တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀ိန္းေက်ာက္ရပ္ကြက္၊ ကားေလးကြင္းေရွ႕မွ ၿမိဳ႕ေရွာင္လမ္းျဖစ္သည့္ ေတာ္၀င္လမ္းတြင္ ေက်ာက္သယ္ယာဥ္ႏွင့္ ေျမသယ္ယာဥ္မ်ားအျပင္ ယာဥ္ႀကီးမ်ား ေန႔စဥ္ ျဖတ္သန္းမႈ မ်ားသျဖင့္ လမ္းပ်က္ေနၿပီး ဖုန္မႈန္႔မ်ားေၾကာင့္ ပတ္ဝန္းက်င္ေနထုိင္သူမ်ား က်န္းမာေရး စိုးရိမ္ေနရသည့္အတြက္ သက္ဆိုင္ရာမွ ျပဳျပင္ေပးရန္ လိုအပ္ေနေၾကာင္းေဒသခံမ်ားက ဆိုသည္။
“ဖုန္မႈန္႔ေတြက လြင့္တာေလ။ ေျမတင္ကားေတြ၊ ေက်ာက္တင္ကားေတြ အမ်ားႀကီးသြားလာေနတာ။ တစ္ေန႔ တစ္ေန႔ကို အေခါက္ေရ(၁၀၀)ေက်ာ္ ေလာက္သြားေနတာ။ မနက္ မနက္ အိမ္တံခါးဖြင့္ရင္ အိမ္ေရွ႕မွာ ခြ်တ္ထားတဲ့ ဖိနပ္ေတာင္ ဖုန္ေတြဖုန္ေတြ ဖုံးသြားတဲ့အထိပဲ။ ဖုန္မႈန္႔ေတြက ႏွစ္လက္မေလာက္ ရိွတယ္ေလ။ ကေလးေလးေတြလည္းရိွေတာ့ က်န္းမာေရးအတြက္ မေကာင္းဘူးေပါ့”ဟု ဝိန္းေက်ာက္ရပ္ကြက္မွ ကိုစိုင္းေက်ာ္ဦးက ဆိုသည္။
အဆိုပါ လမ္းပိုင္း ပ်က္ေနသည္မွာ ၾကာျမင့္ေနၿပီျဖစ္ၿပီး လမ္းပိုင္းအနီးရိွ အိမ္ေျခ (၅၀)ေက်ာ္မွ မိသားစုမ်ားမွာ ဖုန္မႈန္႔မ်ားေၾကာင့္ က်န္းမာေရး ထိခိုက္ေနသည္ဟု ေဒသခံမ်ားက ဆိုသည္။
"ဒီလမ္းကေန ေက်ာက္ကားေတြ၊ ေျမသယ္ကားေတြ ကားႀကီးေတြ အသြားမ်ားတယ္။ လမ္းကေတာ့ ထံုးစံအတိုင္းပဲ ေႏြရာသီဆို ခ်ဳိင့္ခြက္ေတြနဲ႔ ဖုန္ထတာေတြျဖစ္သလို မိုးရာသီဆိုရင္ သြားရလာရ ေတာ္ေတာ္ဆိုးတယ္။ ဒီလမ္းပ်က္ေနတာၾကာၿပီ။ တာ၀န္ရွိသူေတြ မျမင္တာလားဆိုတာ မေျပာတတ္ပါဘူးဗ်ာ၊ ျပဳျပင္ေပးသင့္ပါတယ္ဗ်ာ၊ "ဟု အဆိုပါ လမ္းအနီးေနထိုင္သူ ကိုေအာင္မင္းက ေျပာသည္။
ေတာ္ဝင္လမ္းျပဳျပင္ရာတြင္ ဗိုလ္ခ်ဳပ္လမ္းမႀကီးႏွင့္နီးသည့္အပိုင္းတြင္သာ ျပဳျပင္ေလ့ရိွၿပီး အတြင္းပိုင္းလမ္းတြင္ ျပဳျပင္မႈမရိွသျဖင့္ လက္ရိွတြင္ ကားငယ္မ်ားသြား၍ မရေတာ့ေၾကာင္း သိရသည္။
ဓာတ္ပံု - စိုင္းေက်ာ္ဦး
တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ ကားလေးကွင်းရှေ့မှ မြို့ရှောင်လမ်းဖြစ်သည့် တော်ဝင်လမ်းတွင် ကျောက်သယ်ယာဉ်နှင့် မြေသယ်ယာဉ်များအပြင် ယာဉ်ကြီးများ နေ့စဉ် ဖြတ်သန်းမှု များသဖြင့် လမ်းပျက်နပြေီး ဖုန်မှုန့်များကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ ကျန်းမာရေး စိုးရိမ်နေရသည့်အတွက် သက်ဆိုင်ရာမှ ပြုပြင်ပေးရန် လိုအပ်နေကြောင်းဒေသခံများက ဆိုသည်။
“ဖုန်မှုန့်တွေက လွင့်တာလေ။ မြေတင်ကားတွေ၊ ကျောက်တင်ကားတွေ အများကြီးသွားလာနေတာ။ တစ်နေ့ တစ်နေ့ကို အခေါက်ရေ(၁၀၀)ကျော် လောက်သွားနေတာ။ မနက် မနက် အိမ်တံခါးဖွင့်ရင် အိမ်ရှေ့မှာ ချွတ်ထားတဲ့ ဖိနပ်တောင် ဖုန်တွေဖုန်တွေ ဖုံးသွားတဲ့အထိပဲ။ ဖုန်မှုန့်တွေက နှစ်လက်မလောက် ရှိတယ်လေ။ ကလေးလေးတွေလည်းရှိတော့ ကျန်းမာရေးအတွက် မကောင်းဘူးပေါ့”ဟု ဝိန်းကျောက်ရပ်ကွက်မှ ကိုစိုင်းကျော်ဦးက ဆိုသည်။
အဆိုပါ လမ်းပိုင်း ပျက်နေသည်မှာ ကြာမြင့်နပြေီဖြစ်ပြီး လမ်းပိုင်းအနီးရှိ အိမ်ခြေ (၅၀)ကျော်မှ မိသားစုများမှာ ဖုန်မှုန့်များကြောင့် ကျန်းမာရေး ထိခိုက်နေသည်ဟု ဒေသခံများက ဆိုသည်။
"ဒီလမ်းကနေ ကျောက်ကားတွေ၊ မြေသယ်ကားတွေ ကားကြီးတွေ အသွားများတယ်။ လမ်းကတော့ ထုံးစံအတိုင်းပဲ နွေရာသီဆို ချိုင့်ခွက်တွေနဲ့ ဖုန်ထတာတွဖြေစ်သလို မိုးရာသီဆိုရင် သွားရလာရ တော်တော်ဆိုးတယ်။ ဒီလမ်းပျက်နေတာကြာပြီ။ တာဝန်ရှိသူတွေ မမြင်တာလားဆိုတာ မပြောတတ်ပါဘူးဗျာ၊ ပြုပြင်ပေးသင့်ပါတယ်ဗျာ၊ "ဟု အဆိုပါ လမ်းအနီးနေထိုင်သူ ကိုအောင်မင်းက ပြောသည်။
တော်ဝင်လမ်းပြုပြင်ရာတွင် ဗိုလ်ချုပ်လမ်းမကြီးနှင့်နီးသည့်အပိုင်းတွင်သာ ပြုပြင်လေ့ရှိပြီး အတွင်းပိုင်းလမ်းတွင် ပြုပြင်မှုမရှိသဖြင့် လက်ရှိတွင် ကားငယ်များသွား၍ မရတော့ကြောင်း သိရသည်။
ဓာတ်ပုံ - စိုင်းကျော်ဦး