ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် ထားခံရသည့် ရှမ်းပြည်နယ် အစိုးရ၏ ကိုယ်စားလှယ်အား ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူးက စစ်ဆေးမှုလုပ်ဆောင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် ကွင်းဆင်းစစ်ဆေးရာမှ မြေပြင်အနေအထားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခြင်းနှင့် ပတ်သက်၍ ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့တွင် ပြည်နယ်အစိုးရ ကိုယ်စားလှယ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ပြည်နယ်အစိုးရ၏ ကိုယ်စားလှယ်အား သက်ဆိုင်ရာဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံကာ စစ်ဆေးမှုလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ
“ဒီနေ့တော့ ကျိုင်းတုံစခန်းမှူးက ကျွန်တော့်ဆီမှာ မေးတာမြန်းတာ လုပ်ပါတယ်။ အဲဒီလို မေးမြန်းရာမှာ ကျွန်တော်ပြောခဲ့တာ အားလုံးကို တာဝန်ယူတယ်ပေါ့။ ကျွန်တော် လူမှုရေးအရ ပြောထားတာ မဟုတ်ဘူး။ ဆဲဆိုပြောဆိုခဲ့တာ မဟုတ်ဘူး။ ကျွန်တော်က မြပြေင်အနေအထား နဲ့ အမှန်တရားကို အထက်လူကြီးတွေ သိနိုင်ဖို့သာ နိုင်ငံတော်အကျိုးအတွက် ပြောသင့်ပြောထိုက်တာကို တင်ပြတာဖြစ်ပါတယ်”ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ် ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် ကွင်းဆင်းစစ်ဆေးရာမှ မြပြေင်အနေအထားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခြင်းနှင့် ပတ်သက်၍ ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ပြည်နယ်အစိုးရ ကိုယ်စားလှယ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ပြည်နယ်အစိုးရ၏ ကိုယ်စားလှယ်အား သက်ဆိုင်ရာဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံကာ စစ်ဆေးမှုလုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ