ထိုင္းလယ္သမားမ်ားမွ ႏွစ္ႏိုင္ငံေခ်ာင္းေပၚ ခြင့္ျပဳခ်က္မဲ့ ျပဳလုပ္ထားသည့္ ေရတားကိစၥ အလြတ္သေဘာ ႏွစ္ဖက္ေဆြးေႏြးမည္

ထိုင္းလယ္သမားမ်ားမွ ႏွစ္ႏိုင္ငံေခ်ာင္းေပၚ ခြင့္ျပဳခ်က္မဲ့ ျပဳလုပ္ထားသည့္ ေရတားကိစၥ အလြတ္သေဘာ ႏွစ္ဖက္ေဆြးေႏြးမည္
ဖေဖော်ဝါရီ 20, 2017
By Tachileik News Agency

ထိုင္းလယ္သမားမ်ားက ခြင့္ျပဳခ်က္မရွိဘဲ ျမန္မာ - ထိုင္းႏွစ္ႏုိင္ငံ နယ္စပ္ေခ်ာင္းလယ္တြင္ စိုက္ပ်ဳိးေရ ရရွိေရးအတြက္ ေရတားျပဳလုပ္ ထားသည္ကို မဖယ္ရွားေသးသျဖင့္ ေဖေဖာ္၀ါရီလ(၂၁)ရက္ေန႔ တြင္ ျပဳလုပ္မည့္ ႏွစ္ႏုိင္ငံအလြတ္သေဘာေဆြးေႏြးပြဲ၌ အဆုိပါကိစၥအား ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ မနက္ျဖန္ ေရႊနန္းေတာ္ကုန္တိုက္မွာ မနက္(၁၀)နာရီ အလြတ္သေဘာေတြ႔ဆံုဖို႔ ရွိပါတယ္။ အဲဒီမွာ အဓိက အခ်က္(၃)ခ်က္ကို ေဆြးေႏြးတင္ျပသြားမယ္။ အဓိကကေတာ့ ထိုင္းလယ္သမားေတြ လုပ္ထားတဲ့ ေရတားေတြကို သူတို႔ကိုပဲ ျပန္ဖယ္ခိုင္းဖို႔ပါ"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

ထိုင္းလယ္သမားမ်ားမွ ခြင့္ျပဳခ်က္မဲ့ ေရတားမ်ားျပဳလုပ္ထားေနမႈႏွင့္ ပတ္သက္၍  အေျခအေနအား ေဖေဖၚဝါရီလ (၂၀)ရက္ေန႔ ညေနပိုင္းက တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြ အပါအ၀င္ ေဒသခံအခ်ိဳ႕က သြားေရာက္ၾကည့္ရႈၿပီး ေဖေဖာ္၀ါရီလ (၂၁)ရက္ေန႔တြင္ ျပဳလုပ္မည့္ ျမန္မာ - ထိုင္း အလြတ္သေဘာ ေဆြးေႏြးပြဲတြင္ ေရတားမ်ား ထိုင္းဘက္က ဖယ္ရွားေပးႏိုင္ရန္အတြက္ ျမန္မာဘက္မွ ေဆြးေႏြးတင္ျပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ျမန္မာဘက္အျခမ္းမွာ တခုခု လုပ္တာနဲ႔ ထိုင္းဘက္က ခ်က္ျခင္း ထကန္႔ကြက္တာ။ အခု ထိုင္းလယ္သမားေတြက ခြင့္ျပဳခ်က္မဲ့ ေရတားလုပ္ေနတာကို ကြ်န္ေတာ္တို႔ဘက္က ကန္႔ကြက္ထားတာ (၈)ႀကိမ္ေတာင္ရွိေနပါၿပီ"ဟု ျမန္မာဘက္မွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

ထိုင္းလယ္သမားမ်ားက ျမန္မာဘက္မွ ကန္႔ကြက္ေနသည့္ၾကားက ေရတားျခင္းကို ျပဳလုပ္ေနသျဖင့္ ျမန္မာဘက္မွ တရား၀င္ကန္႔ကြက္စာပို႔ထားသည္မွာ ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔အထိ (၈)ႀကိမ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

မယ္ဆိုင္ၿမိဳ႕မွ ထိုင္းလယ္သမားမ်ားသည္ စိုက္ပ်ဳိးေရရရွိေရးအတြက္ မယ္ဆိုင္ေခ်ာင္းတြင္ ေရတားျပဳလုပ္ျခင္းကို ခြင့္ျပဳခ်က္မဲ့လုပ္ေဆာင္ေလ့ရိွသျဖင့္ ႏွစ္ႏုိင္ငံအၾကား တာဝန္ရိွသူမ်ား ညိႇႏိႈင္း ေျဖရွင္းရေလ့ရိွေၾကာင္း သိရသည္။

ဓာတ္ပံု - အုတ္လွငယ္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းလယ်သမားများက ခွင့်ပြုချက်မရှိဘဲ မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ်ချောင်းလယ်တွင် စိုက်ပျိုးရေ ရရှိရေးအတွက် ရေတားပြုလုပ် ထားသည်ကို မဖယ်ရှားသေးသဖြင့် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ တွင် ပြုလုပ်မည့် နှစ်နိုင်ငံအလွတ်သဘောဆွေးနွေးပွဲ၌ အဆိုပါကိစ္စအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မနက်ဖြန် ရွှေနန်းတော်ကုန်တိုက်မှာ မနက်(၁၀)နာရီ အလွတ်သဘောတွေ့ဆုံဖို့ ရှိပါတယ်။ အဲဒီမှာ အဓိက အချက်(၃)ချက်ကို ဆွေးနွေးတင်ပြသွားမယ်။ အဓိကကတော့ ထိုင်းလယ်သမားတွေ လုပ်ထားတဲ့ ရေတားတွေကို သူတို့ကိုပဲ ပြန်ဖယ်ခိုင်းဖို့ပါ"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

ထိုင်းလယ်သမားများမှ ခွင့်ပြုချက်မဲ့ ရေတားများပြုလုပ်ထားနေမှုနှင့် ပတ်သက်၍ အခြေအနေအား ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ညနေပိုင်းက တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအဝင် ဒေသခံအချို့က သွားရောက်ကြည့်ရှုပြီး ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ - ထိုင်း အလွတ်သဘော ဆွေးနွေးပွဲတွင် ရေတားများ ထိုင်းဘက်က ဖယ်ရှားပေးနိုင်ရန်အတွက် မြန်မာဘက်မှ ဆွေးနွေးတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မြန်မာဘက်အခြမ်းမှာ တခုခု လုပ်တာနဲ့ ထိုင်းဘက်က ချက်ခြင်း ထကန့်ကွက်တာ။ အခု ထိုင်းလယ်သမားတွေက ခွင့်ပြုချက်မဲ့ ရေတားလုပ်နေတာကို ကျွန်တော်တို့ဘက်က ကန့်ကွက်ထားတာ (၈)ကြိမ်တောင်ရှိနေပါပြီ"ဟု မြန်မာဘက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုင်းလယ်သမားများက မြန်မာဘက်မှ ကန့်ကွက်နေသည့်ကြားက ရေတားခြင်းကို ပြုလုပ်နေသဖြင့် မြန်မာဘက်မှ တရားဝင်ကန့်ကွက်စာပို့ထားသည်မှာ ဖေဖော်ဝါရီလ(၁၉)ရက်နေ့အထိ (၈)ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မြို့မှ ထိုင်းလယ်သမားများသည် စိုက်ပျိုးရေရရှိရေးအတွက် မယ်ဆိုင်ချောင်းတွင် ရေတားပြုလုပ်ခြင်းကို ခွင့်ပြုချက်မဲ့လုပ်ဆောင်လေ့ရှိသဖြင့် နှစ်နိုင်ငံအကြား တာဝန်ရှိသူများ ညှိနှိုင်း ဖြေရှင်းရလေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ - အုတ်လှငယ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~