ေခ်ာက္ၿမိဳ႕ ေရနံႏွင့္သဘာဝဓာတ္ေငြ႔လုပ္ငန္းပိုင္ ေနအိမ္တစ္လံုး ဝါယာႀကိဳးအပူလြန္ကဲ၍ မီးေလာင္မႈျဖစ္ပြား

ေခ်ာက္ၿမိဳ႕ ေရနံႏွင့္သဘာဝဓာတ္ေငြ႔လုပ္ငန္းပိုင္ ေနအိမ္တစ္လံုး ဝါယာႀကိဳးအပူလြန္ကဲ၍ မီးေလာင္မႈျဖစ္ပြား
မတ် 23, 2017
By Tachileik News Agency
မေကြးတုိင္းေဒသႀကီး ၊ ေခ်ာက္ၿမိဳ႕ ေရနံႏွင့္သဘာဝ ဓာတ္ေငြ႔လုပ္ငန္းပိုင္ ေနအိမ္တစ္လံုးတြင္ သြယ္တန္းထားသည့္ ဝါယာႀကိဳး အပူလြန္ကဲ၍ မတ္လ(၂၃)ရက္ေန႔ အကူး(၀၀း၂၀)နာရီ၀န္းက်င္က မီးေလာင္ကၽြမ္းမႈျဖစ္ပြားေၾကာင္း ေခ်ာက္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ သိရသည္။
မတ္လ(၂၂)ရက္ ညသန္းေခါင္ေက်ာ္အခ်ိန္တြင္ ေခ်ာက္ၿမိဳ႕ အမွတ္(၅)ရပ္ကြက္၊ တမာတန္းရပ္ေန ေရနံအငယ္တန္းအင္ဂ်င္နီယာ-၁ ဦးေနမ်ိဳးထြန္း (လွ်ပ္စစ္ဌာန)၏ ေနအိမ္မီးေလာင္ကၽြမ္းမႈ ျဖစ္ပြား၍ ေခ်ာက္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာန မွ မီးသတ္ယာဥ္ႏွင့္ မီးသတ္တပ္ဖဲြ႔ဝင္မ်ား၊ ေခ်ာက္ ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖဲြ႔ဝင္မ်ား၊ ေရနံမီးသတ္ဌာနမွ မီးသတ္တပ္ဖဲြ႔ဝင္မ်ားႏွင္႔ ရပ္ကြက္သူ/ ရပ္ကြက္သား စုစုေပါင္း အင္အား (၂၀၀)ခန္႔တို႔က ဝိုင္းဝန္း ၿငိႇမ္းသတ္ႏိုင္ခဲ႔ ၾကသျဖင္႔ ထိုေန႔နံနက္ (၀၀း၄၅) မိနစ္အခ်ိန္ခန္႔တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။
“ေနအိမ္မွာ သြယ္တန္းထားတဲ႔ ဝါယာႀကိဳး အပူလြန္ကဲၿပီး မီးေလာင္တာလို႔ စစ္ေဆးေတြ႔ရိွရပါတယ္။ သံုးပင္ ေလးပင္ပတ္လည္ အလ်ား ေပ ၃၀ ၊ အနံ ၂၄ေပ ႏွစ္ထပ္သြပ္မိုး၊ ထရန္ကာ၊ ပ်ဥ္ခင္းေနအိမ္ တစ္လံုး မီးေလာင္ပ်က္စီးသြားခဲ႔ပါတယ္”ဟု ေခ်ာက္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ တာဝန္ရိွသူတစ္ဦးက ေျပာသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ ခန္႔မွန္းတြက္ခ်က္မႈအရ (၁,၁၅၂,၀၀၀)က်ပ္ခန္႔ ဆံုးရံႈးၿပီး ေနအိမ္ပိုင္ရွင္ ဦးေနမ်ိဳးထြန္းအား ေခ်ာက္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ (ပ)၇၈/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ အရ အမႈဖြင္႔အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းပိုင် နေအိမ်တစ်လုံးတွင် သွယ်တန်းထားသည့် ဝါယာကြိုး အပူလွန်ကဲ၍ မတ်လ(၂၃)ရက်နေ့ အကူး(ဝဝး၂၀)နာရီဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း ချောက်မြို့ မြို့မရဲစခန်းမှ သိရသည်။

မတ်လ(၂၂)ရက် ညသန်းခေါင်ကျော်အချိန်တွင် ချောက်မြို့ အမှတ်(၅)ရပ်ကွက်၊ တမာတန်းရပ်နေ ရေနံအငယ်တန်းအင်ဂျင်နီယာ-၁ ဦးနေမျိုးထွန်း (လျှပ်စစ်ဌာန)၏ နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွား၍ ချောက်မြို့နယ် မီးသတ်ဦးစီးဌာန မှ မီးသတ်ယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ချောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရေနံမီးသတ်ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူ/ ရပ်ကွက်သား စုစုပေါင်း အင်အား (၂၀၀)ခန့်တို့က ဝိုင်းဝန်း ငြှိမ်းသတ်နိုင်ခဲ့ ကြသဖြင့် ထိုနေ့နံနက် (ဝဝး၄၅) မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“နေအိမ်မှာ သွယ်တန်းထားတဲ့ ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်တာလို့ စစ်ဆေးတွေ့ရှိရပါတယ်။ သုံးပင် လေးပင်ပတ်လည် အလျား ပေ ၃၀၊ အနံ ၂၄ပေ နှစ်ထပ်သွပ်မိုး၊ ထရန်ကာ၊ ပျဉ်ခင်းနေအိမ် တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်”ဟု ချောက်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် ခန့်မှန်းတွက်ချက်မှုအရ (၁,၁၅၂,ဝဝဝ)ကျပ်ခန့် ဆုံးရှုံးပြီး နေအိမ်ပိုင်ရှင် ဦးနေမျိုးထွန်းအား ချောက်မြို့ မြို့မရဲစခန်းမှ (ပ)၇၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~