ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ရောက်နေသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တာချီလိတ်မြို့ရှိ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအား ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့ နံနက် (၉)နာရီခွဲတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးက ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ၏ လုပ်ငန်း လမ်းစဉ်များကို ရှင်းလင်းအသိပေးပြီး ဒေသတွင်း လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ဒေသ၏ သက်ဆိုင်ရာ ဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးတို့က ဖြေကြားပြီး လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲများအား သက်ဆိုင်ရာ ဌာနများနှင့် ပြည်နယ်အစိုးရထံ လိပ်မူ၍ စာတင်ကြရန် ကိုလည်း ပြည်နယ်ဝန်ကြီးက တိုက်တွန်းသွားသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရ၏ မူဝါဒများ အကောင်အထည်ဖေါ်သည့် ဌာနဆိုင်ရာအသီးသီးအနေဖြင့် တည့်မတ်စွာ လုပ်ကိုင်ကြရန်၊ လုပ်ငန်းရှင်များ အပါအဝင် ပြည်သူလူထုအနေဖြင့် အခက်အခဲများအား ပြည်နယ်အစိုးရထံ တင်ပြကြရန်နှင့် လုပ်ငန်းရှင်များ အခွန်ဆောင်ခြင်းအပါအဝင် တရားဝင်လမ်းကြောင်းမှ လုပ်ဆောင်ကြရန် ပြည်နယ်ဝန်ကြီးက ပြောကြားလိုက်သည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ဇောင်းညီ
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးက ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ၏ လုပ်ငန်း လမ်းစဉ်များကို ရှင်းလင်းအသိပေးပြီး ဒေသတွင်း လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ဒေသ၏ သက်ဆိုင်ရာ ဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးတို့က ဖြကြေားပြီး လုပ်ငန်းရှင်များ အနဖြေင့် အခက်အခဲများအား သက်ဆိုင်ရာ ဌာနများနှင့် ပြည်နယ်အစိုးရထံ လိပ်မူ၍ စာတင်ကြရန် ကိုလည်း ပြည်နယ်ဝန်ကြီးက တိုက်တွန်းသွားသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်သည့် ဌာနဆိုင်ရာအသီးသီးအနဖြေင့် တည့်မတ်စွာ လုပ်ကိုင်ကြရန်၊ လုပ်ငန်းရှင်များ အပါအဝင် ပြည်သူလူထုအနဖြေင့် အခက်အခဲများအား ပြည်နယ်အစိုးရထံ တင်ပြကြရန်နှင့် လုပ်ငန်းရှင်များ အခွန်ဆောင်ခြင်းအပါအဝင် တရားဝင်လမ်းကြောင်းမှ လုပ်ဆောင်ကြရန် ပြည်နယ်ဝန်ကြီးက ပြောကြားလိုက်သည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ဇောင်းညီ