မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ရန်အောင်ရပ်ကွက်ရှိ ငှက်ပျောဆိပ်မှာ ထိုင်းဖက်က စိုက်ပျိုးရေ ရရှိရေးအတွက် နှစ်နိုင်ငံရေချောင်းပေါ် ရေတားများကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နံနက်(၉)နာရီမှ (၁၀)နာရီကျော်အထိ ထိုင်းလယ်သမား (၃၀၀)ကျော်လောက်က ခွင့်ပြုချက်မဲ့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ဒီလိုပြုလုပ်နေမှုကို သတင်းရရှိတဲ့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နဲ့အဖွဲ့ဟာ သွားရောက်တားမြစ်ပြီး TBC ကနေ တဆင့် ကန့်ကွက်ထားပြီး ထိုင်းနိုင်ငံကို ကန့်ကွက်စာလည်း ပိုရန်အတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အခုလို သွားရောက် ကန့်ကွက်မှုကြောင့် နံနက်(၁၀)နာရီကျော်မှာ ရပ်တန့်သွားသော်လည်း ရေတားတွေကို ဖယ်ရှားထားခြင်း မရှိသေးပါဘူး။