ကယားပြည်နယ် ရှားတောမြို့တွင် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ ညနေပိုင်းက အသက်လေးဆယ်ကျော် အရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်ပွားကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
သေဆုံးသူ အမျိုးသားမှာ၎င်း၏ ဇနီးနှင့်အတူ ထမင်းစားနေခဲ့ပြီး ထမင်းစားပြီးချိန် ဇနီးဖြစ်သူက အိမ်အောက်တွင် ပန်ကန်ဆေးနေစဉ် အိမ်ပေါ်ထပ်မှ တူမီးသေနတ်သံကြားရ၍ သွားရောက်ကြည့်ရှုရာ သေနတ်မှန်ဒဏ်ရာဖြင့် လဲကျသေဆုံးနေသည့် ခင်ပွန်းဖြစ်သူအား တွေ့ရခြင်းဖြစ်ကြောင်း၎င်း၏ ဇနီးထံမှ သိရသည်။
“သူတို့ မိသားစုက စားဝတ်နေရေးတော့ မပြေလည်ဘူး။ ပြီးတော့ ဆွေမျိုးတွေလည်း မရှိဘူးလို့ပြောတယ်။ ကလေးငါးယောက်ရှိတာ တစ်ယောက်ကတော့ ရှစ်တန်းတက်နပြေီ။ သူကကိုယ့်ဘာသာ သတ်သေတာပေါ့။ ပါးစပ်ထဲ တူမီးနဲ့ပစ်ထည့်လိုက်တဲ့ပုံပဲ ပါးစပ်တွေ ပြဲနေတာပေါ့ ”ဟု ရှားတောမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိချိန်တွင် သေဆုံးသူ အလောင်းအား ရှားတောမြို့နယ်ဆေးရုံတွင် ခွဲစိတ်စစ်ဆေးလျှက်ရှိပြီး၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ရှားတောမြို့နယ် ရဲစခန်းမှ စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။
သတင်း - ဆန်းဖြိုးထွန်း