ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ကျောက်တောင်တွင် အိမ်ရှင်များ ခရီးထွက်နေသည့် နေအိမ်တစ်လုံးမှ ပစ္စည်းများကို ခိုးယူသည့် သံဃာအယောင်ဆောင်နှစ်ဦးအား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်ရှိ ဦးမောင်မောင်ကြည်၏ နေအိမ်အား လွန်ခဲ့သော(၂)လခန့်ကတည်းက မိသားစု ခရီးသွားနေသဖြင့် အိမ်နီးချင်းများထံ အပ်နှံထားခဲ့ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်က အဆိုပါ နေအိမ်မှ အသံများ ကြားသဖြင့် အိမ်နီးချင်းများက သွားကြည့်ရာ သင်္ကန်း ဝတ်ထားသူနှစ်ဦးက နေအိမ်အတွင်းမှ အင်္ကျီ(၄)ထည်၊ တဘက်(၁)ထည်၊ လက်ဆွဲအိတ်(၁)လုံး၊ ဒန်အိုး(၁)လုံး တို့အား ခိုးယူလာသည်ကို တွေ့ရသဖြင့် မြို့နယ်သာသနာရေးမှူး ဦးဝင်းကိုကိုနှင့်အတူ မြို့နယ် သံဃာ့နာယကအဖွဲ့တို့မှ တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်းတွင် အဆိုပါ သင်္ကန်းဝတ် အယောင်ဆောင်နှစ်ဦးအား လူဝတ်လဲစေပြီး ရဲတပ်ဖွဲ့သို့ အပ်နှံလိုက်ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်ရှိ ဦးမောင်မောင်ကြည်၏ နေအိမ်အား လွန်ခဲ့သော(၂)လခန့်ကတည်းက မိသားစု ခရီးသွားနေသဖြင့် အိမ်နီးချင်းများထံ အပ်နှံထားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်က အဆိုပါ နေအိမ်မှ အသံများ ကြားသဖြင့် အိမ်နီးချင်းများက သွားကြည့်ရာ သင်္ကန်း ဝတ်ထားသူနှစ်ဦးက နေအိမ်အတွင်းမှ အင်္ကျီ(၄)ထည်၊ တဘက်(၁)ထည်၊ လက်ဆွဲအိတ်(၁)လုံး၊ ဒန်အိုး(၁)လုံး တို့အား ခိုးယူလာသည်ကို တွေ့ရသဖြင့် မြို့နယ်သာသနာရေးမှူး ဦးဝင်းကိုကိုနှင့်အတူ မြို့နယ် သံဃာ့နာယကအဖွဲ့တို့မှ တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်းတွင် အဆိုပါ သင်္ကန်းဝတ် အယောင်ဆောင်နှစ်ဦးအား လူဝတ်လဲစပြေီး ရဲတပ်ဖွဲ့သို့ အပ်နှံလိုက်ကြောင်း သိရသည်။
လက်ရှိတွင် သံဃာအယောင်ဆောင်သူ အသက်(၃၅)နှစ်ရှိ ဇော်မောင် နှင့် အသက်(၁၂)နှစ်ရှိ ဝင်းညွှန့်အောင်တို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၄၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၂၉၅-က အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။