တာခ်ီလိတ္ၿမိဳ႔ ၊ အားကစားရံုလမ္း မီးသတ္တပ္ဖြဲ႔ရံုးအနီးတြင္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီး မေတာ္တဆ ယာဥ္တိုက္မႈျဖစ္ပြားရာမွ လက္နက္ႏွင့္ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြေတြ႕ရွိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ အားကစားရံုလမ္းတြင္ မတ္လ (၂၃) ရက္ ေန႔လယ္ပိုင္းက ဆိုင္ကယ္တစ္စီး တိမ္းေမွာက္ေနေၾကာင္း သတင္းအရ တာခ်ီလိတ္ရဲတပ္ဖြဲ႕မွ သြားေရာက္စစ္ေဆးရာ ဆိုင္ကယ္စီးနင္းလာသူ၏ အိတ္အတြင္းမွ စိတ္ၾကြေဆးျပားႏွင့္ ေသနတ္တို႔အား ရွာေဖြ ေတြ႕ရိွရေၾကာင္း သိရသည္။
ရွာေဖြေတြ႕ရွိရာတြင္ အိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၁၆၈)ျပား၊ ICE ဟု ယူဆရသည့္ အေလးခ်ိန္ (ဝ.၅) ဂရမ္၊ ပစၥတိုေသနတ္တစ္လက္ႏွင့္ ၎က်ည္အိမ္ (၁)ခု၊ က်ည္ဆံ(၃၅)ေတာင့္ႏွင့္ အသံုးအေဆာင္ပစၥည္းမ်ားအျပင္ ထိုင္းဘတ္ေငြသားတို႔အား ရွာေဖြေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
"ဆိုင္ကယ္က တိမ္းေမွာက္ၿပီး ဒဏ္ရာရေတာ့ ေဘးနားက လူေတြလည္း ေဆးရံုကို အရင္ဆံုး ပို႔ေပးလိုက္တာ။ ေနာက္မွ မူးယစ္ေဆး၀ါးနဲ႔ လက္နက္ေတြပါမွန္း သိတာ။ ေဆးရံုကေန ထြက္သြားၿပီး တျခား ေဆးခန္းမွာ သြားကုေနတာကို ရွာေတြ႕ၿပီးေတာ့ ဖမ္းဆီးၿပီး စစ္ေဆးေနဆဲလို႔ သိရတယ္"ဟု ျမင္ေတြ႕ရသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
စိတ္ၾကြေဆးျပားႏွင့္ ေသနတ္တို႔ျဖင့္ ေတြ႔ရသူ အသက္(၃၀)ႏွစ္ရွိ အားရုန္းကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၅/၂၀၁၇၊ မူး/စိတ္ ၁၅/၁၉(က)/၂၀(က)၂၂(ခ)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။
တာချီလိတ်မြို့၊ အားကစားရုံလမ်း မီးသတ်တပ်ဖွဲ့ရုံးအနီးတွင် မော်တော်ဆိုင်ကယ်တစ်စီး မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားရာမှ လက်နက်နှင့် မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် အားကစားရုံလမ်းတွင် မတ်လ (၂၃) ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ တာချီလိတ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ ဆိုင်ကယ်စီးနင်းလာသူ၏ အိတ်အတွင်းမှ စိတ်ကြွဆေးပြားနှင့် သေနတ်တို့အား ရှာဖွေ တွေ့ရှိရကြောင်း သိရသည်။
ရှာဖွေတွေ့ရှိရာတွင် အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁၆၈)ပြား၊ ICE ဟု ယူဆရသည့် အလေးချိန် (ဝ.၅) ဂရမ်၊ ပစ္စတိုသေနတ်တစ်လက်နှင့်၎င်းကျည်အိမ် (၁)ခု၊ ကျည်ဆံ(၃၅)တောင့်နှင့် အသုံးအဆောင်ပစ္စည်းများအပြင် ထိုင်းဘတ်ငွေသားတို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
"ဆိုင်ကယ်က တိမ်းမှောက်ပြီး ဒဏ်ရာရတော့ ဘေးနားက လူတွေလည်း ဆေးရုံကို အရင်ဆုံး ပို့ပေးလိုက်တာ။ နောက်မှ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေပါမှန်း သိတာ။ ဆေးရုံကနေ ထွက်သွားပြီး တခြား ဆေးခန်းမှာ သွားကုနေတာကို ရှာတွေ့ပြီးတော့ ဖမ်းဆီးပြီး စစ်ဆေးနေဆဲလို့ သိရတယ်"ဟု မြင်တွေ့ရသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
စိတ်ကြွဆေးပြားနှင့် သေနတ်တို့ဖြင့် တွေ့ရသူ အသက်(၃၀)နှစ်ရှိ အားရုန်းကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၅/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က)/၂၀(က)၂၂(ခ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။