တရားလွှတ်တော်ရှေ့နေဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံရန်စေခိုင်းသူမှာ တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အောင်ဝင်းခိုင်ဆိုသူ ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ (၁၅) ရက်တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။
လေဆိပ်တွင် လုပ်ကြံမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူနှစ်ဦးအား ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်ချက်အရ လုပ်ကြံမှုအား စေခိုင်းသူမှာ အောင်ဝင်းခိုင်ဖြစ်သည်ဟု ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး၎င်းအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
Source: Myanmar President Office