ရွမ္းျပည္နယ္ေတာင္ပိုင္းမွ တကၠသိုုလ္ဝင္ စာေမးပြဲ ေျဖဆိုမည့္သူ စာရင္းမွာ ယခင္ႏွစ္ထက္ (၄,၀၀၀)ေက်ာ္ တိုးလာေၾကာင္း ျပည္နယ္ပညာေရးမွဴး ညြန္ၾကားေရးမွဴး ဦးျမင့္ေအာင္ထံမွ သိရသည္။
“ရွမ္းေတာင္အေနနဲ႔ဆိုရင္ ဒီႏွစ္ေျဖဆိုသူ စာရင္းရွိက အရင္ႏွစ္ထက္ လူဦးေရ ေလးေထာင္ေက်ာ္ ပိုတိုးလာတယ္။ ဒါကတကယ့္ကို ဝမ္းသာစရာ ေကာင္းပါတယ္။ စာရင္းရွိမ်ားတယ္ ဆိုေပမဲ့လည္း ေျဖဆိုမယ့္ အခ်ိန္မွာ အကုန္ အျပည့္လာမွာေတာ့ မဟုတ္ဘူး။ နည္းနည္းေတာ့ ေလ်ာ့မွာေပါ့ေနာ္။ ေျဖဆိုသူ မ်ားလာတာက တကယ္ကို ေကာင္းပါတယ္။ က်ား ေရာ၊ မ ေရာ ေျဖဆိုသူ တိုးလာပါတယ္”ဟု ဦးျမင့္ေအာင္က ေျပာသည္။
ရွမ္းျပည္နယ္ေတာင္ပိုင္း စာစစ္ဌာနမ်ားမွ ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္ တကၠသိုလ္၀င္ စာေမးပြဲေျဖဆိုသူ စာရင္းမွာ (၂၄,၂၅၂) ဦးရွိၿပီး၊ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ တကၠသိုလ္၀င္ စာေမးပြဲေျဖဆိုမည့္ စာရင္းမွာ (၂၈,၄၉၂) ဦး ရွိေၾကာင္း သိရသည္။
“ေတာင္ႀကီးၿမိဳ႕ အေနနဲ႔ဆိုရင္ အရင္ႏွစ္ထက္ ေယာက္်ားေလးက တိုးၿပီး မိန္းကေလးက ေလ်ာ့သြားတယ္။ အရင္ႏွစ္က မိန္းကေလးမ်ားတယ္။ ေျဖဆိုသူကေတာ့ ေတာင္ႀကီးမွာလည္း မ်ားပါတယ္။ မိုင္းကိုင္ကေတာ့ ေျဖဆိုသူ အနည္းဆံုးပါ။ သူက ၿမိဳ႕ငယ္လည္း ျဖစ္ေနလို႔ပါ။ စာစစ္ဌာန အေနနဲ႔ ရွမ္းေတာင္တစ္ခုလံုး စာစစ္ဌာနေပါင္း (၆၆) ခု နဲဲ႔ စစ္ေဆးသြားမွာပါ”ဟု ၎က ေျပာသည္။
တကၠသိုလ္ဝင္ စာေမးပြဲမ်ားမွာ မတ္လ (၈) ရက္ေန႔မွ (၁၇) ရက္ေန႔အထိ ေျဖဆိုၾကရမည္ျဖစ္သည္။
သတင္း - ႏိုႏို
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူစာရင်းမှာ ယခင်နှစ်ထက် (၄၀၀၀)ကျော် တိုးလာကြောင်း ပြည်နယ်ပညာရေးမှူး ညွန်ကြားရေးမှူး ဦးမြင့်အောင်ထံမှ သိရသည်။
“ရှမ်းတောင်အနေနဲ့ဆိုရင် ဒီနှစ်ဖြေဆိုသူ စာရင်းရှိက အရင်နှစ်ထက် လူဦးရေ လေးထောင်ကျော် ပိုတိုးလာတယ်။ ဒါကတကယ့်ကို ဝမ်းသာစရာ ကောင်းပါတယ်။ စာရင်းရှိများတယ် ဆိုပေမဲ့လည်း ဖြေဆိုမယ့် အချိန်မှာ အကုန်အပြည့်လာမှာတော့ မဟုတ်ဘူး။ နည်းနည်းတော့ လျော့မှာပေါ့နော်။ ဖြေဆိုသူ များလာတာက တကယ်ကို ကောင်းပါတယ်။ ကျား ရော၊ မ ရော ဖြေဆိုသူ တိုးလာပါတယ်”ဟု ဦးမြင့်အောင်က ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း စာစစ်ဌာနများမှ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ စာရင်းမှာ (၂၄,၂၅၂) ဦးရှိပြီး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာရင်းမှာ (၂၈,၄၉၂) ဦး ရှိကြောင်း သိရသည်။
“တောင်ကြီးမြို့ အနေနဲ့ဆိုရင် အရင်နှစ်ထက် ယောက်ျားလေးက တိုးပြီး မိန်းကလေးက လျော့သွားတယ်။ အရင်နှစ်က မိန်းကလေးများတယ်။ ဖြေဆိုသူကတော့ တောင်ကြီးမှာလည်း များပါတယ်။ မိုင်းကိုင်ကတော့ ဖြေဆိုသူ အနည်းဆုံးပါ။ သူက မြို့ငယ်လည်း ဖြစ်နေလို့ပါ။ စာစစ်ဌာန အနေနဲ့ ရှမ်းတောင်တစ်ခုလုံး စာစစ်ဌာနပေါင်း (၆၆) ခု နဲ့ စစ်ဆေးသွားမှာပါ”ဟု၎င်းက ပြောသည်။
တက္ကသိုလ်ဝင် စာမေးပွဲများမှာ မတ်လ (၈) ရက်နေ့မှ (၁၇) ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်သည်။
သတင်း - နိုနို