ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်အတွင်းရှိ ပင၊ ပါချီး၊ နမ့်လောင်း၊ ဝမ်ဆော့၊ လွယ်နှိုင်း၊ မိုင်းအော့၊ နန့်ပန်လန်ကျေးရွာများအနီး စိုက်ပျိုးထားသည့် ဘိန်းခင်းဧက (၃၀၀)ခန့်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် ဟွေလွတ်၊ ပါတက်၊ ၇ မိုင်ကျေးရွာများအနီးမှ ဘိန်းစိုက်ခင်း (၂၅)ဧကခန့်တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသများတွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီးရန် အတွက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၏ ညွန်ကြားချက်ဖြင့် နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ်ဇော်နိုင်ဦး ဦးစီးသည့် တပ်မတော်သားများ၊ မိုင်းရှုးမြို့နယ် ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသခံများ ပူးပေါင်းသည့် အဖွဲ့ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - မောင်ယဉ်ကျေး