ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ တာခ်ီလိတ္မွအထြက္ မိုင္းဆတ္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ ယာဥ္အား လြယ္ေတာ္ခမ္း ပူးေပါင္းစစ္ေဆးေရး စခန္းတြင္ မတ္လ (၁၇) ရက္ ည(၇)နာရီခန္႔က ရပ္တန္႔ စစ္ေဆးရာမွ ယာဥ္ၾကမ္းခင္းတြင္ ဝွက္၍ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးမႈန္႔ (၈၉)ထုပ္အား ဖမ္းဆီးရမိေၾကာင္း သိရသည္။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တာချီလိတ်မှအထွက် မိုင်းဆတ်သို့ မောင်းနှင်လာသည့် မော်တော် ယာဉ်အား လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်းတွင် မတ်လ (၁၇) ရက် ည(၇)နာရီခန့်က ရပ်တန့် စစ်ဆေးရာမှ ယာဉ်ကြမ်းခင်းတွင် ဝှက်၍ သယ်ဆောင်လာသည့် စိတ်ကြွဆေးမှုန့် (၈၉)ထုပ်အား ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် နယ်မြေခံတပ် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေစဉ် ယာဉ်မောင်း စိုင်းခုန် နှင့် အိုက်ယုန်၊ ဆိုင်ထန်းတို့ လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နောက်ခန်း ကြမ်းခင်းတွင် ဝှက်၍ သယ်ယူလာပြီး ခဲစက္ကူဖြင့် ပတ်ထားသော စိတ်ကြွဆေးမှုန့် ရိုက်ရန် ရောစပ်ထားသည့် အမှုန့် စုစုပေါင်း (၈၉)ထုပ်၊ အလေးချိန်(၄၀.၈)ကီလိုခန့် ဒေသတန်ဖိုး(ခန့်မှန်း) ကျပ်သိန်းပေါင်း(၆၁၂၀)အား ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းခုန်၊ အိုက်ယုန် နှင့် ဆိုင်ထန်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက် ထားရှိပြီး ကွင်းဆက် တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။