မိုင္းယုတြင္ သစ္ခြဲသား (၇)တန္အား ကားႏွစ္စီးေပၚက ပိုင္ရွင္မဲ့ သိမ္းဆည္းရမိ

မိုင္းယုတြင္ သစ္ခြဲသား (၇)တန္အား ကားႏွစ္စီးေပၚက ပိုင္ရွင္မဲ့ သိမ္းဆည္းရမိ
ဖေဖော်ဝါရီ 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕၊  ဒြန္းႏြဲ႔ေက်းရြာႏွင့္ ဝမ္နားေက်းရြာအၾကား ေတာအတြင္း သစ္ခြဲသားမ်ား တရားမဝင္ သယ္ေဆာင္ထားသည့္ ကားႏွစ္စီးေပၚမွ ပိုင္ရွင္မဲ့ သစ္တန္ခ်ိန္(၇)တန္ကို သိမ္းဆည္း ရမိလိုက္ေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးဦးေက်ာ္စြာႏွင့္၊ မိုင္းယုရဲစခန္းမွ ရဲအုပ္ ဟိန္း၀ဏၰေမာင္ဦးစီးသည့္အဖြဲ႔၊ သစ္ေတာဦးစီးဌာနႏွင့္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႔သည္ တရားမဝင္သစ္မ်ား ႏွင့္ ပတ္သက္၍ သတင္းအရ ေဖေဖာ္၀ါရီလ(၁၅)ရက္ေန႔ ညေန(၄)နာရီ၀န္းက်င္္အခ်ိန္က သြားေရာက္ စစ္ေဆးရာ ပိေတာက္သစ္ခြဲသားမ်ား သယ္ေဆာင္ထားသည့္ ကားႏွစ္စီးအား ဖမ္းဆီး သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီး သိမ္းဆည္းရမိသည့္ သစ္ခြဲသားမ်ားအား မုိင္းယုသစ္ေတာရံုးတြင္ သိမ္းဆည္းထားၿပီး သစ္ေတာဥပေဒအရ အေရးယူေဆာင္ရြက္ႏုိင္ရန္ ႏွင့္ ပိုင္ရွင္အား ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ ဒွန်းနွဲ့ကျေးရွာနှင့် ဝမ်နားကျေးရွာအကြား တောအတွင်း သစ်ခွဲသားများ တရားမဝင် သယ်ဆောင်ထားသည့် ကားနှစ်စီးပေါ်မှ ပိုင်ရှင်မဲ့ သစ်တန်ချိန်(၇)တန်ကို သိမ်းဆည်း ရမိလိုက်ကြောင်း သိရသည်။

မိုင်းယုမြို့အုပ်ချုပ်ရေးမှူးဦးကျော်စွာနှင့်၊ မိုင်းယုရဲစခန်းမှ ရဲအုပ် ဟိန်းဝဏ္ဏမောင်ဦးစီးသည့်အဖွဲ့၊ သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်များ နှင့် ပတ်သက်၍ သတင်းအရ ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က သွားရောက်စစ်ဆေးရာ ပိတောက်သစ်ခွဲသားများ သယ်ဆောင်ထားသည့် ကားနှစ်စီးအား ဖမ်းဆီး သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီး သိမ်းဆည်းရမိသည့် သစ်ခွဲသားများအား မိုင်းယုသစ်တောရုံးတွင် သိမ်းဆည်းထားပြီး သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် နှင့် ပိုင်ရှင်အား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~