တာခ်ီလိတ္တြင္ လူငယ္တစ္ဦးထံမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ လူငယ္တစ္ဦးထံမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
မတ် 2, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၊ ၀ိန္းေက်ာက္ရပ္ကြက္ ၊ ေရႊလသာလမ္းၾကားတြင္ ဆုိင္ကယ္စီးလာသည့္ လူငယ္တစ္ဦးထံမွ စိတ္ၾကြေဆးျပား အေရအတြက္ (၂၀၀၀)ကို မူးယစ္တပ္ဖြဲ႕စု (၃၀)တာခ်ီလိတ္က မတ္လ (၁) ရက္ေန႔ ည(၈)နာရီ (၃၅)မိနစ္ခန္႔တြင္ ဖမ္းဆီးရမိခဲ႔ေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၃၀) တာခ်ီလိတ္ႏွင့္ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ေစာင့္ဆုိင္းေနစဥ္ ဆိုင္ကယ္ စီးနင္းလာသည့္ အားေလာင္(က်ား)အား စစ္ေဆး ရွာေဖြရာမွ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၂၀၀)ျပားစီ ပါဝင္သည့္ အထုပ္(၁၀)ထုပ္အား ရွာေဖြေတြ႕ရွိရာ စုစုေပါင္း ေဒသတန္ဖိုးေငြမွာ က်ပ္သိန္း (၃၀)၀န္းက်င္ရွိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အားေလာင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၈/၂၀၁၇၊ မူး/စိတ္ ပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္လ်ွက္ရွိေၾကာင္းႏွင့္ ကြင္းဆက္တရားခံအား ေဖာ္ထုတ္ရမိေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ရွှေလသာလမ်းကြားတွင် ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား အရေအတွက် (၂၀၀၀)ကို မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်က မတ်လ (၁) ရက်နေ့ ည(၈)နာရီ (၃၅)မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်နှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရ စောင့်ဆိုင်းနေစဉ် ဆိုင်ကယ် စီးနင်းလာသည့် အားလောင်(ကျား)အား စစ်ဆေး ရှာဖွေရာမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီ ပါဝင်သည့် အထုပ်(၁၀)ထုပ်အား ရှာဖွေတွေ့ရှိရာ စုစုပေါင်း ဒေသတန်ဖိုးငွေမှာ ကျပ်သိန်း (၃၀)ဝန်းကျင်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အားလောင်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၈/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံအား ဖော်ထုတ်ရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~