ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ ပထမဆံုး လူငယ္စင္တာ က်ဳိင္းတံုတြင္ ဖြင့္လွစ္

ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ ပထမဆံုး လူငယ္စင္တာ က်ဳိင္းတံုတြင္ ဖြင့္လွစ္
ဖေဖော်ဝါရီ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ ့ပိုင္း၏ ပထမဆုံး လူငယ္စင္တာကို ေဖေဖာ္၀ါရီလ(၁)ရက္ေန႔က က်ိဳင္းတုံၿမိဳ ့ရိွ အမွတ္(၄)ရပ္ကြက္ ငု၀ါလမ္းသြယ္(၂)တြင္ ဖြင့္လွစ္လိုက္သည္။

"ဒီလူငယ္စင္တာကို ဒီေဒသက လူငယ္ေရးရာ က႑ေတြကို ပိုၿပီးလုပ္ႏိုင္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ ့ ဖြင့္လွစ္တာျဖစ္ပါတယ္။ လက္ရိွမွာေတာ့ လူငယ္စင္တာ ယာယီအလုပ္အမႈေဆာင္ေကာ္မတီကို အဖြဲ ့၀င္ (၁၇)ေယာက္နဲ ့ ဖြဲ ့စည္းထားၿပီးေတာ့ ေကာ္မတီရဲ႕ သက္တမ္းကေတာ့ (၆)လရိွပါတယ္"ဟု က်ိဳင္းတုံလူငယ္စင္တာအဖြဲ ့ေခါင္းေဆာင္ ကိုေအာင္ဘိုဘိုက ေျပာသည္။

က်ိဳင္းတုံ လူငယ္စင္တာ၏ အဓိက ရည္ရြယ္ခ်က္မ်ားမွာ လူငယ္အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးၿပီး အသိပညာ၊ အတတ္ပညာ၊ ဗဟုသုတမ်ား အျပန္အလွန္ ဖလွယ္ႏိုင္ေစေရး၊ လူငယ္မ်ား အားကစား၊ လူမႈ အသိပညာမ်ား၊ အတတ္ပညာမ်ား စသည့္က႑မ်ားတြင္ ပါ၀င္လာျခင္းျဖင့္ လူငယ္က႑ဘက္စုံ ဖြံ႔ၿဖိဳး တိုးတက္လာေစေရး၊ လူငယ္မ်ားအတြက္ လုံၿခဳံေကာင္းမြန္ေသာ အသိုက္အျမဳံတစ္ခု ေပၚေပါက္လာေစေရး၊ လူငယ္မ်ား၏ တန္ဖိုးရိွေသာ အခ်ိန္မ်ားႏွင့္ အရည္အေသြးမ်ားအား အက်ိဳးရိွရိွ အသုံးခ်၍ လူငယ္ က႑မ်ားတြင္ တက္ၾကြစြာပါ၀င္လာေစေရးႏွင့္ ေရရွည္တည္တံ့ေသာ သဘာ၀ပတ္၀န္းက်င္၊ လူမႈ၀န္းက်င္ ထိန္းသိမ္းေရးႏွင့္ ေဒသဖြံ ့ျဖိဳးေရး လိုအပ္ခ်က္မ်ား အၾကား ဟန္ခ်က္ညီမွ်ေရးအတြက္ တက္ၾကြစြာ ပါ၀င္လာေစရန္ တို ့အတြက္ ျဖစ္ေၾကာင္း သိရသည္။

"ဒီစင္တာမွာ လူငယ္ေတြအေနနဲ ့ စာအုပ္၊စာေပေတြ လာဖတ္လို ့ရမယ္။ ေနာက္ၿပီး ၾကက္ေတာင္၊ ပင္ေပါင္၊ စစ္တုရင္ ဒါေတြကိုလည္း ဒီမွာလာကစားလို ့ရပါမယ္။ ၿပီးရင္ အႏုပညာကို စိတ္၀င္စားတဲ့ လူငယ္ေတြအတြက္ ဂစ္တာ၊ တေယာ စတဲ့ သင္တန္းေတြကို တတ္သိတဲ့ ပညာရွင္ေတြကို ဖိတ္ေခၚၿပီး သင္ေပးသြားဖို ့ရိွပါတယ္။ ေနာက္ျပီး လူငယ္ေတြအတြက္ Personal Ledaship and Management သင္တန္းေတြကိုလည္း အခါအားေလ်ာ္စြာ စီစဥ္ေပးသြားမွာပါ"ဟု က်ိဳင္းတုံလူငယ္စင္တာမွ ေဒါက္တာဂ်ိဳးေဇာ္ ကေျပာသည္။

စင္တာအတြင္း WIFI အခမဲ့ အသုံးျပဳသြားႏိုင္ရန္လည္း စီစဥ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"အခုလို လူငယ္စင္တာဖြင့္လိုက္တယ္ဆိုေတာ့ လူငယ္ေတြအတြက္ အရမ္းေကာင္းပါတယ္။ ကိုယ္အားတဲ့အခ်ိန္ေတြမွာ ဒီကိုလာျပီး ကုိယ့္ရဲ ့အခ်ိန္ေတြကို အက်ိဳးရိွရိွ အသုံးခ်ႏိုင္တာေပါ့။ ေနာက္ပိုင္းက်ရင္ သင္တန္းေတြဖြင့္ ေပးမယ္လို ့လည္းၾကားတယ္"ဟု က်ိဳင္းတုံကြန္ပ်ဴတာတကၠသိုလ္မွ ေမာင္စိုးေ၀ယံေက်ာ္က ေျပာသည္။

လူငယ္စင္တာကို ရုံးဖြင့္ရက္မ်ားတြင္ ေန ့လည္(၁၂)နာရီမွ ည(၈)နာရီအထိႏွင့္ ရုံးပတ္ရက္မ်ားတြင္မူ နံနက္(၈)နာရီမွ ည(၈)နာရီအထိ ဖြင့္လွစ္ထားရိွမည္ျဖစ္ေၾကာင္း ႏွင့္ ဖြင့္ပြဲအခမ္းအနားသို႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈ၀န္ထမ္း ဦးစီးဌာနရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏိုင္ ႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား တက္ေရာက္လာခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ပထမဆုံး လူငယ်စင်တာကို ဖေဖော်ဝါရီလ(၁)ရက်နေ့က ကျိုင်းတုံမြို့ရှိ အမှတ်(၄)ရပ်ကွက် ငုဝါလမ်းသွယ်(၂)တွင် ဖွင့်လှစ်လိုက်သည်။

"ဒီလူငယ်စင်တာကို ဒီဒေသက လူငယ်ရေးရာ ကဏ္ဍတွေကို ပိုပြီးလုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ လူငယ်စင်တာ ယာယီအလုပ်အမှုဆောင်ကော်မတီကို အဖွဲ့ဝင် (၁၇)ယောက်နဲ့ ဖွဲ့စည်းထားပြီးတော့ ကော်မတီရဲ့ သက်တမ်းကတော့ (၆)လရှိပါတယ်"ဟု ကျိုင်းတုံလူငယ်စင်တာအဖွဲ့ခေါင်းဆောင် ကိုအောင်ဘိုဘိုက ပြောသည်။

ကျိုင်းတုံ လူငယ်စင်တာ၏ အဓိက ရည်ရွယ်ချက်များမှာ လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးပြီး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ အပြန်အလှန် ဖလှယ်နိုင်စေရေး၊ လူငယ်များ အားကစား၊ လူမှု အသိပညာများ၊ အတတ်ပညာများ စသည့်ကဏ္ဍများတွင် ပါဝင်လာခြင်းဖြင့် လူငယ်ကဏ္ဍဘက်စုံ ဖွံ့ဖြိုး တိုးတက်လာစေရေး၊ လူငယ်များအတွက် လုံခြုံကောင်းမွန်သော အသိုက်အမြုံတစ်ခု ပေါ်ပေါက်လာစေရေး၊ လူငယ်များ၏ တန်ဖိုးရှိသော အချိန်များနှင့် အရည်အသွေးများအား အကျိုးရှိရှိ အသုံးချ၍ လူငယ် ကဏ္ဍများတွင် တက်ကြွစွာပါဝင်လာစေရေးနှင့် ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ အကြား ဟန်ချက်ညီမျှရေးအတွက် တက်ကြွစွာ ပါဝင်လာစေရန် တို့အတွက် ဖြစ်ကြောင်း သိရသည်။

"ဒီစင်တာမှာ လူငယ်တွေအနေနဲ့ စာအုပ်၊စာပေတွေ လာဖတ်လို့ရမယ်။ နောက်ပြီး ကြက်တောင်၊ ပင်ပေါင်၊ စစ်တုရင် ဒါတွေကိုလည်း ဒီမှာလာကစားလို့ရပါမယ်။ ပြီးရင် အနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဂစ်တာ၊ တယော စတဲ့ သင်တန်းတွေကို တတ်သိတဲ့ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး သင်ပေးသွားဖို့ရှိပါတယ်။ နောက်ပြီး လူငယ်တွေအတွက် Personal Ledaship and Management သင်တန်းတွေကိုလည်း အခါအားလျော်စွာ စီစဉ်ပေးသွားမှာပါ"ဟု ကျိုင်းတုံလူငယ်စင်တာမှ ဒေါက်တာဂျိုးဇော် ကပြောသည်။

စင်တာအတွင်း WIFI အခမဲ့ အသုံးပြုသွားနိုင်ရန်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလို လူငယ်စင်တာဖွင့်လိုက်တယ်ဆိုတော့ လူငယ်တွေအတွက် အရမ်းကောင်းပါတယ်။ ကိုယ်အားတဲ့အချိန်တွေမှာ ဒီကိုလာပြီး ကိုယ့်ရဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်တာပေါ့။ နောက်ပိုင်းကျရင် သင်တန်းတွေဖွင့် ပေးမယ်လို့လည်းကြားတယ်"ဟု ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်မှ မောင်စိုးေဝယံကျော်က ပြောသည်။

လူငယ်စင်တာကို ရုံးဖွင့်ရက်များတွင် နေ့လည်(၁၂)နာရီမှ ည(၈)နာရီအထိနှင့် ရုံးပတ်ရက်များတွင်မူ နံနက်(၈)နာရီမှ ည(၈)နာရီအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း နှင့် ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင် နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်လာခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~