မိုင်းဖြတ်တွင် (၅)ည တိုင်တိုင် တရားပွဲအား ကျင်းပမည်၊ ရှမ်းဘာသာဖြင့် ဟောကြားမည့် ဆရာတော်များလည်း ပါဝင်

မိုင်းဖြတ်တွင် (၅)ည တိုင်တိုင် တရားပွဲအား ကျင်းပမည်၊ ရှမ်းဘာသာဖြင့် ဟောကြားမည့် ဆရာတော်များလည်း ပါဝင်
မတျ 6, 2017
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် (၅)ညတိုင်တိုင် တရားပွဲအား အခြေခံပညာ အထက်တန်ကျောင်း (မိုင်းဖြတ်)၏ ကျောင်းဝန်းအတွင်း မတ်လ(၂၁)ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ ညစဉ်(၇)နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် တရားတော်ဟောကြားမည် ဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ မိုင်းဖြတ်မြို့နယ် မှာ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်တွေများတဲ့ အတွက် ရှမ်း/ဗမာ ၂ ဘာသာနဲ့ တရားဟောနိုင်တဲ့ ဆရာတော်ကြီးတွေလည်း ပင့်ဖိတ်ထား ပါတယ် "ဟု ဓမ္မပူဇာ တရားအလှူတော် ဖြစ်မြောက်ရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် (၅)ညတို်င်တိုင် တရားပွဲအား အခြေခံပညာ အထက်တန်ကျောင်း (မိုင်းဖြတ်)၏ ကျောင်းဝန်းအတွင်း မတ်လ(၂၁)ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ ညစဉ်(၇)နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် တရားတော်ဟောကြားမည် ဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ မိုင်းဖြတ်မြို့နယ် မှာ ရှမ်းလူမျိူး ဗုဒ္ဓဘာသာဝင်တွေများတဲ့ အတွက် ရှမ်း/ဗမာ ၂ ဘာသာနဲ့ တရားဟောနိုင်တဲ့ ဆရာတော်ကြီးတွေလည်း ပင့်ဖိတ်ထား ပါတယ် "ဟု ဓမ္မပူဇာ တရားအလှူတော် ဖြစ်မြောက်ရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တရားပွဲအား မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ဒေသခံမြို့သူ၊ မြို့သားများမှ စုပေါင်းဆင်ယင်ကျင်းပခြင်းဖြစ်ရာ စတုတ္ထအကြိမ်မြောက် ဖြစ်ကြောင်း နှင့် တရားပွဲတွင် ရွှေလင်းယုန်ဆရာတော်ဘုရားကြီးလည်း ကြွရောက်၍ တရားတော် ဟောကြားတော်မူမှာ ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုသာ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~