ရွမ္းျပည္နယ္တြင္း အေသးစား အလတ္စား လုပ္ငန္းမ်ားအား ဘဏ္မ်ားမွ ေခ်းေငြ ထုတ္ေပးေနမႈတြင္ ၾကန္႔ၾကာမႈမ်ား ေလွ်ာ့ခ်ႏိုင္ေရး အတြက္ ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ေငြေရးေၾကးေရး ႀကီးၾကပ္ စစ္ေဆးေရး ဦးစီးဌာနႏွင့္ အေသးစား အလတ္စား လုပ္ငန္းရွင္မ်ား၊ ဘဏ္မ်ားမွ တာဝန္ရိွသူမ်ား ေဆြးေႏြးေၾကာင္း သိရသည္။
“ဘဏ္က ထိုက္သင့္တဲ့ အတိုးႏႈန္းလည္းရေနတာကို လုပ္ငန္းရွင္ေတြရဲ႕ လိုအပ္ခ်က္ မထုတ္ေခ်းေပးႏိုင္ဘူး အခ်ိန္ဆြဲၾကတယ္”ဟု ျပည္နယ္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုက အဆိုပါ ေဆြးေႏြးပြဲတြင္ ဘဏ္လုပ္ငန္းမ်ား၏ ၾကန္႔ၾကာမႈႏွင့္ပတ္သက္၍ ေျပာသည္။
အဆိုပါ ေဆြးေႏြးပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု၊ ကေမၻာဇဘဏ္၊ စီဘီဘဏ္၊ ျမန္မာ့ေရွ႕ေဆာင္ဘဏ္၊ ဧရာဝတီဘဏ္၊ အေသးစား အလတ္စားစီးပြားေရးလုပ္ငန္းရွင္မ်ား၊ ေငြေရးေၾကးေရး ႀကီးၾကပ္စစ္ေဆးေရး ဦးစီးဌာန၊ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနတို႔မွ လူဦးေရ (၈၀) ခန္႔ ေတာင္ႀကီးၿမိဳ႕တြင္ ေဖေဖၚဝါရီလ (၄) ရက္ေန႔က ေဆြးေႏြးၾကေၾကာင္း သိရသည္။
“ေခ်းေငြမွာ လုပ္ငန္း အေျခအေနၾကည့္တယ္။ အာမခံ ပစၥည္းေတြကို အေပါင္အေနနဲ႔ ယူထားတာေတြ ရွိတယ္။ နိုင္ငံေတာ္က ခြင့္ျပဳထားတဲ႕ တရား၀င္လုပ္ငန္းေတြဆို အကုန္ေခ်းေပးပါတယ္။ ေနာက္ပိုင္းဆိုရင္ SME လုပ္ငန္းကို က်ပ္သိန္းငါးေထာင္အထိ ထုတ္ေခ်းေပးဖို႕ အစီအစဥ္ရွိပါတယ္”ဟု ကေမၻာဇဘဏ္၊ ေတာင္ႀကီးဘဏ္ခြဲ(၁)၊ ေခ်းေငြဌာန (၅) ဒုမန္ေနဂ်ာေဒၚစုစံက ေျပာသည္။
အေသးစား အလတ္စားေခ်းေငြ ေလွ်ာက္ထားျခင္းအား ျပည္နယ္ဘဏ္ခြဲမ်ားမွ ရံုးခ်ဳပ္သို႔ တင္ျပထားၿပီး ရံုးခ်ဳပ္မွ ျပန္လည္ ခြင့္ျပဳသည္ကို ေစာင့္ဆုိင္းရေလ့ ရိွသည္ဟု ကေမၻာဇဘဏ္ ေတာင္ႀကီးဘဏ္ခြဲမွ သိရသည္။
အဆိုပါ ေဆြးေႏြးပြဲတြင္ အေသးစား အလတ္စား လုပ္ငန္းရွင္မ်ားက ဘဏ္ေခ်းေငြ ၾကန္႔ၾကာမႈမ်ားႏွင့္ ပတ္သက္၍ တင္ျပ ေဆြးေႏြးၾကေၾကာင္း သိရသည္။
သတင္း - ႏိုႏို
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်တွင်း အသေးစား အလတ်စား လုပ်ငန်းများအား ဘဏ်များမှ ချေးငွေ ထုတ်ပေးနေမှုတွင် ကြန့်ကြာမှုများ လျှော့ချနိုင်ရေး အတွက် ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနနှင့် အသေးစား အလတ်စား လုပ်ငန်းရှင်များ၊ ဘဏ်များမှ တာဝန်ရှိသူများ ဆွေးနွေးကြောင်း သိရသည်။
“ဘဏ်က ထိုက်သင့်တဲ့ အတိုးနှုန်းလည်းရနေတာကို လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက် မထုတ်ချေးပေးနိုင်ဘူး အချိန်ဆွဲကြတယ်”ဟု ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက အဆိုပါ ဆွေးနွေးပွဲတွင် ဘဏ်လုပ်ငန်းများ၏ ကြန့်ကြာမှုနှင့်ပတ်သက်၍ ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ လူဦးရေ (၈၀) ခန့် တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ (၄) ရက်နေ့က ဆွေးနွေးကြကြောင်း သိရသည်။
“ချေးငွေမှာ လုပ်ငန်း အခြေအနကြေည့်တယ်။ အာမခံ ပစ္စည်းတွေကို အပေါင်အနေနဲ့ ယူထားတာတွေ ရှိတယ်။ နိုင်ငံတော်က ခွင့်ပြုထားတဲ့ တရားဝင်လုပ်ငန်းတွေဆို အကုန်ချေးပေးပါတယ်။ နောက်ပိုင်းဆိုရင် SME လုပ်ငန်းကို ကျပ်သိန်းငါးထောင်အထိ ထုတ်ချေးပေးဖို့ အစီအစဉ်ရှိပါတယ်”ဟု ကမ္ဘောဇဘဏ်၊ တောင်ကြီးဘဏ်ခွဲ(၁)၊ ချေးငွေဌာန (၅) ဒုမန်နေဂျာဒေါ်စုစံက ပြောသည်။
အသေးစား အလတ်စားချေးငွေ လျှောက်ထားခြင်းအား ပြည်နယ်ဘဏ်ခွဲများမှ ရုံးချုပ်သို့ တင်ပြထားပြီး ရုံးချုပ်မှ ပြန်လည် ခွင့်ပြုသည်ကို စောင့်ဆိုင်းရလေ့ ရှိသည်ဟု ကမ္ဘောဇဘဏ် တောင်ကြီးဘဏ်ခွဲမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အသေးစား အလတ်စား လုပ်ငန်းရှင်များက ဘဏ်ချေးငွေ ကြန့်ကြာမှုများနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးကြကြောင်း သိရသည်။
သတင်း - နိုနို