တောမီးမရှို့ဘဲ သဘာဝ ၀န်းကျင်မပျက် တောင်ယာစိုက်ပျိုးနည်းစနစ်အား စိုက်ပျိုးရေးဦးစီးဌာနက နားယောင်းကျေးရွာအုပ်စုတွင် သရုပ်ပြ

တောမီးမရှို့ဘဲ သဘာဝ ၀န်းကျင်မပျက် တောင်ယာစိုက်ပျိုးနည်းစနစ်အား စိုက်ပျိုးရေးဦးစီးဌာနက နားယောင်းကျေးရွာအုပ်စုတွင် သရုပ်ပြ
ဖေဖော်ဝါရီ 19, 2017
By Tachileik News Agency

တောမီးမရှို့ဘဲ သဘာဝ ၀န်းကျင်မပျက် တောင်ယာစိုက်ပျိုးနည်းစနစ်အား စိုက်ပျိုးရေးဦးစီးဌာနက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စု မယ်ပိန်းကျေးရွာမှ တောင်သူများအား အသိပညာဖြန့်ဝေခြင်းကို ဖေဖော်ဝါရီလ (၁၉) ရက်တွင် လုပ်ဆောင်ကြောင်း သိရသည်။

အဆိုပါ ပညာပေး အစီအစဉ်သည် မဲခေါင်မြစ်ဝှမ်းဒေသ နယ်စပ်ဖြတ်ကျော် မီးခိုးများ လျော့ကျရေး အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နှင့် တောင်ယာစိုက်ပျိုးရေးအတွက် တောမီးရှို့ရန် မလိုဘဲ သဘာဝ ဝန်းကျင်မပျက် စိုက်ပျိုးရေးနည်းစနစ်အား လက်တွေ့သရုပ်ပြခြင်းဖြစ်ကြောင်း သိရသည်။

တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၉၅)ဦးတက်ရောက်သည့် သရုပ်ပြပွဲတွင် တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ တာလေမြို့ မြို့ဦးစီးမှူး ဦးလွှမ်းမိုးသူ၊ နားယောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်တို့လည်း တက်ရောက်ကြကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

တောမီးမရှို့ဘဲ သဘာဝ ဝန်းကျင်မပျက် တောင်ယာစိုက်ပျိုးနည်းစနစ်အား စိုက်ပျိုးရေးဦးစီးဌာနက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့ နားယောင်းကျေးရွာအုပ်စု မယ်ပိန်းကျေးရွာမှ တောင်သူများအား အသိပညာဖြန့်ဝခြေင်းကို ဖေဖော်ဝါရီလ (၁၉) ရက်တွင် လုပ်ဆောင်ကြောင်း သိရသည်။

အဆိုပါ ပညာပေး အစီအစဉ်သည် မဲခေါင်မြစ်ဝှမ်းဒေသ နယ်စပ်ဖြတ်ကျော် မီးခိုးများ လျော့ကျရေး အနဖြေင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နှင့် တောင်ယာစိုက်ပျိုးရေးအတွက် တောမီးရှို့ရန် မလိုဘဲ သဘာဝ ဝန်းကျင်မပျက် စိုက်ပျိုးရေးနည်းစနစ်အား လက်တွေ့သရုပ်ပြခြင်းဖြစ်ကြောင်း သိရသည်။

တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၉၅)ဦးတက်ရောက်သည့် သရုပ်ပြပွဲတွင် တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ တာလမြေို့ မြို့ဦးစီးမှူး ဦးလွှမ်းမိုးသူ၊ နားယောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်တို့လည်း တက်ရောက်ကြကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်ခရိုင် စိုက်ပျိုးရေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~