မယ္ဆိုင္ေခ်ာင္းအား ပိတ္ဆို႔ ေရတားထားသည့္ ေရတားအခ်ိဳ႕ကို ထိုင္းလယ္သမားမ်ား ျပန္လည္ ဖယ္ရွားေပး

မယ္ဆိုင္ေခ်ာင္းအား ပိတ္ဆို႔ ေရတားထားသည့္ ေရတားအခ်ိဳ႕ကို ထိုင္းလယ္သမားမ်ား ျပန္လည္ ဖယ္ရွားေပး
ဖေဖော်ဝါရီ 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ႏွင့္ ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕အၾကား နယ္စပ္ျဖစ္သည့္ မယ္ဆိုင္ေခ်ာင္းတြင္ ထုိင္းႏုိင္ငံမွ လယ္သမားမ်ားက ေရတားရန္ ေခ်ာင္းအား ပိတ္ဆို႔ထားျခင္းကို  ႏွစ္ႏုိင္ငံၿမိဳ႕နယ္အဆင့္ အလြတ္သေဘာေဆြးေႏြးမႈအၿပီး ေဖေဖၚဝါရီလ (၂၂) ရက္ေန႔က အခ်ိဳ႕အား ဖယ္ရွားေပးလုိက္သည္။

“အရင္က ေရတားထားတာ (၃)ေနရာရိွတယ္။ ဒီေန႔ (၂)ေနရာဖယ္ရွားေပးလုိက္တယ္။ က်န္တဲ့ ေအာက္ဆံုးက အတားေနရာကျဖဳတ္လုိက္ရင္ ေရထိုးသြားမွာစိုးတာရယ္၊ သူတို႔လယ္သမားေတြလည္း ေရလံုးဝယူလို႔ မရေတာ့မွာေၾကာင့္ မဖယ္ထားေသးပါဘူး။ ဒါေပမဲ့ ေခ်ာင္းေအာက္ဘက္က ျမန္မာလယ္သမားေတြ ေရလိုတဲ့ အခ်ိန္၊ မိုးရာသီအေရာက္မီ ေမလေလာက္အတြင္းမွာေတာ့ ဝါးနဲ႔ တားထားတာေတြ အားလံုး ျဖဳတ္ေပးရမွာပါ”ဟု ႏွစ္ႏိုင္ငံနယ္စပ္ေခ်ာင္းတြင္ ေရတားေနသည့္ကိစၥႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕ေဒသခံ ကိုယ္စားလွယ္အျဖစ္ ေဆြးေႏြးေနသည့္ မဇၨိ်မလူမႈကူညီေရးအဖဲြ႔မွ ဦးတင့္ေဆြက ေျပာသည္။

အဆိုပါ နယ္စပ္ေခ်ာင္းမွ ေရတားထားျခင္းမ်ားမွာ ဥပေဒႏွင့္ မညီညြတ္သျဖင့္ အားလံုးဖယ္ရွားေပးရန္ တာခ်ီလိတ္ၿမိဳ႕မွ တာဝန္ရိွသူမ်ားက ထိုင္းႏိုင္ငံတာဝန္ရိွသူမ်ားထံ အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ျမန္မာႏုိင္ငံအေနနဲ႔ နယ္စပ္ေခ်ာင္းမွာ ဘယ္လိုအတားအဆီးမွ လာလုပ္တာကို လက္မခံႏိုင္တဲ့အေၾကာင္း ထုိင္းႏုိင္ငံဘက္ကို အေၾကာင္းၾကားထားၿပီးျဖစ္ပါတယ္။ မေန႔က( ေဖေဖာ္၀ါရီလ ၂၁ရက္ေန႔) အစည္းအေဝး မွာလည္း ရွင္းရွင္းလင္းလင္း အသိေပးထားၿပီး ျဖစ္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

ထုိင္းနို္င္ငံ မယ္ဆိုင္ၿမိဳ႕မွ လယ္သမားမ်ားက ေဖေဖၚဝါရီလ (၁၆) ရက္ေန႔ နံနက္ (၉)နာရီတြင္ တစ္ႀကိမ္၊ ေဖေဖၚဝါရီလ (၈) ရက္ေန႔တြင္ တစ္ႀကိမ္ေရတားမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

ပထမအႀကိမ္က ေရတားမ်ားျပဳလုပ္မႈႏွင့္ ပတ္သက္၍ ျမန္မာႏွင့္ ထိုင္း ၿမိဳ႕နယ္အဆင့္ နယ္ျခားေကာ္မတီ (TBC)တို႔ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးမႈကို ေဖေဖၚဝါရီလ (၂၁) ရက္က ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုင္းလယ္သမားမ်ားသည္ စိုက္ပ်ဳိးေရအတြက္ မယ္ဆိုင္ေခ်ာင္းအား ေရတားကာ စိုက္ပ်ိဳးေရရယူရာတြင္ ခြင့္ျပဳခ်က္ မေတာင္းဘဲ လုပ္ေဆာင္ေလ့ရိွသျဖင့္ ႏွစ္ႏုိင္ငံၾကား တာဝန္ရိွသူမ်ား ညိွႏိႈင္းေျဖရွင္းရေလ့ ရိွေၾကာင္း သိရသည္။

ထိုင္းလယ္သမားမ်ားသည္ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလ (၉)ရက္ေန႔ႏွင့္ ဇန္နဝါရီလ (၁၃)ရက္ေန႔မ်ားကလည္း ေခ်ာင္းအတြင္း ေရတားမ်ားလုပ္ေဆာင္ရန္ စုရံုးခဲ့သျဖင့္ ျမန္မာႏုိင္ငံမွ တာဝန္ရိွသူမ်ားက သြားေရာက္ ကန္႔ကြက္ခဲ့သျဖင့္ လုပ္ေဆာင္ခဲ့ျခင္းမရိွဘဲ ေဖေဖာ္၀ါရီလ(၈)ရက္ေန႔တြင္ ၀ါးလံုးမ်ားျဖင့္ ေရတားမ်ား စတင္ျပဳလုပ္လာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား နယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်းတွင် ထိုင်းနိုင်ငံမှ လယ်သမားများက ရေတားရန် ချောင်းအား ပိတ်ဆို့ထားခြင်းကို နှစ်နိုင်ငံမြို့နယ်အဆင့် အလွတ်သဘောဆွေးနွေးမှုအပြီး ဖေဖော်ဝါရီလ (၂၂) ရက်နေ့က အချို့အား ဖယ်ရှားပေးလိုက်သည်။

“အရင်က ရေတားထားတာ (၃)နေရာရှိတယ်။ ဒီနေ့ (၂)နေရာဖယ်ရှားပေးလိုက်တယ်။ ကျန်တဲ့ အောက်ဆုံးက အတားနေရာကဖြုတ်လိုက်ရင် ရေထိုးသွားမှာစိုးတာရယ်၊ သူတို့လယ်သမားတွေလည်း ရေလုံးဝယူလို့ မရတော့မှာကြောင့် မဖယ်ထားသေးပါဘူး။ ဒါပေမဲ့ ချောင်းအောက်ဘက်က မြန်မာလယ်သမားတွေ ရေလိုတဲ့ အချိန်၊ မိုးရာသီအရောက်မီ မေလလောက်အတွင်းမှာတော့ ဝါးနဲ့ တားထားတာတွေ အားလုံး ဖြုတ်ပေးရမှာပါ”ဟု နှစ်နိုင်ငံနယ်စပ်ချောင်းတွင် ရေတားနေသည့်ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့ဒေသခံ ကိုယ်စားလှယ်အဖြစ် ဆွေးနွေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအဖွဲ့မှ ဦးတင့်ဆွေက ပြောသည်။

အဆိုပါ နယ်စပ်ချောင်းမှ ရေတားထားခြင်းများမှာ ဥပဒေနှင့် မညီညွတ်သဖြင့် အားလုံးဖယ်ရှားပေးရန် တာချီလိတ်မြို့မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံတာဝန်ရှိသူများထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံအနေနဲ့ နယ်စပ်ချောင်းမှာ ဘယ်လိုအတားအဆီးမှ လာလုပ်တာကို လက်မခံနိုင်တဲ့အကြောင်း ထိုင်းနိုင်ငံဘက်ကို အကြောင်းကြားထားပြီးဖြစ်ပါတယ်။ မနေ့က( ဖေဖော်ဝါရီလ ၂၁ရက်နေ့) အစည်းအဝေး မှာလည်း ရှင်းရှင်းလင်းလင်း အသိပေးထားပြီး ဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ထိုင်းနို်င်ငံ မယ်ဆိုင်မြို့မှ လယ်သမားများက ဖေဖော်ဝါရီလ (၁၆) ရက်နေ့ နံနက် (၉)နာရီတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် တစ်ကြိမ်ရေတားများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ်က ရေတားများပြုလုပ်မှုနှင့် ပတ်သက်၍ မြန်မာနှင့် ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC)တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီလ (၂၁) ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းလယ်သမားများသည် စိုက်ပျိုးရေအတွက် မယ်ဆိုင်ချောင်းအား ရေတားကာ စိုက်ပျိုးရေရယူရာတွင် ခွင့်ပြုချက် မတောင်းဘဲ လုပ်ဆောင်လေ့ရှိသဖြင့် နှစ်နိုင်ငံကြား တာဝန်ရှိသူများ ညှိနှိုင်းဖြေရှင်းရလေ့ ရှိကြောင်း သိရသည်။

ထိုင်းလယ်သမားများသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့နှင့် ဇန်နဝါရီလ (၁၃)ရက်နေ့များကလည်း ချောင်းအတွင်း ရေတားများလုပ်ဆောင်ရန် စုရုံးခဲ့သဖြင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သွားရောက် ကန့်ကွက်ခဲ့သဖြင့် လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ဝါးလုံးများဖြင့် ရေတားများ စတင်ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~