွဲခန့်က ဖမ်းဆီးရမိသဖြင့် သယ်ဆောင်လာသူများအား အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
သတင်းအရ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့ နှင့် ပြည်နယ်မှုခင်းနိမ်နှင်းရေးအဖွဲ့တို့ ပူးပေါင်း၍ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာ လမ်းမကြီးဘေးတွင် စောင့်ဆိုင်းနေစဉ် ဒီမော့ဆိုုမြို့ဘက်မှ ဘောလခဲမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၅)စီးအား စစ်ဆေးခဲ့ရာ အဆိုပါ ကားများပေါ်မှ နွား(၇၅)ကောင်အား တရားမဝင် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။
အဆိုပါ နွားများအား ဒီးမော့ဆိုမြို့နယ်၊ လွယ်နန်းဖကျေးရွာမှ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာသို့ ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
နွားများသယ်ဆောင်လာသူများအား ဖရူဆိုမြို့မရဲစခန်းတွင် (ပ)၇/၂၀၁၇၊ အရေးကြီးကုန်ပစ္စည်း အက်ဥပဒေပုဒ်မ-၅ အရ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
သတင်း # ဆန်းဖြိုးထွန်း