တာခ်ီလိတ္တြင္ ျပည္ခိုင္ၿဖဳိးပါတီမွ ေႏြရာသီ အေျခခံသင္တန္းမ်ား ဖြင့္လွစ္မည္၊ အသက္(၉)ႏွစ္အထက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စာရင္းႀကိဳတင္ေပးသြင္းႏိုင္

တာခ်ီလိတ္တြင္ ျပည္ခိုင္ၿဖဳိးပါတီမွ ေႏြရာသီ အေျခခံသင္တန္းမ်ား ဖြင့္လွစ္မည္၊ အသက္(၉)ႏွစ္အထက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စာရင္းႀကိဳတင္ေပးသြင္းႏိုင္
ဖေဖော်ဝါရီ 14, 2017
By Tachileik News Agency

 တာခ်ီလိတ္ၿမိဳ႕တြင္ ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီမွ ႏွစ္စဥ္ဖြင့္လွစ္လွ်က္ရိွသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ ေႏြရာသီ အေျခခံ သင္တန္းမ်ားအား တက္ေရာက္ႏုိင္ရန္အတြက္ သင္တန္းသား အမည္ စာရင္းမ်ားကို ေဖေဖာ္၀ါရီလ (၂၈)ရက္ေန႔ ေနာက္ဆံုးထား၍ တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္း ရပ္ကြက္ရွိ ျပည္ခိုင္ၿဖဳိးပါတီရံုးတြင္ လာေရာက္၍ စာရင္းေပးသြင္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

ေႏြရာသီသင္တန္းမ်ား အျဖစ္ အေျခခံအဂၤလိပ္စကားေျပာသင္တန္း ၊ အေျခခံပန္းခ်ီပညာသင္တန္း ၊ ကာရာေတးသင္တန္းမ်ား ပါ၀င္ၿပီး သင္တန္းအား မတ္လ(၁)ရက္ေန႔မွ မတ္လ(၃၁)ရက္ေန႔အထိ ဖြင့္လွစ္ပို႔ခ်သြားမွာ ျဖစ္ေၾကာင္းႏွင့္ အဆိုပါ သင္တန္းမ်ားအတြက္ အသက္(၉)ႏွစ္အထက္ ေက်ာင္းသား၊ ေက်ာင္းသူ သင္တန္းသားမ်ားကို လက္ခံသြားမွာ ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

 တာချီလိတ်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နှစ်စဉ်ဖွင့်လှစ်လျှက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် နွေရာသီ အခြေခံ သင်တန်းများအား တက်ရောက်နိုင်ရန်အတွက် သင်တန်းသား အမည် စာရင်းများကို ဖေဖော်ဝါရီလ (၂၈)ရက်နေ့ နောက်ဆုံးထား၍ တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် လာရောက်၍ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

နွေရာသီသင်တန်းများ အဖြစ် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း၊ အခြေခံပန်းချီပညာသင်တန်း၊ ကာရာတေးသင်တန်းများ ပါဝင်ပြီး သင်တန်းအား မတ်လ(၁)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းများအတွက် အသက်(၉)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ သင်တန်းသားများကို လက်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~