ေတာင္ႀကီးစည္ပင္နယ္နိမိတ္အတြင္းမွ ၾကက္ၿခံမ်ား ေရႊ႕ရမည္ျဖစ္၍ မွတ္ပံုတင္ ထုတ္ေပးေတာ့မည္မဟုတ္

ေတာင္ႀကီးစည္ပင္နယ္နိမိတ္အတြင္းမွ ၾကက္ၿခံမ်ား ေရႊ႕ရမည္ျဖစ္၍ မွတ္ပံုတင္ ထုတ္ေပးေတာ့မည္မဟုတ္
မတ် 7, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ စည္ပင္နယ္နိမိတ္အတြင္းမွ ၾကက္ေမြးျမဴေရးလုပ္ငန္းအားလံုး ၂၀၁၇ ႏွစ္ကုန္ပိုင္းမွ စ၍ ေရႊ႕ေျပာင္းရမည္ျဖစ္သျဖင့္ စည္ပင္နယ္နိမိတ္အတြင္း ၾကက္ေမြးျမဴေရး လုပ္ငန္းမ်ားကို မွတ္ပံုတင္ ထုတ္ေပးေတာ့မည္ မဟုတ္ေၾကာင္း သိရသည္။
“စည္ပင္သာယာေရး နယ္နိမိတ္အတြင္းမွာရွိတဲ့ ေမြးျမဴေရး လုပ္ငန္းမွန္သမွ်ဆိုရင္ သူ႔ဥပေဒအရ ေရႊ႕ရမွာပါ။ ေမြးျမဴေရးဇုန္ထဲကိုပဲ ေရႊ႕ခိုင္းတာ မဟုတ္ပါဘူး။ စည္ပင္သာယာေရး နယ္နိမိတ္ထဲကေန ေမြးခြင့္ မေပးေတာ့တာပါ။ သူတို႔အေနနဲ႕ တျခား အဆင္ေျပမယ့္ေနရာ ၿမိဳ႕နဲ႕ေ၀းရင္ၿပီးေရာ အဲဒီလို ေနရာေတြ ေရႊ႕လို႔ရပါတယ္။ တခ်ဳိ႕သူေတြက်ေတာ့ တအားေဝးတဲ့ ေနရာ မသြားနိုင္ေတာ့ ခက္ခဲေနရင္ ရွမ္းရိုးမေမြးျမဴေရးဇုန္ထဲ လာေလွ်ာက္ရင္ ထည့္ေပးပါတယ္”ဟု ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ဒု-ဦးစီးမွဴး ေဒါက္တာ ေအာင္မင္းထြန္းက ေျပာသည္။
အဆိုပါ ၾကက္ေမြးျမဴေရး လုပ္ငန္းမ်ားသည္ ၿမိဳ႕ႏွင့္ ေဝးသည့္ ရြာမ်ားတြင္ လည္းေကာင္း၊ ေနရာမရိွပါက ေတာင္ႀကီးၿမိဳ႕မွ (၁၈)မိုင္အကြာရိွ ရွမ္းရိုးမေမြးျမဴေရးဇုန္(၂)တြင္လည္းေကာင္း ေျပာင္းေရႊ႕ႏုိင္ေၾကာင္း သိရသည္။ 
“ေမြးျမဴေရးဇုန္မွာက အဓိက ဥစားၾကက္တစ္မ်ဳိးပဲ ေမြးခြင့္ေပးပါတယ္။ ဇုန္မွာက အခုဆိုရင္ ၾကက္ေမြးျမဴေရးျခံ လုပ္ကိုင္သူ (၆) ဦး ရွိပါၿပီ။ ဝက္က တစ္ဦးဆိုေပမဲ့ ၀က္ေမြးဖို႔က ျခံရဲ႕အစြန္ဆံုးအေဝးမွာ ထားပါတယ္။ ေမြးျမဴေရးဇုန္မွာက ၾကက္ေမြးျမဴေရးအတြက္ အဓိက လုပ္ထားတာပါ။ ဝက္၊ ကၽြဲ၊ ႏြားေတြကေတာ့ တျခားကေတာ့ သတ္မွတ္ခ်က္မရွိပါဘူး။ တစ္ကယ္လို႔ ၿမိဳ႕ထဲမွာ အေကာင္ေရပမာဏ မ်ားလာတယ္ ဆိုရင္ေတာ့ ပတ္၀န္းက်င္ကို ထိခိုက္နိုင္လို႔ ေဒသအာဏပိုင္က ေမြးခြင့္ မေပးေတာ့ဘူးဆိုရင္ ေမြးျမဴေရးဇုန္မွာ မဟုတ္လည္း တျခား အဆင္ေျပမယ့္ ေနရာကို ေရႊ႕မွာပါ” ဟု ေဒါက္တာ ေအာင္မင္းထြန္းက ေျပာသည္။
ေတာင္ႀကီးၿမိဳ႕ အနီးတစ္ဝိုက္တြင္ ေမြးျမဴေရးဇုန္မ်ား အျဖစ္ ရွမ္းရိုးမေမြးျမဴေရးဇုန္ (၁)ကို ေညာင္ေရႊၿမိဳ႕ သီေလာေက်းရြာအုပ္စု၊ ထီရီ-ထီပံုးရြာအနီးတြင္၂၀၀၉ ခုႏွစ္က ေျမဧက (၄၂၉.၆၇)တြင္ တည္ေထာင္ထားၿပီး ရွမ္းရိုးမေမြးျမဴေရးဇုန္ (၂)ကို ေက်ာက္တလံုးႀကီးၿမိဳ႕၊ အသံုးေတာ္ ေက်းရြာအုပ္စု၊ နမ့္ကြတ္ေက်းရြာေတာင္ဘက္ (၃)မိုင္အကြာရိွ ဧက (၅၀၀) ေက်ာ္ခန္႔တြင္ ၂၀၁၅ ခုႏွစ္ ဧၿပီလ (၄) ရက္ေန႔က စတင္တည္ေထာင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
“ၾကက္ေမြးျမဴေရးဇုန္က သစ္ေတာနဲ႔ ငွားထားတာပါ။ နိုင္ငံေတာ္ကို တရား၀င္ငွားထားတာပါ။ လမ္း၊တံတား၊ေရ၊ မီးကို ကို္ယ္ထူကိုယ္ထ လုပ္ရတာပါ။ ကၽြန္ေတာ္တို႕ဇုန္(၁)မွာက တစ္ဧကကို က်ပ္သိန္း (၂၀) ေက်ာ္ ကုန္က်ေငြ ရွိတယ္။ ဇုန္(၂)ကေတာ့ အခုမွစ အေကာင္အထည္ ေဖာ္ေနေတာ့ ေစ်းႏႈန္းမေျပာတတ္ေသးပါဘူး။ ကုန္က်ေငြေတြကို သက္ဆိုင္ရာ ဇုန္မွာ ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီနဲ႔ ႀကီးၾကပ္ေရး ေကာ္မတီကေန ဆံုးျဖတ္ၿပီး ျပန္ခ်ေပးပါတယ္။ ဇုန္(၁)နဲ႔ (၂) မွာလည္း စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ေပးထားတာရွိပါတယ္။ ဇုန္ (၂) အေနနဲ႕က အခုမွ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတုန္းပါ။ အခုေလာေလာ ဆယ္ေတာ့ အရင္တုန္းက ၾကက္မေမြးဖူးေသးတဲ့ လူေတြက အဲဒီမွာ လာေမြးၾကတယ္။ ေျမဧကကိုလည္း ယူခ်င္သေလာက္ ေပးပါတယ္။ ေငြကိုေတာ့ သံုးရစ္ခြဲသြင္းရမွာပါ” ဟု ေဒါက္တာေအာင္မင္းထြန္းက ေျပာသည္။
ရွမ္းရိုးမေမြးျမဴေရးဇုန္ (၁) တြင္ တစ္ဧကလွ်င္ ၾကက္အေကာင္ေရ (၅၀၀၀) ႏႈန္းျဖင့္ ခြင့္ျပဳထားရာ လက္ရိွ အခ်ိန္ထိ ၾကက္ရံုေပါင္း (၁၉၆) ရံုတြင္ ၾကက္အေကာင္ေရ (၇)သိန္းေက်ာ္ ေမြးျမဴထားေၾကာင္း သိရသည္။
ရွမ္းရိုးမ ေမြးျမဴေရးဇုန္(၂) တြင္ လက္ရွိလုပ္ငန္းလုပ္ကိုင္သူ (၆)ဦးက ၾကက္ရံုေပါင္း( ၇)ရံုတြင္ ၾကက္အေကာင္ေရ (၃၀၀၀၀) ေမြးျမဴထားၿပီး ႏွစ္ကုန္တြင္ လုပ္ငန္းေဖာ္ေဆာင္ရန္ စာရင္းေပးသြင္းထားသူ (၆၈) ဦးရွိေၾကာင္း သိရသည္။
သတင္း - ႏိုႏို
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ စည်ပင်နယ်နိမိတ်အတွင်းမှ ကြက်မွေးမြူရေးလုပ်ငန်းအားလုံး ၂၀၁၇ နှစ်ကုန်ပိုင်းမှ စ၍ ရွှေ့ပြောင်းရမည်ဖြစ်သဖြင့် စည်ပင်နယ်နိမိတ်အတွင်း ကြက်မွေးမြူရေး လုပ်ငန်းများကို မှတ်ပုံတင် ထုတ်ပေးတော့မည် မဟုတ်ကြောင်း သိရသည်။

“စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ မွေးမြူရေး လုပ်ငန်းမှန်သမျှဆိုရင် သူ့ဥပဒေအရ ရွှေ့ရမှာပါ။ မွေးမြူရေးဇုန်ထဲကိုပဲ ရွှေ့ခိုင်းတာ မဟုတ်ပါဘူး။ စည်ပင်သာယာရေး နယ်နိမိတ်ထဲကနေ မွေးခွင့် မပေးတော့တာပါ။ သူတို့အနေနဲ့ တခြား အဆင်ပြေမယ့်နေရာ မြို့နေဲ့ဝးရင်ပြီးရော အဲဒီလို နေရာတွေ ရွှေ့လို့ရပါတယ်။ တချို့သူတွေကျတော့ တအားဝေးတဲ့ နေရာ မသွားနိုင်တော့ ခက်ခဲနေရင် ရှမ်းရိုးမမွေးမြူရေးဇုန်ထဲ လာလျှောက်ရင် ထည့်ပေးပါတယ်”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါက်တာ အောင်မင်းထွန်းက ပြောသည်။

အဆိုပါ ကြက်မွေးမြူရေး လုပ်ငန်းများသည် မြို့နှင့် ဝေးသည့် ရွာများတွင် လည်းကောင်း၊ နေရာမရှိပါက တောင်ကြီးမြို့မှ (၁၈)မိုင်အကွာရှိ ရှမ်းရိုးမမွေးမြူရေးဇုန်(၂)တွင်လည်းကောင်း ပြောင်းရွှေ့နိုင်ကြောင်း သိရသည်။

“မွေးမြူရေးဇုန်မှာက အဓိက ဥစားကြက်တစ်မျိုးပဲ မွေးခွင့်ပေးပါတယ်။ ဇုန်မှာက အခုဆိုရင် ကြက်မွေးမြူရေးခြံ လုပ်ကိုင်သူ (၆) ဦး ရှိပါပြီ။ ဝက်က တစ်ဦးဆိုပေမဲ့ ဝက်မွေးဖို့က ခြံရဲ့အစွန်ဆုံးအဝေးမှာ ထားပါတယ်။ မွေးမြူရေးဇုန်မှာက ကြက်မွေးမြူရေးအတွက် အဓိက လုပ်ထားတာပါ။ ဝက်၊ ကျွဲ၊ နွားတွေကတော့ တခြားကတော့ သတ်မှတ်ချက်မရှိပါဘူး။ တစ်ကယ်လို့ မြို့ထဲမှာ အကောင်ရေပမာဏ များလာတယ် ဆိုရင်တော့ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်လို့ ဒေသအာဏပိုင်က မွေးခွင့် မပေးတော့ဘူးဆိုရင် မွေးမြူရေးဇုန်မှာ မဟုတ်လည်း တခြား အဆင်ပြေမယ့် နေရာကို ရွှေ့မှာပါ” ဟု ဒေါက်တာ အောင်မင်းထွန်းက ပြောသည်။

တောင်ကြီးမြို့ အနီးတစ်ဝိုက်တွင် မွေးမြူရေးဇုန်များ အဖြစ် ရှမ်းရိုးမမွေးမြူရေးဇုန် (၁)ကို ညောင်ရွှမြေို့ သီလောကျေးရွာအုပ်စု၊ ထီရီ-ထီပုံးရွာအနီးတွင်၂၀၀၉ ခုနှစ်က မြေဧက (၄၂၉.၆၇)တွင် တည်ထောင်ထားပြီး ရှမ်းရိုးမမွေးမြူရေးဇုန် (၂)ကို ကျောက်တလုံးကြီးမြို့၊ အသုံးတော် ကျေးရွာအုပ်စု၊ နမ့်ကွတ်ကျေးရွာတောင်ဘက် (၃)မိုင်အကွာရှိ ဧက (၅၀၀) ကျော်ခန့်တွင် ၂၀၁၅ ခုနှစ် ဧပြီလ (၄) ရက်နေ့က စတင်တည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကြက်မွေးမြူရေးဇုန်က သစ်တောနဲ့ ငှါးထားတာပါ။ နိုင်ငံတော်ကို တရားဝင်ငှါးထားတာပါ။ လမ်း၊တံတား၊ရေ၊ မီးကို ကို်ယ်ထူကိုယ်ထ လုပ်ရတာပါ။ ကျွန်တော်တို့ဇုန်(၁)မှာက တစ်ဧကကို ကျပ်သိန်း (၂၀) ကျော် ကုန်ကျငွေ ရှိတယ်။ ဇုန်(၂)ကတော့ အခုမှစ အကောင်အထည် ဖော်နေတော့ ဈေးနှုန်းမပြောတတ်သေးပါဘူး။ ကုန်ကျငွေတွေကို သက်ဆိုင်ရာ ဇုန်မှာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနဲ့ ကြီးကြပ်ရေး ကော်မတီကနေ ဆုံးဖြတ်ပြီး ပြန်ချပေးပါတယ်။ ဇုန်(၁)နဲ့ (၂) မှာလည်း စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပေးထားတာရှိပါတယ်။ ဇုန် (၂) အနေနဲ့က အခုမှ အကောင်အထည်ဖော် ဆောင်ရွက်နေတုန်းပါ။ အခုလောလော ဆယ်တော့ အရင်တုန်းက ကြက်မမွေးဖူးသေးတဲ့ လူတွေက အဲဒီမှာ လာမွေးကြတယ်။ မြေဧကကိုလည်း ယူချင်သလောက် ပေးပါတယ်။ ငွေကိုတော့ သုံးရစ်ခွဲသွင်းရမှာပါ” ဟု ဒေါက်တာအောင်မင်းထွန်းက ပြောသည်။

ရှမ်းရိုးမမွေးမြူရေးဇုန် (၁) တွင် တစ်ဧကလျှင် ကြက်အကောင်ရေ (၅၀၀၀) နှုန်းဖြင့် ခွင့်ပြုထားရာ လက်ရှိ အချိန်ထိ ကြက်ရုံပေါင်း (၁၉၆) ရုံတွင် ကြက်အကောင်ရေ (၇)သိန်းကျော် မွေးမြူထားကြောင်း သိရသည်။

ရှမ်းရိုးမ မွေးမြူရေးဇုန်(၂) တွင် လက်ရှိလုပ်ငန်းလုပ်ကိုင်သူ (၆)ဦးက ကြက်ရုံပေါင်း( ၇)ရုံတွင် ကြက်အကောင်ရေ (၃၀၀၀၀) မွေးမြူထားပြီး နှစ်ကုန်တွင် လုပ်ငန်းဖော်ဆောင်ရန် စာရင်းပေးသွင်းထားသူ (၆၈) ဦးရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~