ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ နှင့် "၀" ဒေသ ပန်ဆန်းမြို့ကြား နောင်ခေတ်ကျေးရွာရှိ ကိုယ်ထူ ကိုယ်ထကျောင်းအတွက် ကျောင်းဆရာ(၈)ဦး ခေါ်ယူထားကြောင်း သိရသည်။
အလုပ်လျှောက်ထားလိုသူများအနေဖြင့် ၀၉ ၂၆၀၉၆၁၈၁၁ သို့ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
“အမျိုးသားဆရာတွေပဲ ခေါ်ထားတာပါ။ ဆရာမတွေခေါ်ချင်ပေမဲ့ နေရေးထိုင်ရေး အခက်အခဲ ဖြစ်မှာစိုးလို့ ဆရာတွေပဲ ခေါ်ထားတာပါ။ ကျောင်းမှာက ကျောင်းသားက ရာကျော်ရှိပါတယ်။ မူလတန်း အဆင့်ပါပဲ။ မြန်မာစာကတော့ အစိုးရပြဌာန်း စာအုပ်အတိုင်း သင်ရမှာပါ။ “ဝ”စာပေကတော့ ဒီက ထုတ်ထားတဲ့အတိုင်း သင်ရမှာပါ။ နေရေး ထိုင်ရေး စီစဉ်ပေးမှာပါ”ဟု မက်မန်း မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီနပ်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အဆိုပါ ကျောင်းမှာ ဒေသမှ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကျောင်းဆရာ (၈) ဦးကို အခြေခံလစာ တရုတ်ယွမ်ငွေ (၁၅၀၀) ( မြန်မာငွေ ကျပ် (၃)သိန်းနီးပါး)ဖြင့် အလုပ်ခေါ်ယူထားကြောင်း သိရသည်။
အလုပ်လျှောက်ထားလိုသူများအနဖြေင့် ဝ၉ ၂၆၀၉၆၁၈၁၁ သို့ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်