တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ ရွှေလသာလမ်းကြားတွင် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က ရေခဲသေတ္တာ ခိုးယူလာသည်ဟု ယူဆရသူအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိ လိုက်ကြောင်း သိရသည်။
ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဝိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သည့် လှည့်ကင်းအဖွဲ့သည် ရေခဲသေတ္တာတစ်လုံးသယ်လာသည့် တန်ရှင်း(ကျား) ဆိုသူအား မသင်္ကာသဖြင့် စစ်ဆေးရာမှ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား မပြနိုင်ကြောင်း သိရသည်။
သို့ဖြစ်၍ နေအိမ်တစ်အိမ်က ခိုးယူလာသည်ဟု သံသယဖြစ်သဖြင့် HITACHI အမျိုးအစားခဲရောင် ရေခဲသေတ္တာ ပိုင်ရှင်အား စုံစမ်းဖော်ထုတ်နိုင်ရန် စစ်ဆေးဆောင်ရွက်နေကြောင်း နှင့် တာချီလိတ်မြို့မရဲစခန်းတွင် ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။