သတင်း #ဝေယံလင်း
ဓါတ်ပုံ # parlyothar
************
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ဝမ်း(၁)ကျေးရွာတွင် မတ်လ(၂၈)ရက်နေ့ နံနက် (၅)နာရီခန့်က မိုးသက်လေပြင်းကျ၍ မိုးကြိုးပစ်မှုကြောင့် နွား(၆)ကောင် သေဆုံးပြီး ခြောက်ခန်းတွဲဝန်ထမ်းအိမ်ရာ ပျက်စီးသွားသဖြင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
အဆိုပါရွာမှ ဦးကျနီး၏ နွားတင်းကုပ်အား မိုးကြိုးထိမှန်သဖြင့် တစ်ကောင်လျှင် ဒေသတန်ဖိုး ကျပ်(၆)သိန်းခန့်ဆီ တန်ဖိုးရှိသည့် နွားခြောက်ကောင်သေဆုံးသွားပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နမ့်ကိုင်းကျေးရွာရှိ ၀န်ထမ်း အိမ်ရာ ခြောက်ခန်းတွဲတွင် သွပ်အမိုးအချပ်(၂၀)လန်ခြင်း၊ သစ်သားဒိုင်းများ ပျက်စီးခြင်းများဖြစ်ပွားခဲ့သည့်အတွက် ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
သတင်း #ဝေယံလင်း
ဓါတ်ပုံ # parlyotha