ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္ ခတၱာလမ္းဆံုအနီး ႏွင့္ ဆန္ဆိုင္း ဟိုတယ္ေရွ႕ ဗိုလ္ခ်ဳပ္လမ္းမေပၚတြင္ ေဖေဖၚဝါရီလ (၄) ရက္ေန႔ ညက ယာဥ္တုိက္မႈေၾကာင့္ ဒဏ္ရာရသူ (၅)ဦး ေဆးကုသမႈခံယူစဥ္ တစ္ဦးေသဆံုးသြားေၾကာင္း သိရသည္။
ယာဥ္ထိန္းရဲတပ္ဖြဲ႕ႏွင့္ သက္ဆိုင္ရာမ်ားသည္ ဇန္နဝါရီလ (၄)ရက္ေန႔ (၁၁)နာရီ၀န္းက်င္တြင္ ယာဥ္တိုက္မႈျဖစ္ပြားေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးရာ အားကစားရံုသြားသည့္လမ္းဆံုဘက္မွ ပံုလို႔လမ္းဆံုဘက္မွ ေမာင္းႏွင္လာသည့္ CALDINA အျဖဴေရာင္ယာဥ္သည္ အခင္းျဖစ္ေနရာ အေရာက္တြင္ လမ္းဝဲဘက္ရိွ ေခတၱာလမ္းသြယ္အတြင္း ခ်ိဳးဝင္စဥ္ ပံုလို႔လမ္းဆံုဘက္မွ ေမာင္းႏွင္လာသည့္ Hilux REVO အျဖဴေရာင္ယာဥ္ႏွင့္ တိုက္မိျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရိွရသည္ဟု သိရသည္။
အဆိုပါ ယာဥ္တုိက္မႈေၾကာင့္ CALDINA ယာဥ္အား ေမာင္းႏွင္လာသူ စိုးဝင္းသိန္း၊ ေရွ႕ေခါင္းခန္းတြင္ ေက်ာ္လင္းဦးႏွင့္ ယာဥ္ေနာက္ခန္းတြင္ လုိက္ပါလာသည့္ ေအာင္ႏို္င္လင္း၊ Hilux REVO ေမာင္းႏွင္လာသည့္ ေမာင္ယာကု(ခ)အိုက္ငိုင္းႏွင့္ ယာဥ္ေပၚအတူလိုက္ပါလာသည့္ ေမာင္က်အူတို႔ (၅)ဦးမွာ ဒဏ္ရာမ်ားရရိွသြားသျဖင့္ တာခ်ီလိတ္ၿမိဳ႕မေဆးရံုသို႔ ပို႔ေဆာင္ကုသစဥ္ ေအာင္ႏုိင္လင္းမွာ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
"လမ္းေဘးမွာ သစ္ပင္ရွိတာ ကံေကာင္းတယ္လို႔ ေျပာရမွာပဲ၊ ကားက အရွိန္အရမ္းျပင္းေတာ့ သစ္ပင္သာမရွိရင္ ေဘးနာက အိမ္ကို တိုး၀င္သြားႏိုင္တယ္။"ဟု ယာဥ္တိုက္မႈ ျဖစ္စဥ္အနီးတြင္ရွိသူ အမ်ဳိးသားတစ္ဦးက ဆိုသည္။
မ်က္ႏွာခ်င္းဆုိင္ ယာဥ္ေၾကာမရွင္းဘဲ ခ်ိဳးေကြ႕ေမာင္းနွင္စဥ္ ဝင္ေရာက္တိုက္မိျခင္းျဖစ္သည္ဟု ရဲမွတ္တမ္းအရ သိရသည္။
အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္မွ CALDINA ယာဥ္ေမာင္း စိုးဝင္းသိန္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၅/၁၇ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/ ၃၀၄-က အရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ခတ္တာလမ်းဆုံအနီး နှင့် ဆန်ဆိုင်း ဟိုတယ်ရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဖေဖော်ဝါရီလ (၄) ရက်နေ့ ညက ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ (၅)ဦး ဆေးကုသမှုခံယူစဉ် တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာများသည် ဇန်နဝါရီလ (၄)ရက်နေ့ (၁၁)နာရီဝန်းကျင်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အားကစားရုံသွားသည့်လမ်းဆုံဘက်မှ ပုံလို့လမ်းဆုံဘက်မှ မောင်းနှင်လာသည့် CALDINA အဖြူရောင်ယာဉ်သည် အခင်းဖြစ်နေရာ အရောက်တွင် လမ်းဝဲဘက်ရှိ ခေတ္တာလမ်းသွယ်အတွင်း ချိုးဝင်စဉ် ပုံလို့လမ်းဆုံဘက်မှ မောင်းနှင်လာသည့် Hilux REVO အဖြူရောင်ယာဉ်နှင့် တိုက်မိခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် CALDINA ယာဉ်အား မောင်းနှင်လာသူ စိုးဝင်းသိန်း၊ ရှေ့ခေါင်းခန်းတွင် ကျော်လင်းဦးနှင့် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် အောင်နို်င်လင်း၊ Hilux REVO မောင်းနှင်လာသည့် မောင်ယာကု(ခ)အိုက်ငိုင်းနှင့် ယာဉ်ပေါ်အတူလိုက်ပါလာသည့် မောင်ကျအူတို့ (၅)ဦးမှာ ဒဏ်ရာများရရှိသွားသဖြင့် တာချီလိတ်မြို့မဆေးရုံသို့ ပို့ဆောင်ကုသစဉ် အောင်နိုင်လင်းမှာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
"လမ်းဘေးမှာ သစ်ပင်ရှိတာ ကံကောင်းတယ်လို့ ပြောရမှာပဲ၊ ကားက အရှိန်အရမ်းပြင်းတော့ သစ်ပင်သာမရှိရင် ဘေးနာက အိမ်ကို တိုးဝင်သွားနိုင်တယ်။"ဟု ယာဉ်တိုက်မှု ဖြစ်စဉ်အနီးတွင်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
မျက်နှာချင်းဆိုင် ယာဉ်ကြောမရှင်းဘဲ ချိုးကွေ့မောင်းနှင်စဉ် ဝင်ရောက်တိုက်မိခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှ CALDINA ယာဉ်မောင်း စိုးဝင်းသိန်းအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၅/၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/ ၃၀၄-က အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။