နယ္စပ္ေခ်ာင္းအလယ္တြင္ ထိုင္းလယ္သမားမ်ားမွ ေရတားျပဳလုပ္ေန၍ ျမန္မာဘက္က သြားေရာက္ တားျမစ္

နယ္စပ္ေခ်ာင္းအလယ္တြင္ ထိုင္းလယ္သမားမ်ားမွ ေရတားျပဳလုပ္ေန၍ ျမန္မာဘက္က သြားေရာက္ တားျမစ္
ဖေဖော်ဝါရီ 8, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း နယ္စပ္ ေရေခ်ာင္းအလယ္တြင္ ထိုင္းလယ္သမားမ်ားမွ ေရတားျပဳလုပ္ေနသည့္ အတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ အဖြဲ႔မွ သြားေရာက္တားျမစ္ခဲ့ရေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ရွိ ငွက္ေပ်ာဆိပ္တြင္ ေဖေဖာ္၀ါရီလ(၈)ရက္ေန႔ နံနက္(၉)နာရီခြဲ၀န္းက်င္ အခ်ိန္က ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ လယ္သမားမ်ား လာေရာက္ၿပီး ေရတားမ်ား ျပဳလုပ္ရာတြင္ ျမန္မာဘက္အျခမ္းထိေရာက္ရွိေနေၾကာင္းကို သတင္းရရွိ၍ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔မွ သြားေရာက္ စစ္ေဆးကာ ကန္႔ကြက္တားျမစ္မႈေၾကာင့္ လယ္သမားမ်ားမွာ ေရတားျပဳလုပ္ေနရာမွ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ ႏွင့္ မယ္ဆိုင္ၿမိဳ႕အၾကား ေရေခ်ာင္းေပၚ ထိုင္းလယ္ သမားမ်ားက ေရဦးေရလႊဲ ရယူရန္ ေခ်ာင္းလယ္တြင္ သဲအိတ္မ်ား ခ်ထားရန္အတြက္ ထိုင္းလယ္သမား (၂၀၀)၀န္းက်င္သည္ အဆိုပါ ေခ်ာင္းအနီး ဇန္န၀ါရီလ(၁၃)ရက္ေန႔က စုရံုးေနမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ႏွင့္ ဇန္န၀ါရီလ(၉)ရက္ေန႔ နံနက္ပိုင္းကလည္း ဟန္႔တားခဲ့ရေၾကာင္း သိရသည္။

တာခ်ီလိတ္ - မယ္ဆိုင္ၾကားရွိ မယ္ဆိုင္ေခ်ာင္းေပၚတြင္ ေရတားသဖြယ္ျပဳလုပ္မႈေၾကာင့္ မိုးရာသီကာလမ်ားတြင္ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚတတ္ေလ့ရွိသည့္အတြက္ ျမန္မာဘက္မွ ကန္႔ကြက္ထားျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း နယ်စပ် ရေချောင်းအလယ်တွင် ထိုင်းလယ်သမားများမှ ရေတားပြုလုပ်နေသည့် အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့မှ သွားရောက်တားမြစ်ခဲ့ရကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ငှက်ပျောဆိပ်တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင် အချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လယ်သမားများ လာရောက်ပြီး ရေတားများ ပြုလုပ်ရာတွင် မြန်မာဘက်အခြမ်းထိရောက်ရှိနေကြောင်းကို သတင်းရရှိ၍ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးကာ ကန့်ကွက်တားမြစ်မှုကြောင့် လယ်သမားများမှာ ရေတားပြုလုပ်နေရာမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ နှင့် မယ်ဆိုင်မြို့အကြား ရေချောင်းပေါ် ထိုင်းလယ် သမားများက ရေဦးရေလွှဲ ရယူရန် ချောင်းလယ်တွင် သဲအိတ်များ ချထားရန်အတွက် ထိုင်းလယ်သမား (၂၀၀)ဝန်းကျင်သည် အဆိုပါ ချောင်းအနီး ဇန်နဝါရီလ(၁၃)ရက်နေ့က စုရုံးနေမှုများ ပြုလုပ်ခဲ့ကြောင်း နှင့် ဇန်နဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းကလည်း ဟန့်တားခဲ့ရကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင်ကြားရှိ မယ်ဆိုင်ချောင်းပေါ်တွင် ရေတားသဖွယ်ပြုလုပ်မှုကြောင့် မိုးရာသီကာလများတွင် တာချီလိတ်မြို့တွင်းသို့ ရကြေီးရေလျှံမှုများ ဖြစ်ပေါ်တတ်လေ့ရှိသည့်အတွက် မြန်မာဘက်မှ ကန့်ကွက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~