၂၁၀၇ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်သည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သ၀ဏ်လွှာဖတ်ကြားခြင်း နှင့် အလေးပြုခြင်း အခမ်းအနားကို ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်ရှိ ဘုရင့်နောင်ရုပ်တု ရင်ပြင်တွင် နံနက်(၇)နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ အလေးပြုခြင်း အစီအစဉ်ကို စတင်ရာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အထောက်အကူပြု အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသား ပြည်သူမျာ့း မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုခဲ့ကြသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ အလေးပြုခြင်း အစီအစဉ်ကို စတင်ရာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အထောက်အကူပြု အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသား ပြည်သူများ့မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလပြေီးသော အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုခဲ့ကြသည်။
ဆက်လက်၍ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက နှစ်(၇၀)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီးနောက် အခမ်းအနားအား ပြီးမြောက်ခဲ့ကြသည်။
ဓာတ်ပုံ - ကိုဇောင်း၊ ဇောင်းညီ