ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ဝိန္းဖန္္းခမ္း (၁)ရပ္ကြက္ ဘြန္းခ်ိဳင္း (မယ္ဆိုင္) ေမာ္ေတာ္ဆိုင္ကယ္ အေရာင္းဆိုင္မွ အမည္မသိ အမ်ဳိးသားတစ္ဦးက မတ္လ (၂၃)ရက္ေန႔ နံနက္(၂)နာရီခြဲခန္႔တြင္ ခိုးယူၿပီး ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ မယ္ဆိုင္ေခ်ာင္းျဖတ္ကာ သယ္ေဆာင္လာသည့္ ဆိုင္ကယ္အား CNCMC ၏ အကူအညီျဖင့္ ပိုင္ရွင္ထံ ျပန္လည္လႊဲေျပာင္း ေပးလိုက္ေၾကာင္း သိရသည္။
မယ္ဆိုင္ၿမိဳ႕ ဝိန္းဖန္းခမ္းရပ္ကြက္ ဗဟိုလမ္းမႀကီးေပၚတြင္ ဖြင့္လွစ္ထားသည့္ ေမာ္ေတာ္ဆိုင္ကယ္ အေရာင္းဆုိင္မွ Scoopy 1 အမ်ိဳးအစား ေမာ္ေတာ္ဆိုင္ကယ္ တစ္စီးအား ခိုးယူသြားသည့္ အမည္မသိ အမ်ိဳးသား တစ္ဦးအား စီစီတီဗြီ မွတ္တမ္းမ်ားအရ သိရွိရသျဖင့္ ပိုင္ရွင္ျဖစ္သူ ႏိုင္းကိန္က မယ္ဆုိင္ရဲစခန္းတြင္ အမႈဖြင့္ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ ၎သည္ ျမန္မာ - ထိုင္းနယ္စပ္ မယ္ဆိုင္ေခ်ာင္းအား ျဖတ္ကူးကာ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕ဘက္သို႕ ယူေဆာင္သြားေၾကာင္း သိရွိရသည့္ အတြက္ တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏိႈင္းေရးေကာ္မတီ (CNCMC)အား ဆက္သြယ္အကူအညီေတာင္းလာျခင္း ျဖစ္ေၾကာင္း သိရသည္။
CNCMC က တာခ်ီလိတ္ၿမိဳ႕တြင္ ဆက္သြယ္စံုစမ္းရာ မတ္လ (၂၃) ရက္ေန႔ နံနက္ပိုင္းက မယ္ဆိုင္ေခ်ာင္းအား ျဖတ္ကူး၍ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမ၀င္ ခိုး၀င္လာသည့္ အမ်ိဳးသားတစ္ဦးသည္ ဆန္ဆိုင္း (ခ) ရပ္ကြက္မွ လံုၿခံဳေရး ေဆာင္ရြက္ေနသည့္ ပူးေပါင္းအဖြဲ႔ကို ေတြ႔ရိွသျဖင့္ ဆိုင္ကယ္အား ထားခဲ့ၿပီး ထြက္ေျပးသြားရာ ဆန္ဆိုင္း(ခ) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ယင္းဆိုင္ကယ္အား ထိန္းသိမ္းထားရွိေၾကာင္း သိရၿပီး မတ္လ(၂၄)ရက္ေန႔ တြင္ ဆန္ဆိုင္း (ခ) ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာဝန္ရိွသူမ်ားက CNCMC သို႔ ဆိုင္ကယ္အား လႊဲေျပာင္းလာျခင္းျဖစ္ေၾကာင္း သိရသည္။
CNCMC ေကာ္မတီက မယ္ဆိုင္ၿမိဳ႕ တာ၀န္ရွိသူမ်ားႏွင့္ ခ်ိတ္ဆက္ကာ လိုအပ္သည့္ စိစစ္မႈမ်ား ေဆာင္ရြက္ၿပီးေနာက္ မတ္လ (၂၄)ရက္ေန႔ မြန္းလြဲပိုင္း၌ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္ (၁) တြင္ တာ၀န္ရွိသူမ်ားႏွင့္ အတူ ပိုင္ရွင္ျဖစ္သူ ႏိုင္းကိန္ထံ အဆိုပါ ဆိုင္ကယ္အား ျပန္လည္ လႊဲေျပာင္းေပးလုိက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း - ေမာင္ယဥ္ေက်း
မယ်ဆိုင်မြို့ ဝိန်းဖန်းခမ်းရပ်ကွက် ဗဟိုလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသည့် မော်တော်ဆိုင်ကယ် အရောင်းဆိုင်မှ Scoopy 1 အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီးအား ခိုးယူသွားသည့် အမည်မသိ အမျိုးသား တစ်ဦးအား စီစီတီဗွီ မှတ်တမ်းများအရ သိရှိရသဖြင့် ပိုင်ရှင်ဖြစ်သူ နိုင်းကိန်က မယ်ဆိုင်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက်၎င်းသည် မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းအား ဖြတ်ကူးကာ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ ယူဆောင်သွားကြောင်း သိရှိရသည့် အတွက် တာချီလိတ်မြို့အခြေစိုက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)အား ဆက်သွယ်အကူအညီတောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
CNCMC က တာချီလိတ်မြို့တွင် ဆက်သွယ်စုံစမ်းရာ မတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းက မယ်ဆိုင်ချောင်းအား ဖြတ်ကူး၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာသည့် အမျိုးသားတစ်ဦးသည် ဆန်ဆိုင်း (ခ) ရပ်ကွက်မှ လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့ကို တွေ့ရှိသဖြင့် ဆိုင်ကယ်အား ထားခဲ့ပြီး ထွက်ပြေးသွားရာ ဆန်ဆိုင်း(ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယင်းဆိုင်ကယ်အား ထိန်းသိမ်းထားရှိကြောင်း သိရပြီး မတ်လ(၂၄)ရက်နေ့ တွင် ဆန်ဆိုင်း (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက CNCMC သို့ ဆိုင်ကယ်အား လွှဲပြောင်းလာခြင်းဖြစ်ကြောင်း သိရသည်။
CNCMC ကော်မတီက မယ်ဆိုင်မြို့ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်ပြီးနောက် မတ်လ (၂၄)ရက်နေ့ မွန်းလွဲပိုင်း၌ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် တာဝန်ရှိသူများနှင့် အတူ ပိုင်ရှင်ဖြစ်သူ နိုင်းကိန်ထံ အဆိုပါ ဆိုင်ကယ်အား ပြန်လည် လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - မောင်ယဉ်ကျေး